သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဒု-သမ္မတလောင်းရွေးပုံ ကန်ပညာရှင်တွေ ကြိုဆို

အမျိုးသားလွှတ်တော်အစု အဖွဲ့ကနေ ဒုတိယသမ္မတလောင်းအဖြစ် NLD ကတင်သွင်းလိုက်တဲ့ ချင်းတိုင်းရင်းသား ဦးဟင်နရီ ဗန်ထီးယူ
1/12 အမျိုးသားလွှတ်တော်အစု အဖွဲ့ကနေ ဒုတိယသမ္မတလောင်းအဖြစ် NLD ကတင်သွင်းလိုက်တဲ့ ချင်းတိုင်းရင်းသား ဦးဟင်နရီ ဗန်ထီးယူ
အသေးစိတ် ဖတ်ရှုရန် Show less
ပြည်သူ့လွှတ်တော်အစုအဖွဲ့ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တင်သွင်းတဲ့ ဒုတိယသမ္မတလောင်း ဦးထင်ကျော်။
2/12 ပြည်သူ့လွှတ်တော်အစုအဖွဲ့ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တင်သွင်းတဲ့ ဒုတိယသမ္မတလောင်း ဦးထင်ကျော်။
အသေးစိတ် ဖတ်ရှုရန် Show less
ဒုတိယသမ္မတလောင်း ဦးဟင်နရီဗန်ထီးယူ
3/12 ဒုတိယသမ္မတလောင်း ဦးဟင်နရီဗန်ထီးယူ
အသေးစိတ် ဖတ်ရှုရန် Show less
ဒုတိယသမ္မတလောင်း ဦးခင်အောင်မြင့်
4/12 ဒုတိယသမ္မတလောင်း ဦးခင်အောင်မြင့်
အသေးစိတ် ဖတ်ရှုရန် Show less
An Cafke Maganin Jabu
5/12 An Cafke Maganin Jabu
အသေးစိတ် ဖတ်ရှုရန် Show less
ပြည်သူ့လွှတ်တော်မှာ သမ္မတလောင်း အမည်စာရင်းတင်သွင်း။
6/12 ပြည်သူ့လွှတ်တော်မှာ သမ္မတလောင်း အမည်စာရင်းတင်သွင်း။
အသေးစိတ် ဖတ်ရှုရန် Show less
အမျိုးသားလွှတ်တော်
7/12 အမျိုးသားလွှတ်တော်
အသေးစိတ် ဖတ်ရှုရန် Show less
ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဒေါ်ခင်စန်းလှိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်း
8/12 ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဒေါ်ခင်စန်းလှိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်း
အသေးစိတ် ဖတ်ရှုရန် Show less
Women dressed in the traditional clothes of the Sorbs carry the statue of Virgin Mary during a procession in the church in Rosenthal, Germany.
9/12 Women dressed in the traditional clothes of the Sorbs carry the statue of Virgin Mary during a procession in the church in Rosenthal, Germany.
အသေးစိတ် ဖတ်ရှုရန် Show less
ချင်းတိုင်းရင်းသားတဦးဖြစ်သူ ဦး Henry ဗန်ထီးယူကို အမျိုးသားလွှတ်တော်အစု အဖွဲ့ကနေ ဒုတိယသမ္မတလောင်းအဖြစ် NLD ကတင်သွင်း။
10/12 ချင်းတိုင်းရင်းသားတဦးဖြစ်သူ ဦး Henry ဗန်ထီးယူကို အမျိုးသားလွှတ်တော်အစု အဖွဲ့ကနေ ဒုတိယသမ္မတလောင်းအဖြစ် NLD ကတင်သွင်း။
အသေးစိတ် ဖတ်ရှုရန် Show less
ပြည်ခိုင်ဖြိုးပါတီ ဒုသမ္မတလောင်း အမည်စာရင်းတင်သွင်း
11/12 ပြည်ခိုင်ဖြိုးပါတီ ဒုသမ္မတလောင်း အမည်စာရင်းတင်သွင်း
အသေးစိတ် ဖတ်ရှုရန် Show less
သမ္မတလောင်းအဖြစ် တင်သွင်းခံရသူ ချင်းတိုင်းရင်းသား ဟင်နရီဗန်ထီးယူ
12/12 သမ္မတလောင်းအဖြစ် တင်သွင်းခံရသူ ချင်းတိုင်းရင်းသား ဟင်နရီဗန်ထီးယူ
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

မြန်မာနိုင်ငံရဲ့ ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေ မတ်လ ၁၀ ရက်နေ့က ဒုသမ္မတ အမည်တွေ တင်သွင်းခဲ့တာနဲ့ပတ်သက်ပြီး - မှန်ကန်တဲ့ ရွေးချယ်မှုတွေအဖြစ် အမေရိကန် အခြေစိုက် မြန်မာ့အရေးသုံးသပ်သူတွေက ကြိုဆိုလိုက်ကြပါတယ်။ အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ တိုင်းရင်းသားတွေကို နေရာပေး ခန့်အပ် လာတာဟာလည်း ထူးခြားမှုတခု အဖြစ် သူတို့က ပြောဆိုခဲ့ကြတာပါ။ စိန်ခေါ်မှုတွေလည်း ရှိနေဆဲဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအပေါ် သတိထား ကြိုဆိုခဲ့ကြတာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက ပြောပြပါမယ်။

သမိုင်းဝင်အပြောင်းအလဲလို့ ခေါ်ဆိုနိုင်တဲ့ - မတ်လ ၁၀ ရက်နေ့က NLD ကနေ ပြည်သူ့လွှတ်တော်အတွက် ဦးထင်ကျော်ကို ဒုသမ္မတအမည် တင်သွင်းခဲ့ပြီး၊ အမျိုးသားလွှတ်တော်အတွက် ချင်းတိုင်းရင်းသားဖြစ်တဲ့ ဟင်နရီ ဗန်ထီးယူ ကို ဒုသမ္မတအဖြစ် အမည်စာရင်းတင်သွင်းခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်းကူးပြောင်းရေး အကဲဆတ်လွန်းတဲ့ ကာလမှာ သတိထားဆောင်ရွက်နေရ တဲ့ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရွေးချယ်မှုဟာ မှန်ကန်တယ်လို့ ဆိုခဲ့သူကတော့ - Carnegie Center က အာရှရေးရာ အကြီးတန်းသုတေသီ Vikram Nehru ဖြစ်ပါတယ်။

“သေချာပေါက် အလုပ်ဖြစ်မှာပါ။ အထူးသဖြင့် ပြည်သူ့လွှတ်တော် အတွက် ရွေးချယ်ထားတဲ့ ဦးထင်ကျော်ဟာဆိုရင် အင်မတန်မှာ ဖြောင့်မတ်သူအဖြစ် ဂုဏ်သိက္ခာကြီးမားသူ၊ ဒေါ်အောင်ဆန်းစုကြည် က ယုံကြည် အားကိုးတဲ့သူ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ သူဟာ အင်မတန်မှ ချဉ်းကပ်ရ လွယ်ကူတဲ့သူ၊ လူတွေသဘောကျတဲ့သူ ဖြစ်တာကြောင့် လွှတ်တော်နဲ့ မြန်မာလူထု ရဲ့ ချစ်ခင်လေးစားမှုနဲ့ အုပ်ချုပ်နိုင်မယ့်လူစားမျိုးပါ။ ဒါကြောင့်လည်း အင်မတန်ကောင်းတဲ့ ရွေးချယ်မှုလို့ ယူဆပါတယ်။ အမျိုးသားလွှတ်တော် အတွက် ရွေးချယ်ခဲ့သူဟာ ချင်းတိုင်းရင်းသား တဦး ဖြစ်နေတာ ဟာလည်း အရေးကြီးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားတွေကို လက်ကမ်းဖို့ ကြိုးစားနေတယ် ဆိုတာဟာလည်း ရှင်းပါတယ်။”

ဒါ့အပြင် သမ္မတအထက်မှာ နေမယ်လို့ ပြောထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ NLD ပါတီ အစိုးရကို စီမံခန့်ခွဲနိုင်မယ်၊ နိုင်ငံရေး၊ စီးပွားရေး အရေးကြီးတဲ့ ကိစ္စတွေကို ဆုံးဖြတ်နိုင်မယ်၊ မတူကွဲပြားတဲ့ အုပ်စုတွေကို စုစည်းနိုင်မယ် ဆိုရင်တော့ အောင်မြင်တဲ့ အစိုးရတရပ် ဖြစ်လာနိုင်တယ် လို့လည်း Vikram Nehru က ပြောဆိုခဲ့ပါတယ်။

အလားတူ George Washington တက္ကသိုလ်ပါမောက္ခ ခရစ်တီးနား ဖလင့်ခ် ကလည်း - သင့်တော်တဲ့ရွေးချယ်မှုလို့ ယူဆသူပါ။ ပြည်သူ့လွှတ်တော် အတွက် ရွေးချယ်ခဲ့တဲ့ ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အချိန်အတော်ကြာကတည်းက လက်တွဲလုပ်ဆောင်လာသူဖြစ်ပြီး၊ ယုံကြည်စိတ်ချရဆုံး လူပုဂ္ဂိုလ်တယောက်လည်း ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနိုင်ဖို့နဲ့ ယုံကြည်မှု တည်ဆောက် နိုင်ဖို့လို သူတို့နှစ်ယောက်စလုံးအတွက် စိန်ခေါ်ချက်တွေကတော့ ရှိနေမှာဖြစ်တယ်လို့လည်း ပါမောက္ခ ခရစ်တီးနား ဖလင့်ခ်က သုံးသပ်ခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသားလွှတ်တော်အတွက် ချင်းတိုင်းရင်းသား ဟင်နရီ ဗန်ထီးယူ ကို ရွေးချယ်မှုလို အရေးပါတဲ့ ရာထူးနေရာတွေမှာ တိုင်းရင်းသားတွေကို ခန့်အပ်လာတာဟာလည်း ရှေ့ဦးလက္ခဏာ ထူးခြားမှုတခုအဖြစ် Vikram Nehru ရော၊ ပါမောက္ခ ခရစ်တီးနားဖင့်ခ် ပါ ယူဆခဲ့ကြပါတယ်။ အနာဂတ်မှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရဖို့အထိ ကြိုးစားမှုလို့ သူတို့က ဆိုခဲ့ပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ်မှာ အစိုးရအဖွဲ့ဖွဲ့ပြီး၊ အဲဒီအချိန်တုန်းက တပ်မတော် အကြီးအကဲကိုလည်း ကရင်တိုင်းရင်းသားတဦးကို ခန့်အပ်ခဲ့တာကို သတိယမိပါတယ်။ တိုင်းပြည်မှာရှိတဲ့ တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့၊ အားလုံးပါဝင်ခွင့်ရမယ့် အစိုးရတရပ်ကို သူ့အနေနဲ့ ယုံကြည် တယ်ဆိုတာကို ဖခင်ဖြစ်သူ လက်ထက်တုန်းကလို ပြသလိုက်တာလို့ပဲ ထင်ပါတယ်။ ဒါဟာ တကယ့်ကို အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ရပ်ပါ။”

ပါမောက္ခ ခရစ်တီးနားဖင့်ခ် ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း စစ်အစိုးရ လက်ထက်က ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေထဲက ပုဒ်မ ၅၃ (စ)အရ မြန်မာနိုင်ငံ ရဲ့ နောင်တက်လာမယ့် သမ္မတရာထူး အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အမည်တင်သွင်းနိုင်ခြင်းမရှိတဲ့အပေါ် အများက စိတ်မကောင်း ဖြစ်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း တနေ့မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာဖို့ ဆက်လက်ကြိုးစားသွားမယ်လို့ လွှတ်တော်အမတ်တွေက ပြောဆိုကြပါတယ်။

ဒါနဲ့ပတ်သက်လို့လည်း Carnegie Center က အာရှရေးရာ အကြီးတန်းသုတေသီ Vikram Nehru ကတော့ အခုလို ဆိုခဲ့ပါတယ်။

“စစ်တပ်အနေနဲ့ အခုအချိန်အထိတော့ အခြေခံဥပဒေကို ပြင်ဆင်နိုင်အောင် ပြုလွယ်ပြင်လွယ် လုပ်ချင်တဲ့ပုံမျိုး စစ်တပ်ဘက်က ပြသတာ မရှိသေးဘူး ဆိုတာကို သတိထားဖို့ အရေးကြီးပါတယ်။ မကြာခင်ကာလမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်အောင် အခြေခံဥပဒေကို ပြင်မှာ မဟုတ်ဘူး ဆိုတဲ့ အချက်ကိုတော့ လက်ခံထားဖို့လည်း လိုပါတယ်။ ဒါပေမဲ့လည်း အချိန်ကာလတခုမှာ နှစ်အတော်ကြာကြာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်၊ NLD အစိုးရအနေနဲ့ စစ်တပ်ရဲ့ ထောက်ခံမှု၊ ယုံကြည်မှု၊ လေးစားမှုတွေ ရလာတဲ့ အချိန်မျိုးမှာတော့ ဖြစ်လာနိုင်ချေရှိပါတယ်။”

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ကတော့ တည်ငြိမ်တဲ့ အပြောင်းအလဲတွေဖြစ်ပေါ်ဖို့နဲ့ NLD အစိုးရဖြစ်လာဖို့ အရေးကြီးတယ်လို့ မြင်နိုင်ပြီး၊ အခုလုပ်ဆောင်ချက်ဟာလည်း တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်အတွက် အလုပ်ဖြစ်လိမ့်မယ်ဆိုပြီး နိုင်ငံတကာက အသိအမှတ်ပြု လက်ခံသွားမှာပါလို့လည်း ပါမောက္ခ Chritina Fink က ပြောဆိုသွားခဲ့ပါတယ်

XS
SM
MD
LG