႐ုပ္ျမင္သံၾကားနဲ႔ အသံထုတ္လႊင့္ျခင္းဆိုင္ရာ ဥပေဒကို စစ္ေကာင္စီက ထပ္မံျပင္ဆင္လိုက္တာဟာ ပုဂၢလိက႐ုပ္သံလိုင္းေတြအတြက္ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြ ထုတ္လႊင့္ဖို႔အခက္အခဲျဖစ္သြားေစသလို သတင္းမီဒီယာေတြအေပၚ ျပင္းျပင္းထန္ထန္ အျပစ္ေပးႏိုင္ဖို႔ ျပင္ဆင္လာတာျဖစ္တယ္လို႔ သတင္းသမားေတြ၊ ဥပေဒပညာရွင္ေတြက သုံးသပ္ၾကပါတယ္။
ႏိုဝင္ဘာလ (၁)ရက္ေန႔ က စစ္ေကာင္စီျပင္ဆင္ ျပဌာန္းလိုက္တဲ့ ႐ုပ္သံနဲ႔ အသံထုတ္လႊင့္ျခင္း ဥပေဒနဲ႔ ပတ္သက္လို႔ မအင္ၾကင္းႏိုင္က အေၾကာင္းစုံကို တင္ျပမွာပါ။
ဒီဥပေဒျပင္ဆင္ခ်က္မွာ အဓိကအားျဖင့္ ႐ုပ္ျမင္သံၾကားႏွင့္ အသံထုတ္လႊင့္ျခင္းဆိုတဲ့ အဓိပၸါယ္ဖြင့္ဆိုခ်က္မွာ အေျပာင္းအလဲ လုပ္ထားၿပီး၊ ေငြဒဏ္မွာလည္း က်ပ္သိန္း သုံးရာကေန ငါးရာအထိတိုးျမႇင့္လိုက္တဲ့အျပင္ သုံးႏွစ္ကေန ငါးႏွစ္အထိ ေထာင္ဒဏ္ကိုပါ ထည့္သြင္းထားၿပီး ျပစ္ဒဏ္ႏွစ္ရပ္လုံး ကိုပါ ခ်မွတ္မွာျဖစ္တယ္လို႔ ေဖၚျပထားပါတယ္။
အရင္က အင္တာနက္ကေန ထုတ္လႊင့္ရင္ ျပႆနာမရွိေပမယ့္ အခု ဥပေဒ ျပင္ဆင္ခ်က္အရ လိုင္စင္မရွိတဲ့ ပုဂၢလိကမီဒီယာေတြအေနနဲ႔ အင္တာနက္ အသုံးျပဳ ထုတ္လႊင့္ခြင့္မရေအာင္ ထိန္းခ်ဳပ္လိုက္တာျဖစ္တယ္လို႔ ေနာ္ေဝးအေျခစိုက္ ျမန္မာ့ ဥပေဒေရးရာကြၽမ္းက်င္သူ ဦးမင္းလြင္ဦးက ေထာက္ျပပါတယ္။
"ဥပေဒအေဟာင္းမွာက အင္တာနက္မွတဆင့္ ထုတ္လႊင့္ခ်က္ေတြ အၾကံဳးမ၀င္ေစရဆိုတာ ပါတယ္။ ယခုဥပေဒမွာေတာ့ အင္တာနက္က ထုတ္လႊင့္ျပသျခင္းဆိုတဲ့ စကားရပ္ ပါမလာတဲ့အတြက္ က်ေနာ္တို႔ အင္တာနက္ကေနၿပီးေတာ့ အခုမီဒီယာေတြ ေတာ္ေတာ္မ်ားမ်ားက လႊင့္ထုတ္ေနၾကတဲ့ အစီအစဥ္ေတြမွာ လိုင္စင္မရွိဘူးဆိုရင္အင္တာနက္ကေနေတာင္ လႊင့္ထုတ္လို႔မရေတာ့တဲ့ အေျခအေနျဖစ္တယ္ဆိုတာ က်ေနာ္တို႔ ေတြ႕ရပါတယ္။"
စစ္ေကာင္စီရဲ႕ ျပင္ဆင္ခ်က္ ဥပေဒကိုၾကည့္ရင္ မီဒီယာေတြအေပၚမွာ ျပင္းျပင္းထန္ထန္အျပစ္ေပးႏိုင္ဖို႔ ရည္႐ြယ္တာေတြ႕ရတယ္လို႔လည္း ဦးမင္းလြင္ဦးကေျပာပါတယ္။
"မီဒီယာေတြအေပၚမွာ ျပင္းျပင္းထန္ထန္ အျပစ္ေပးႏိုင္ဖို႔အတြက္ ျပင္ဆင္ျပဌာန္းတဲ့ ဥပေဒလိုပဲ က်ေနာ္ျမင္ပါတယ္။ ယခင္တုန္းကေတာ့ ေငြဒဏ္ပဲ အျမင့္ဆံုးခ်မွတ္တာေလ။ အခု ဒဏ္ေငြေတြမကေတာ့ပဲ ေထာင္ဒဏ္သံုးႏွစ္ကေန ငါးႏွစ္အထိ ခ်မွတ္ႏိုင္တယ္ဆိုတာ ပါလာတယ္။ ေနာက္တခါ သိန္းသံုးရာကေန ငါးရာအထိ ဒဏ္ေငြေရာ၊ ျပစ္ဒဏ္ေရာ အတူက်ခံေစဆိုတာ ပါလာတာျဖစ္တဲ့အတြက္ ဒီလုပ္ငန္းရွင္ေတြအတြက္ အရင္တုန္းကလို ေငြဒဏ္နဲ႔ မၿပီးေတာ့ပဲ ေထာင္ဒဏ္ပါရင္ဆိုင္ရမယ့္ အေျခအေနမ်ဳိး ႀကံဳေတြ႕လာရတယ္လို႔ က်ေနာ္တို႔ျမင္ပါတယ္။"
မူရင္း ႐ုပ္ျမင္သံၾကားနဲ႔ အသံထုတ္လႊင့္ျခင္းဆိုင္ရာ ဥပေဒကို ၂၀၁၅ခုႏွစ္ သမၼတ ