သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္သတင္းသမားကိုလႊတ္ေပးသလို ထိန္းသိမ္းခံျမန္မာသတင္းသမားေတြ အတြက္လဲ စဥ္းစားသင္႔ (မီဒီယာေကာင္စီ တဲြဘက္အတြင္းေရးမွဴး)


Frontier Myanmar သတင္းခန္းအယ္ဒီတာ Danny Fenster ျပန္လည္လြတ္ေျမာက္လာစဥ္။

အေမရိကန္ သတင္းစာဆရာ ကို လႊတ္လိုက္ေပမဲ့ ျမန္မာ သတင္းစာဆရာ ၄၀ ဝန္းက်င္ ကေတာ့ ဖမ္းဆီးခံေနရဆဲ ျဖစ္ပါတယ္။ ဒီ အေပၚ မွာ ျမန္မာ သတင္းစာဆရာေတြ က ဘယ္လို ျမင္ပါသလဲ။ အာဏာ မသိမ္းမီ က မီဒီယာ ေကာင္စီ ရဲ႕ တြဲဘက္ အတြင္းေရးမႉး ဦးျမင့္ေက်ာ္ ကို ဦးတင္ေမာင္သန္း က ‌ေမးျမန္းထားပါတယ္။

ဦးတင္ေမာင္သန္း။ ။ အေမရိကန္သတင္းသမား လြတ္ေျမာက္သြားၿပီဆိုေတာ့ ဒါနဲ႔ ပတ္သက္လို႔ ကိုျမင့္ေက်ာ္ ဘယ္လိုမ်ား ေျပာခ်င္ပါသလဲ ခင္ဗ်။

ဦးျမင့္ေက်ာ္။ ။ ဟုတ္ကဲ့။ သူလြတ္ေျမာက္သြားတာ က်ေနာ္တို႔ ၀မ္းသာတယ္။ နဂိုကတည္းက ဒီလိုအဖမ္းခံရဖို႔၊ ျပစ္ဒဏ္ခ်မွတ္ခံရဖို႔ မသင့္ဘူး။ ဒီလိုခ်မွတ္ခံရတာေတြက မီဒီယာလြတ္လပ္ခြင့္ေရာ၊ က်န္တဲ့သတင္းသမားေတြအေပၚမွာေရာ ႀကီးမားတဲ့ သက္ေရာက္မႈေတြ ျဖစ္ေစတယ္။ ဒီလိုမ်ဳိး ေထာင္ဒဏ္ ၁၁ ႏွစ္ ခ်မွတ္ခံရတယ္ဆိုတဲ့ အစဥ္အလာမ်ဳိးေတြသာ သတင္းလြတ္လပ္ခြင့္ ေရာ၊ က်န္တဲ့ သတင္းသမားေတြအေပၚမွာ သက္ေရာက္မႈ မေကာင္းဘူး။ အခုလို အေမရိကန္ႏိုင္ငံသားအေနနဲ႔ လြတ္ေျမာက္တာ၊ သတင္းသမားအေနနဲ႔ လြတ္ေျမာက္တာ က်ေနာ္တို႔ ၀မ္းသာတယ္။ ဒါေပမဲ့ က်န္တဲ့ ျမန္မာသတင္းသမားေတြလည္း သတင္းအလုပ္ကို လုပ္ၿပီးေတာ့ ေထာင္ထဲမွာ ဖမ္းခံေနရတဲ့၊ တရားစဲြခံေနရတဲ့၊ ျပစ္ဒဏ္က်ခံေနရတဲ့ လူေတြအတြက္လည္း လြတ္ေျမာက္သင့္တယ္လို႔ က်ေနာ္တို႔ေတာ့ ထင္ပါတယ္။

ဦးတင္ေမာင္သန္း။ ။ စုစုေပါင္း ျမန္မာသတင္းသမား ဘယ္ႏွစ္ေယာက္ေလာက္မ်ား အဖမ္းအဆီးခံေနရလဲ။

ဦးျမင့္ေက်ာ္။ ။ အခုလက္ရွိ အထဲမွာ က်န္ေနတာက မွတ္သားထားတဲ့ စာရင္းအရ (၃၇)ေယာက္၊ (၃၈)ေယာက္ရွိပါတယ္။

ဦးတင္ေမာင္သန္း။ ။ မ်ားေသာအားျဖင့္ ဘယ္လိုစဲြခ်က္ေတြနဲ႔ အမႈတင္ခံရတာမ်ားလဲ ခင္ဗ်။
ဦးျမင့္ေက်ာ္။ ။ အမ်ားဆံုးကေတာ့ ၅၀၅-က ေပါ့။ ဒီအသစ္ျပဌာန္းတဲ့ ဥပေဒ။ သတင္းမွား ထုတ္လႊင့္တယ္တို႔၊ တပ္မေတာ္ကို အထင္အျမင္မွားေအာင္၊ ေနာက္တခု ႏိုင္ငံ့၀န္ထမ္းေတြ CDM လုပ္ေအာင္ ေသြးေဆာင္တယ္တို႔၊ ဒီပုဒ္မနဲ႔ စဲြဆိုတဲ့ ၅၀၅-က အမ်ားစု၊ ဒါေပမဲ့ ေနာက္ပိုင္း သတင္းသမားေတြမွာေတာ့ ၁၇ (၁) လိုမ်ဳိး ျပည္ပေရာက္အဖဲြ႕အစည္းေတြနဲ႔ ဆက္သြယ္တဲ့ဟာမ်ဳိးရွိလာသလို၊ ေနာက္တခုက အၾကမ္းဖက္ ပုဒ္မတို႔၊ ေပါက္ကဲြေစတတ္တဲ့ ပစၥည္းပုဒ္မတို႔၊ အဲဒါေတြနဲ႔ စဲြခံရတဲ့ လူအနည္းငယ္လည္းရွိတယ္။

ဦးတင္ေမာင္သန္း။ ။ မၾကာခဏဆိုသလိုပဲ သတင္းသမားေတြကို တရားစဲြဆိုတဲ့အခါမွာ ဆူပူလႈံေဆာ္မႈျပဳတယ္လို႔ ေျပာပါတယ္။ အဲေတာ့ သတင္းေရးသားျခင္းနဲ႔ ဆူပူလႈံေဆာ္မႈ ကဲြျပားျခားနာပံု ဘယ္လိုမ်ားရွိလဲ။

ဦးျမင့္ေက်ာ္။ ။ စစ္ေကာင္စီဘက္က သူတို႔က ယူဆတာက ဒီဆႏၵျပတဲ့ကိစၥေတြကို သတင္းေဖၚျပတဲ့ဟာကလည္း ဆူပူလႈံေဆာ္မႈကို အားေပးတယ္။ လံႈေဆာ္တယ္လို႔ သူတို႔က ယူဆတယ္။ တကယ္တမ္းၾကေတာ့ ႏိုင္ငံေရးျပႆနာက ဒီလိုဟာမ်ဳိးေတြျဖစ္ေနတဲ့ဟာကို ေဖၚျပတဲအခါမွာ သတင္းမီဒီယာက လံႈေဆာ္တာမဟုတ္ဘူး။ အျဖစ္အပ်က္ဘက္က ျဖစ္ေနတာ။ သို႔ေသာ္လည္း ဒီလိုအျဖစ္အပ်က္မ်ဳိးေတြ မေဖၚျပရဲေအာင္၊ လက္ေရွာင္ေအာင္လို႔ ဖိအားေပးတယ္လို႔ က်ေနာ္က ယူဆပါတယ္။

ဦးတင္ေမာင္သန္း။ ။ အခုလို Danny Fenster ကို လႊတ္လိုက္တဲ့အခါမွာ စစ္ေကာင္စီရဲ႕ ေျပာေရးဆိုခြင့္ရွိသူကေတာ့ လူသားခ်င္းစာနာေထာက္ထားမႈ အေျခခံေပၚကေန စဥ္းစားခဲ့တယ္လို႔ ေျပာပါတယ္။ ဆိုေတာ့ အေမရိကန္သတင္းသမားက ပဲ လူသားျဖစ္ၿပီး ျမန္မာ သတင္းသမားေတြက လူသားမျဖစ္ဘူးလို႔ မ်ား ဆိုလိုသလို ျဖစ္မသြားဘူးလား။

ဦးျမင့္ေက်ာ္။ ။ မွန္ပါတယ္။ တကယ္တမ္း သတင္းစာဆရာ အားလံုး ကိုယ္သတင္းအလုပ္ ကိုယ္လုပ္တဲ့ဟာေတြကို တရားစဲြတာ ဖမ္းဆီးတာ ေထာင္ခ်တာ၊ ျပစ္ဒဏ္ေပးတာတို႔ လုပ္တာဟာ သင့္ေလ်ာ္တဲ့ကိစၥမဟုတ္ဘူး။ ဒီဟာက တိုင္းျပည္ရဲ႕အနာဂတ္အတြက္ေရာ၊ သတင္းလြတ္လပ္ခြင့္အတြက္ေရာ၊ လူေနမႈအသိုင္းအဝိုင္းအတြက္ေရာ အားလံုးအတြက္ မေကာင္းတဲ့ အက်ဳိးဆက္ကို ျဖစ္ေစမွာပါ။ တကယ္တမ္းက်ေတာ့ သတင္းေဖၚျပမႈတခုက ျပစ္မႈနဲ႔ မညီဘူးလို႔ ယူဆတယ္ဆိုရင္ က်ေနာ္တို႔ တေလ်ာက္လံုးေျပာခဲ့သလိုပဲ complaint mechanism ဟာမ်ဳိးပဲ သံုးရမယ္။ ဘယ္အခ်က္အလက္က သတင္းက်င့္၀တ္နဲ႔ မညီဘူးဆိုတဲ့ဟာနဲ႔ တိုင္ၾကားတာမ်ဳိး၊ ဒီစနစ္မ်ဳိးကိုပဲ သံုးသင့္ပါတယ္။ ဒါေပမဲ့ ေဖေဖၚဝါရီလ ၁ ရက္ အာဏာသိမ္းၿပီး ေနာက္ပိုင္းမွာ ဒီယႏၲရားေတြ၊ ဒီစနစ္ေတြက အသံုးခ်မခံရေတာ့ပဲ၊ ပ်က္ျပားသြားၿပီးေတာ့၊ လြတ္လပ္တဲ့ အဖဲြ႕အစည္း မရွိေတာ့ပဲနဲ႔ အခုလိုမ်ဳိး ဖမ္းဆီး ေထာင္ခ်ခံရတဲ့နည္းနဲ႔ မီဒီယာကို ႏႈတ္ဆိတ္ေအာင္လုပ္တဲ့နည္းျဖစ္လာတာပါ။

----------------------------------------

ကန်သတင်းသမားကိုလွှတ်ပေးသလို ထိန်းသိမ်းခံမြန်မာသတင်းသမားတွေ အတွက်လဲ စဉ်းစားသင့် (မီဒီယာကောင်စီ တွဲဘက်အတွင်းရေးမှူး)

အမေရိကန် သတင်းစာဆရာ ကို လွှတ်လိုက်ပေမဲ့ မြန်မာ သတင်းစာဆရာ ၄၀ ဝန်းကျင် ကတော့ ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။ ဒီ အပေါ် မှာ မြန်မာ သတင်းစာဆရာတွေ က ဘယ်လို မြင်ပါသလဲ။ အာဏာ မသိမ်းမီ က မီဒီယာ ကောင်စီ ရဲ့ တွဲဘက် အတွင်းရေးမှူး ဦးမြင့်ကျော် ကို ဦးတင်မောင်သန်း က ‌မေးမြန်းထားပါတယ်။

ဦးတင်မောင်သန်း။ ။ အမေရိကန်သတင်းသမား လွတ်မြောက်သွားပြီဆိုတော့ ဒါနဲ့ ပတ်သက်လို့ ကိုမြင့်ကျော် ဘယ်လိုများ ပြောချင်ပါသလဲ ခင်ဗျ။

ဦးမြင့်ကျော်။ ။ ဟုတ်ကဲ့။ သူလွတ်မြောက်သွားတာ ကျနော်တို့ ဝမ်းသာတယ်။ နဂိုကတည်းက ဒီလိုအဖမ်းခံရဖို့၊ ပြစ်ဒဏ်ချမှတ်ခံရဖို့ မသင့်ဘူး။ ဒီလိုချမှတ်ခံရတာတွေက မီဒီယာလွတ်လပ်ခွင့်ရော၊ ကျန်တဲ့သတင်းသမားတွေအပေါ်မှာရော ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်စေတယ်။ ဒီလိုမျိုး ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရတယ်ဆိုတဲ့ အစဉ်အလာမျိုးတွေသာ သတင်းလွတ်လပ်ခွင့် ရော၊ ကျန်တဲ့ သတင်းသမားတွေအပေါ်မှာ သက်ရောက်မှု မကောင်းဘူး။ အခုလို အမေရိကန်နိုင်ငံသားအနေနဲ့ လွတ်မြောက်တာ၊ သတင်းသမားအနေနဲ့ လွတ်မြောက်တာ ကျနော်တို့ ဝမ်းသာတယ်။ ဒါပေမဲ့ ကျန်တဲ့ မြန်မာသတင်းသမားတွေလည်း သတင်းအလုပ်ကို လုပ်ပြီးတော့ ထောင်ထဲမှာ ဖမ်းခံနေရတဲ့၊ တရားစွဲခံနေရတဲ့၊ ပြစ်ဒဏ်ကျခံနေရတဲ့ လူတွေအတွက်လည်း လွတ်မြောက်သင့်တယ်လို့ ကျနော်တို့တော့ ထင်ပါတယ်။

ဦးတင်မောင်သန်း။ ။ စုစုပေါင်း မြန်မာသတင်းသမား ဘယ်နှစ်ယောက်လောက်များ အဖမ်းအဆီးခံနေရလဲ။

ဦးမြင့်ကျော်။ ။ အခုလက်ရှိ အထဲမှာ ကျန်နေတာက မှတ်သားထားတဲ့ စာရင်းအရ (၃၇)ယောက်၊ (၃၈)ယောက်ရှိပါတယ်။

ဦးတင်မောင်သန်း။ ။ များသောအားဖြင့် ဘယ်လိုစွဲချက်တွေနဲ့ အမှုတင်ခံရတာများလဲ ခင်ဗျ။
ဦးမြင့်ကျော်။ ။ အများဆုံးကတော့ ၅၀၅-က ပေါ့။ ဒီအသစ်ပြဌာန်းတဲ့ ဥပဒေ။ သတင်းမှား ထုတ်လွှင့်တယ်တို့၊ တပ်မတော်ကို အထင်အမြင်မှားအောင်၊ နောက်တခု နိုင်ငံ့ဝန်ထမ်းတွေ CDM လုပ်အောင် သွေးဆောင်တယ်တို့၊ ဒီပုဒ်မနဲ့ စွဲဆိုတဲ့ ၅၀၅-က အများစု၊ ဒါပေမဲ့ နောက်ပိုင်း သတင်းသမားတွေမှာတော့ ၁၇ (၁) လိုမျိုး ပြည်ပရောက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တဲ့ဟာမျိုးရှိလာသလို၊ နောက်တခုက အကြမ်းဖက် ပုဒ်မတို့၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းပုဒ်မတို့၊ အဲဒါတွေနဲ့ စွဲခံရတဲ့ လူအနည်းငယ်လည်းရှိတယ်။

ဦးတင်မောင်သန်း။ ။ မကြာခဏဆိုသလိုပဲ သတင်းသမားတွေကို တရားစွဲဆိုတဲ့အခါမှာ ဆူပူလှုံဆော်မှုပြုတယ်လို့ ပြောပါတယ်။ အဲတော့ သတင်းရေးသားခြင်းနဲ့ ဆူပူလှုံဆော်မှု ကွဲပြားခြားနာပုံ ဘယ်လိုများရှိလဲ။

