သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း





-------------------------
စစ်ကောင်စီရဲ့ အကျဉ်းသားလွတ်ငြိမ်းခွင့် လူ့အခွင့်ရေးအဖွဲ့တွေ ဝေဘန်

စစ်ကောင်စီက သူတို့ ဖမ်းဆီးထားသူတွေကို တနင်္လာနေ့က ခံဝန်နဲ့ ပြန်လွှတ်တဲ့ လုပ်ရပ်ကြောင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ သူတို့အပေါ်ရှိနေတဲ့ သဘောထားနဲ့ ဖိအားတွေ ပြောင်းလဲသွားဖို့မရှိကြောင်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက တုန့်ပြန်ပြောကြားလိုက်ပါတယ်။

အာဏာသိမ်းပြီးနောက် ထောင်နဲ့ချီအဖမ်းခံရသူတွေထဲ မနေ့က ၁၃၀၀ ကျော်ကို ခံဝန်နဲ့ ပြန်ပြီးလွှတ်ပေးခဲ့တာကြောင့် မကြာခင်ကျင်းပတော့မယ့် ထိပ်သီးစည်းဝေးပွဲနဲ့ ပတ်သက်လို့ အာဆီယံသဘောထား အပြောင်းအလဲရှိမလား။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အမြင်တွေ ဘယ်လိုရှိသလဲ။ HRW နဲ့ Progressive Voice တို့က တာဝန်ရှိသူတွေကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
XS
SM
MD
LG