သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတ ရွေးချယ်မှု တိုင်းရင်းသားများ တုံ့ပြန်ချက်

အမျိုးသားလွှတ်တော်အစု အဖွဲ့ကနေ ဒုတိယသမ္မတလောင်းအဖြစ် NLD ကတင်သွင်းလိုက်တဲ့ ချင်းတိုင်းရင်းသား ဦးဟင်နရီ ဗန်ထီးယူ
1/12 အမျိုးသားလွှတ်တော်အစု အဖွဲ့ကနေ ဒုတိယသမ္မတလောင်းအဖြစ် NLD ကတင်သွင်းလိုက်တဲ့ ချင်းတိုင်းရင်းသား ဦးဟင်နရီ ဗန်ထီးယူ
ပြည်သူ့လွှတ်တော်အစုအဖွဲ့ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တင်သွင်းတဲ့ ဒုတိယသမ္မတလောင်း ဦးထင်ကျော်။
2/12 ပြည်သူ့လွှတ်တော်အစုအဖွဲ့ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တင်သွင်းတဲ့ ဒုတိယသမ္မတလောင်း ဦးထင်ကျော်။
ဒုတိယသမ္မတလောင်း ဦးဟင်နရီဗန်ထီးယူ
3/12 ဒုတိယသမ္မတလောင်း ဦးဟင်နရီဗန်ထီးယူ
ဒုတိယသမ္မတလောင်း ဦးခင်အောင်မြင့်
4/12 ဒုတိယသမ္မတလောင်း ဦးခင်အောင်မြင့်
ပြည်သူ့လွှတ်တော်မှာ သမ္မတလောင်း အမည်စာရင်းတင်သွင်း။
6/12 ပြည်သူ့လွှတ်တော်မှာ သမ္မတလောင်း အမည်စာရင်းတင်သွင်း။
အမျိုးသားလွှတ်တော်
7/12 အမျိုးသားလွှတ်တော်
ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဒေါ်ခင်စန်းလှိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်း
8/12 ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဒေါ်ခင်စန်းလှိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်း
Women dressed in the traditional clothes of the Sorbs carry the statue of Virgin Mary during a procession in the church in Rosenthal, Germany.
9/12 Women dressed in the traditional clothes of the Sorbs carry the statue of Virgin Mary during a procession in the church in Rosenthal, Germany.
ချင်းတိုင်းရင်းသားတဦးဖြစ်သူ ဦး Henry ဗန်ထီးယူကို အမျိုးသားလွှတ်တော်အစု အဖွဲ့ကနေ ဒုတိယသမ္မတလောင်းအဖြစ် NLD ကတင်သွင်း။
10/12 ချင်းတိုင်းရင်းသားတဦးဖြစ်သူ ဦး Henry ဗန်ထီးယူကို အမျိုးသားလွှတ်တော်အစု အဖွဲ့ကနေ ဒုတိယသမ္မတလောင်းအဖြစ် NLD ကတင်သွင်း။
ပြည်ခိုင်ဖြိုးပါတီ ဒုသမ္မတလောင်း အမည်စာရင်းတင်သွင်း
11/12 ပြည်ခိုင်ဖြိုးပါတီ ဒုသမ္မတလောင်း အမည်စာရင်းတင်သွင်း
သမ္မတလောင်းအဖြစ် တင်သွင်းခံရသူ ချင်းတိုင်းရင်းသား ဟင်နရီဗန်ထီးယူ
12/12 သမ္မတလောင်းအဖြစ် တင်သွင်းခံရသူ ချင်းတိုင်းရင်းသား ဟင်နရီဗန်ထီးယူ
Previous slide
Next slide

