သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် သမ္မတ Trump ရဲ့ ပြည်ဝင်ခွင့်ဗီဇာကန့်သတ်ချက် အမေရိကန်ရှေ့နေအမြင်


အမေရိကန် သမ္မတ Donald Trump အစိုးရက ဇန်နဝါရီလကုန်မှာ ထုတ်ပြန်လိုက်တဲ့ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်တဲ့ ခြောက်နိုင်ငံစာရင်းအသစ်မှာ မြန်မာကို ထည့်သွင်းခဲ့တဲ့အတွက် immigrant ဗီဇာ လျောက်ဖို့ ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံသားတွေ အပေါ် ဒီကန့်သတ်ချက်တွေက ချက်ချင်း ဘယ်လို အကျိူးသက်ရောက်မှုတွေရှိမလဲ။

Zawgyi/ Unicode
မြန်မာအပေါ် သမ္မတ Trump ရဲ့ ပြည်ဝင်ခွင့်ဗီဇာကန့်သတ်ချက် အမေရိကန်ရှေ့နေအမြင်

အမေရိကန် သမ္မတ Donald Trump အစိုးရက ဇန်နဝါရီလကုန်မှာ ထုတ်ပြန်လိုက်တဲ့ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်တဲ့ ခြောက်နိုင်ငံစာရင်းအသစ်မှာ မြန်မာကို ထည့်သွင်းခဲ့တာပါ။ ဒါကြောင့် ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး မြန်မာနိုင်ငံသားတွေအတွက်ရွှေ့ပြောင်း အခြေစိုက် immigrant ဗီဇာနဲ့ ဒီဗီ ဗီဇာတွေ ထုတ်ပေးတော့မှာ မဟုတ်ဘူးလို့ ရန်ကုန်အမေရိကန်သံရုံးက ကြေညာချက်ထုတ်ပြန်ထားပါတယ်။ တစ်ဦးယောက်ချင်းစီရဲ့ အကြောင်းကိစ္စပေါ်မူတည်ပြီး ဖြေလျှော့ ကင်းလွတ်ခွင့် အကန့်အသတ်နဲ့ ပေးကောင်း ပေးနိုင်တယ်လို့တော့ ဖေါ်ပြထားပါတယ်။
မြန်မာ အပါအဝင် နိုင်ငံအနှံအပြားမှာ ရောက်ရှိနေပြီးအမေရိကန် immigrant ဗီဇာ လျောက်ဖို့ ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံသားတွေ အပေါ် ဒီကန့်သတ်ချက်တွေက ချက်ချင်း ဘယ်လို အကျိူးသက်ရောက်မှုတွေရှိမလဲ။ အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့က အမေရိကန်ရှေ့နေ Nathan Waxman ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG