သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ICJ ကို ရင်ဆိုင်ဖို့ စစ်ကောင်စီဖွဲ့စည်းတဲ့ ကော်မီတီ ဘယ်လောက်ထိရောက်မလဲ


ICJ ကို ရင်ဆိုင်ဖို့ စစ်ကောင်စီဖွဲ့စည်းတဲ့ ကော်မီတီ ဘယ်လောက်ထိရောက်မလဲ

ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ၊ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာ ခုခံရင်ဆိုင်ရေး ဦးဆောင်ကော်မတီကို၊ စစ်ကောင်စီက အသစ်ပြန်ဖွဲ့စည်းလိုက်ကြောင်း ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လ ၁၈ ရက်နေ့ထုတ်တဲ့ နိုင်ငံတော်ပြန်တမ်းအရ၊ အရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ဒီကော်မတီမှာ၊ အခု စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဦးဆောင်သွားမှာပါ။
စစ်ကောင်စီရဲ့ ဝန်ကြီးတချို.နဲ့ တရားရေးအရာရှိတွေ အဓိကပါတဲ့ စုစုပေါင်း အဖွဲ့ဝင် (၈) ဦးပါ၊ ICJ မှာ ခုခံမဲ့ကော်မတီကို ဘာကြောင့်ဖွဲ့စည်းခဲ့ပြီး၊ ဘယ်လိုစိန်ခေါ်မူနဲ့ ထိရောက်မူရှိနိုင်ပါလဲ။ ကိုဝင်းမင်းက နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကျွမ်းကျင်သူတွေကိုမေးထားပါတယ်။

XS
SM
MD
LG