ဦးမြင့်ကျော်။ ။ စစ်ကောင်စီဘက်က သူတို့က ယူဆတာက ဒီဆန္ဒပြတဲ့ကိစ္စတွေကို သတင်းဖေါ်ပြတဲ့ဟာကလည်း ဆူပူလှုံဆော်မှုကို အားပေးတယ်။ လှုံဆော်တယ်လို့ သူတို့က ယူဆတယ်။ တကယ်တမ်းကြတော့ နိုင်ငံရေးပြဿနာက ဒီလိုဟာမျိုးတွေဖြစ်နေတဲ့ဟာကို ဖေါ်ပြတဲအခါမှာ သတင်းမီဒီယာက လှုံဆော်တာမဟုတ်ဘူး။ အဖြစ်အပျက်ဘက်က ဖြစ်နေတာ။ သို့သော်လည်း ဒီလိုအဖြစ်အပျက်မျိုးတွေ မဖေါ်ပြရဲအောင်၊ လက်ရှောင်အောင်လို့ ဖိအားပေးတယ်လို့ ကျနော်က ယူဆပါတယ်။

ဦးတင်မောင်သန်း။ ။ အခုလို Danny Fenster ကို လွှတ်လိုက်တဲ့အခါမှာ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ လူသားချင်းစာနာထောက်ထားမှု အခြေခံပေါ်ကနေ စဉ်းစားခဲ့တယ်လို့ ပြောပါတယ်။ ဆိုတော့ အမေရိကန်သတင်းသမားက ပဲ လူသားဖြစ်ပြီး မြန်မာ သတင်းသမားတွေက လူသားမဖြစ်ဘူးလို့ များ ဆိုလိုသလို ဖြစ်မသွားဘူးလား။

ဦးမြင့်ကျော်။ ။ မှန်ပါတယ်။ တကယ်တမ်း သတင်းစာဆရာ အားလုံး ကိုယ်သတင်းအလုပ် ကိုယ်လုပ်တဲ့ဟာတွေကို တရားစွဲတာ ဖမ်းဆီးတာ ထောင်ချတာ၊ ပြစ်ဒဏ်ပေးတာတို့ လုပ်တာဟာ သင့်လျော်တဲ့ကိစ္စမဟုတ်ဘူး။ ဒီဟာက တိုင်းပြည်ရဲ့အနာဂတ်အတွက်ရော၊ သတင်းလွတ်လပ်ခွင့်အတွက်ရော၊ လူနေမှုအသိုင်းအဝိုင်းအတွက်ရော အားလုံးအတွက် မကောင်းတဲ့ အကျိုးဆက်ကို ဖြစ်စေမှာပါ။ တကယ်တမ်းကျတော့ သတင်းဖေါ်ပြမှုတခုက ပြစ်မှုနဲ့ မညီဘူးလို့ ယူဆတယ်ဆိုရင် ကျနော်တို့ တလျောက်လုံးပြောခဲ့သလိုပဲ complaint mechanism ဟာမျိုးပဲ သုံးရမယ်။ ဘယ်အချက်အလက်က သတင်းကျင့်ဝတ်နဲ့ မညီဘူးဆိုတဲ့ဟာနဲ့ တိုင်ကြားတာမျိုး၊ ဒီစနစ်မျိုးကိုပဲ သုံးသင့်ပါတယ်။ ဒါပေမဲ့ ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဒီယန္တရားတွေ၊ ဒီစနစ်တွေက အသုံးချမခံရတော့ပဲ၊ ပျက်ပြားသွားပြီးတော့၊ လွတ်လပ်တဲ့ အဖွဲ့အစည်း မရှိတော့ပဲနဲ့ အခုလိုမျိုး ဖမ်းဆီး ထောင်ချခံရတဲ့နည်းနဲ့ မီဒီယာကို နှုတ်ဆိတ်အောင်လုပ်တဲ့နည်းဖြစ်လာတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG