တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေကို ရန်ကုန်မြို့ကို လာရောက်ကြဖို့ အစိုးရဘက်က ဖိတ်ခေါ်လိုက်ပါတယ်။ မတ်လ ပထမပတ်ထဲမှာ စတင်မယ့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရတို့ကြား ဆွေးနွေးပွဲမှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ လောခီးလာ တိုင်းရင်းသားပေါင်းစုံ ညီလာခံမှာ သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေး မူဝါဒတွေ အပေါ်မှာ ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ မသိဂီၤထိုက်က ပြောပြပေးမှာပါ။
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အကြိုညှိနှိုင်းမှုအဖြစ်နဲ့ လာမယ့် မတ်လမှာ တွေ့ဆုံ ညှိနှိုင်းကြဖို့ အစိုးရဘက်က ကမ်းလှမ်းလာတဲ့ အကြောင်း ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFCရဲ့တွဲဖက် အတွင်းရေးမှူး ဦးခွန်ဥက္ကာက ပြောပါတယ်။
"လောခီးလာ အစည်းအဝေးပြီးတဲ့အခါကျတော့ ကျနော်တို့ တိုင်းရင်းသားတွေ ရရှိလာတဲ့ အခြေခံမူပေါ့၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ စာချုပ် အခြေခံမူတွေကို ဇန်နဝါရီလ ၂၉ရက်နေ့မှာ ချင်းမိုင်မြို့မှာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့အဖွဲ့ကို လက်ဝယ်ပေးအပ်ခဲ့ ပါတယ်။ ပေးအပ်ပြီးတဲ့နောက်မှာ တနေ့တာ အမေးအဖြေတွေလုပ်ကြပြီးတော့ ကျနော်တို့ရဲ့ အခြေခံမူကို သယ်ဆောင်ပြီးတော့ ပြည်ထောင်စု ဝန်ကြီးနဲ့အဖွဲ့က ပြန်သွားပါတယ်။ ပြန်သွားပြီးနောက်ပိုင်းမှာ ကျနော်တို့ကို အပြန်အလှန်ဆွေးနွေးနိုင်ဖို့ ထပ်မံပြီး ချိန်းဆိုတာဖြစ်ပါတယ်။
အဲ့တာကတော့ ပြည်တွင်းကိုသွားဖို့ ကျနော်တို့ ရန်ကုန်မြို့ကို သွားဖို့ဖြစ်ပါတယ်။ မတ်လ ပထမပတ်လို့ ပြောပါတယ်ခင်ဗျ။ ကျနော်တို့က အဲ့သလို ချိန်းဆိုပြီးနောက်မှာ ကျနော်တို့က အားလုံး ကိုယ်စားလှယ်ကိုးဦးပေါ့လေ။ ရုံးအဖွဲ့နှစ်ဦး၊ ကိုယ်စားလှယ် ခုနှစ်ဦး၊ ကိုးဦးအဖွဲ့ကို ကျနော်တို့ ရွေးပြီးတော့ ပထမကြိုတင်ညှိတဲ့ရက် က ၁၆၊ ၁၇ ဖေဖော်ဝါရီလ နောက်တခါ ၂၂၊ ၂၃ ဖေဖော်ဝါရီလ အဲ့ဒီ့ရက်တွေ အားလုံးမှာ ကျနော်တို့ အဆင်သင့်ပဲ သွားဖို့။ သို့သော်လည်းပဲ ထပ်မံရွှေ့ဆိုင်းတဲ့အတွက် မတ်လ ပထမပတ်ဖြစ်လာတာပေါ့လေ။ ဒီအတွက်လည်းပဲ ကျနော်တို့က အဆင်သင့်ရှိပါတယ်။"
ဒါဟာဆိုရင် ကရင်ပြည်နယ် လောခီးလာမှာ တိုင်းရင်းသားအဖွဲ့တွေ သဘောတူခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး မူဝါဒတွေကို ဒုတိယအကြိမ် အစိုးရနဲ့ညှိနှိုင်းကြမှာဖြစ်ပါတယ်။ အခုညှိနှိုင်းမှုကနေ ရလာတဲ့ ရလာဒ်ပေါ်မူတည်ပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ကရင်ပြည်နယ် ဘားအံမြို့မှာ ဘယ်နေ့မှာ ကျင်းပမယ်ဆိုတာလည်း သိရမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စတာကင်တာနားက သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ် အပြီးသတ်ချိန် လာမယ့် ဧပြီလလောက်မှာ တမျိုးသားလုံးအပစ်အခတ်ရပ်စဲနိုင်မယ့် အလားအလာရှိနေတယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။
နောက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဦးဆောင်နေတဲ့ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းကလည်း ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ် ရေးထိုးပြီးချိန်မှာ ဘက်ပေါင်းစုံ ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ ချက်ချင်း စတင်ဖို့ အစိုးရဘက်က သန္ဓိဌာန်ချထားတယ်လို့ ပြောဆိုတဲ့ အကြောင်းလည်း မစ္စတာ ကင်တားနားက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ် ကောင်စီရဲ့ တွဲဖက် အတွင်းရေးမှူး ဦးခွန်ဥက္ကာကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ရနိုင်ဖို့ ဆိုတဲ့အပေါ်မှာ သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။
"အင်မတန် ခက်ခဲတဲ့ မေးခွန်းဖြစ်ပါတယ်။ ကျနော် မခန့်မှန်းနိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီလို ခန့်မှန်းရတယ်ဆိုတာက ကျနော်တို့ရဲ့ တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်ဆဲရေး စာချုပ်မှာပါတဲ့ ကျနော်တို့ကတော့ လော်ခီးလာမှာ ညီညီညွတ်ညွတ်နဲ့ ကျနော်တို့ လိုချင်တဲ့ အတိုင်း တင်ပြပြီးသား ဖြစ်တော့ ကျနော်တို့ တင်ပြထားတဲ့ အချက်တွေက ကျနော်တို့ ဘက်က တညီတညွတ်တည်း ဘုံသဘောထား ဖြစ်နေပြီးသား ဆိုတော့ ကျနော်တို့ဘက်က ရပြီလို့တော့ ပြောနိုင်တာပေါ့။ သို့သော် တဖက်က ပြည်ထောင်စု အစိုးရရယ်၊ တပ်မတော်ရယ် ၊ လွှတ်တော်ရယ် အင်အားစုတွေက ရှိသေးတော့ ဒီအင်အားစုတွေဘက်ကလည်း သူတို့ရဲ့ အမြင် သဘောထား ပြင်ဆင်ချက်တွေနော် ကျနော်တို့ အပြန်အလှန် ညှိနှိုင်းဖို့ တွေက လိုနေတယ်။ လိုနေတော့ အဲဒီလို ညှိနှိုင်းတဲ့ဟာ အချိန် ဘယ်လောက် လိုမလဲဆိုတာ ကျနော်တို့ မသိဘူး။"
မြန်မာအစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တို့ကြား တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးနိုင်ဖို့ အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ ကချင်ပြည်နယ် လိုင်ဇာမှာ ပထမဆုံး အကြိမ် တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံကို ကျင်းပပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်ဆဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) ကို ဖွဲ့စည်းခဲ့ကြပါတယ်။ အဲဒီနောက် ကရင်ပြည်နယ် လော်ခီးလာမှာ ကျင်းပတဲ့ တိုင်းရင်းသား ပေါင်းစုံ ဒုတိယ အကြိမ် ညီလာခံကနေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အများစုရဲ့ အပစ်အခတ်ရပ်စဲရေး မူဝါဒတွေကို ချမှတ်နိုင်ခဲ့တာ ဖြစ်ပြီး အခုအချိန်မှာတော့ တိုင်းရင်းသားတွေဘက်က ချမှတ်ထားတဲ့ မူဝါဒတွေကို အစိုးရနဲ့ညှိနှိုင်းနေကြတာ ဖြစ်ပါတယ်။