ဒီကနေ့ ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်အစုအဖွဲ့တို့ ကနေ အရွေးချယ်ခံ ဒုသမ္မတလောင်း အဖြစ် အမည်စာရင်းတွေကို သွင်းလိုက်ပါပြီ။ သမိုင်းဝင် စတင်ပြောင်းလဲမှု အနေနဲ့ အနိုင်ရ NLD ပါတီက ဒုသမ္မတလောင်း အမည်စာရင်း တင်သွင်းတာမှာ ပြည်သူ့လွှတ်တော်အတွက် အရပ်သားတယောက်ကို ဒုသမ္မတလောင်း အဖြစ် တင်သွင်းခဲ့သလို အမျိုးသားလွှတ်တော်အတွက်ကတော့ ခရစ်ယာန်ဘာသာ ကိုးကွယ်တဲ့ လူနည်းစုတိုင်းရင်းသားတဦးဖြစ်တဲ့ ချင်း လူမျိုးတဦး ကို ရွေးချယ်တင်သွင်းလိုက်ပါတယ်။ ဒီအပေါ်မှာ အခြားသော တိုင်းရင်း သားလူမျိုး လွှတ်တော်ကိုယ်စားလှယ်တွေမှာ အမြင်အမျိုးမျိုး တွေရှိနေပါတယ်။ ဒါတွေ ကို နေပြည်တော်မှာရောက်နေ တဲ့ ဗွီအိုအေ မြန်မာပိုင်း ကမေခက ပေးပို့ထား ပါတယ်။

ဒီကနေ့မှာတော့ အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ရဲ့ အရွေးချယ်ခံ ကိုယ်စားလှယ်တွေက ဒုသမ္မတလောင်းအနေနဲ့ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာလည်းဖြစ် အရပ်သားတဦးလည်းဖြစ်တဲ့ ဦးထင်ကျော်ကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းလိုက်ပါတယ်။

ဒီပြင် အမျိုးသားလွှတ်တော် အရွေးခံကိုယ်စားလှယ်တွေရဲ့ ဒုသမ္မတအနေနဲ့ မထင်မှတ်ထားတဲ့ ချင်းတိုင်းရင်းသား ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဟင်နရီဗန်ထီးယူကို ဒုသမ္မတလောင်းအဖြစ် အမည် စာရင်းတင်သွင်းလိုက်ပါတယ်။ ဒီလိုရွေးချယ်လိုက်တဲ့ အပေါ်မှာ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က သူ့အမြင်ကို အခုလိုပြောပါတယ်။

" မဲဆန္ဒများတဲ့အပေါ်မှာ မူတည်ပြီးတော့ ရွေးချယ်လိုက်တယ်ဆိုတော့ ခံစားချက် ကတော့ ရှိတာပေါ့ဗျာ။ ကျနော်ကလည်း တိုင်းရင်းသား လူမျိုးစုပါတီက ဖြစ်နေတော့ တိုင်းရင်းသားလူမျိုးစုပါတီကတော့ တယောက်ယောက် ကတော့ ဒုသမ္မတနေရာက ပါစေချင်တဲ့ဆန္ဒတော့ ရှိတာပေါ့။ တယောက်တော့ ပါစေချင်တယ် အခု ပါ မလာတော့ လည်း ကျနော်တို့က ဘယ်လိုမှ လောလောဆယ် မတတ်နိုင်တဲ့ အခြေအနေ ဖြစ်နေ တယ်။"

ဒီကနေ့မှာ ပြည်ခိုင်ဖြိုးပါတီကလည်း ဒီလွှတ်တော် ၂ခုအတွက် ဒုသမ္မတလောင်း အမည်စာ ရင်းတွေကို တင်သွင်းခဲ့ပါတယ်။ လက်ရှိ ဒုသမ္မတ လည်းဖြစ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာ စိုင်းမောက် ခမ်းကို ပြည်သူ့လွှတ်တော် အစုအဖွဲ့အတွက် ဒုသမ္မတလောင်းအဖြစ်တင်သွင်းခဲ့သလို အမျိုးသားလွှတ်တော် အစုအဖွဲ့အတွက် ကိုတော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်း လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦခင်အောင်မြင့်ကို ဒုတိယသမ္မတလောင်းတွေ အဖြစ်အသီးသီး အမည်စာရင်းတင်သွင်းလိုက်ကြပါတယ်။

ဒီလိုတင်သွင်းလာတာနဲ့ပတ်သတ်ပြီး ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးဝင်းက အခုလိုပြောပြပါတယ်။

"ဒီမိုကရေစီကျကျ ဝိုင်းစဉ်းစားကြမှာပဲလေ။ သူ့ဘက်ကလည်း သင့်တော်လို့ အရည်အချင်းပြည့်လို့ တင်တယ်။ ကျနော်တို့ကလည်း ကျနော်တို့ဘက်ကနေ စွမ်းရည်ရှိမယ့်သူတွေ နိုင်ငံအတွက် စေတနာထားပြီး လုပ်နိုင်မယ့်သူတွေ ကျနော်တို့ ရွေးပေးတာပဲဗျ။ "

NLD ပါတီအနေနဲ့ အမျိုးသားရင်ကြားစေ့ရေးကို အခြေခံကာ ဒုသမ္မတလောင်းတွေ ရွေးချယ်ရာ မှာ တိုင်းရင်းသားပါတီတခုက ပါတီဝင် တဦးကို ရွေးချယ်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုထွက်ပေါ်ခဲ့ပေမယ့် လက်ရှိမှာ တိုင်းရင်းသားပါတီက မရွေးချယ်ခဲ့တဲ့ အပေါ်မှာ ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်ခမ်းကတော့ NLD ပါတီရွေးချယ်မှုကို လက်ခံကြိုဆိုပါကြောင်းနဲ့ လက်ရှိရွေးချယ်မှုအပေါ် သူ့အမြင်ကို အခုလိုပြောပါတယ်။

"ကျနော် တို့ဘက် သမ္မတဖြစ်မှ ၊ ဒုသမ္မတတွေ ဖြစ်မှသာ အမျိုးသားရင်ကြားစေ့ရေးဖြစ်မယ်လို့ ကျနော်တို့ ခံယူချက်မျိုး မရှိပါဘူး။ အမျိုးသားရင်ကြားစေ့ရေးကိစ္စဟာ သမ္မတ၊ ဒုသမ္မတဖြစ်မှသာ လုပ်နိုင်မယ်ဆိုတာ မဟုတ်ပါဘူး။ အဲ့လိုတော့ပြောချင်တယ်။"

ဒီ ဒုသမ္မတလောင်းတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတရွေးချယ် စိစစ်ရေးအဖွဲ့က သမ္မတဖြစ်နိုင်မဖြစ်နိုင်ကို စစ်ဆေးမှာပါ။ ဒီအဖွဲ့ကိုလွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ ဒုဥက္ကဋ္ဌ ၂ ဦး၊ ပြည်သူနဲ့ အမျိုးသားလွတ်တော်က ကိုယ်စားလှယ် ၂ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၁ ဦးနဲ့ ဖွဲ့စည်းရမှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒဂုံမြို့သစ် အရှေ့ပိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိူးအောင်နဲ့ အမျိုးသား လွှတ်တော်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်းတို့ကို ဒီစိစစ်ရေးအဖွဲ့ဝင်အဖြစ် မဲပေးရွေးချယ်ခဲ့ပါတယ်။ တပ်မတော်သားဘက်ကတော့ ဒီစိစစ်ရေးအဖွဲ့ဝင်အတွက် ဘယ်တပ်မတော်သား ကိုယ်စားလှယ်ပါဝင်မလဲ ဆိုတာ ခုထိမသိသေးပါဘူး။

ဒါ့အပြင် လက်ရှိမှာ သမ္မတရွေးချယ်စိစစ်ရေးအဖွဲ့က ဒုသမ္မတလောင်းတွေကို စိစစ်ရတော့မှာဖြစ်ပေမယ့် လက်ရှိချိန်ထိ တပ်မတော်သားအစု အဖွဲ့ဘက်က တင်ပြလာတဲ့ ဒုသမ္မတလောင်းအမည်စာရင်းကို ထုတ်ပြန်ခြင်းလည်းမရှိသေး ပါဘူး။ သမ္မတရွေးချယ်စိစစ်ရေးအဖွဲ့ဝင် တဦး ဖြစ်တဲ့ ဦးဗမျိုးသိန်းကလည်း တပ်မတော်သား ကိုယ်စားလှယ်ဘက်က ဘယ်သူ့ကို ဒုသမ္မတလောင်းအမည်စာရင်း တင်သွင်း ထားသလဲ ဆိုတာကို သူ့အနေနဲ့မသိရှိရ သေးကြောင်း ပြောပါတယ်။ လုပ်ဆောင်ရမယ့် စိစစ်ရွေးချယ်မှု လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး သူကခုလိုပြောပါတယ်။

" ပြည်သူ့လွှတ်တော်တခုချင်းရှိမယ်။ အမျိုးသားလွှတ်တော်တခုချင်းပေါ့။ တင်လာတဲ့ ဒုတိယသမ္မတလောင်းတွေပေါ့။ အဲ့တာတွေကို အသေးစိတ်စစ်ပေးရမှာပေါ့။ စိစစ် စစ်ဆေးပြီးလို့ အဆင်ပြေသွားပြီ အကုန်လုံး Clear ဖြစ်သွားလို့ သက်ဆိုင်ရာ လွှတ်တော်အလိုက် ပြည်ထောင်စုလွှတ်တော်မှာ ပေါင်းပြီးတော့ မဲပေးရမှာပေါ့။ ပြည်ထောင်စု လွှတ်တော် Process ပေါ့။ အဲ့ဒီ့ Process မရောက်ခင်မှာ ပြည်သူ့လွှတ်တော်မှာ ဒုတိယသမ္မတလောင်းနှစ်ယောက် တက်လာတယ်။ နောက် အမျိုးသားလွှတ်တော်မှာလည်း ဒုတိယ သမ္မတလောင်း နှစ်ယောက် တက်လာတယ်။ ယှဉ်ပြိုင်မှုအရ ရွေးချယ်ပေးရမယ်။

အဲ့မှာ ပြည်သူ့လွှတ်တော်က တယောက် တက်လာမယ်။ ဒုတိယ သမ္မတလောင်း။ အမျိုးသား လွှတ်တော်က သမ္မတလောင်းတယောက် တက်လာမယ်။ ဒုတိယ သမ္မတလောင်း။ နောက်တခါ တပ်မတော်အစုအဖွဲ့က တယောက်တက်လာမယ်။ ဒုတိယ သမ္မတလောင်း ။ အဲ့ဒီ့ဒုတိယ သမ္မတလောင်း သုံးယောက် ထဲကမှ ပြည်ထောင်စု လွှတ်တော်မှာ မဲပေးပြီးတော့ ရွေးရမယ်။ မဲအများဆုံးလူ ကတော့ သမ္မတဖြစ်မယ်။ ဒုတိယ မဲအများဆုံးက ဒုတိယသမ္မတ (၁) ဖြစ်မယ်။ တတိယမဲအများဆုံးသူက ဒုတိယသမ္မတ(၂) ဖြစ်မယ်။ Process ကတော့ အဲ့လိုပါ။"

ဒီကနေ့ မနက်ပိုင်းဒုတိယသမ္မတလောင်းနာမည်စာရင်းကို လွှတ်တော်မှာ မတင်သွင်းခင်မှာ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြည်သူလူထုရဲ့ ဆန္ဒတွေကို အပြည့်အဝ အကောင်အထည် မဖော်နိုင်ခင်မှာ အေးချမ်းတည်ငြိမ်စွာ လိုရာပန်းတိုင်ရောက်ဖို့ ပြည်သူတွေ ဘက်က ဉာဏ်ပညာ အမြော်အမြင်ကြီး စွာနဲ့ ဝန်းရံပေးဖို့ မေတ္တာရပ်ခံပန်ကြားခဲ့ပါတယ်။ ဒီကနေ့ ဒုသမ္မတလောင်း အမည် စာရင်းတွေကို လွှတ်တော် ၂ရပ်မှာ တင်သွင်းခဲ့ချိန်မှာ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်တဲ့ လက်မှတ်ရေးထိုးခဲ့ပေ မယ့် ပြည်သူ့လွှတ်တော် အစည်းဝေး တက်ရောက်ခဲ့တာ မရှိခဲ့ပါဘူး။

XS
SM
MD
LG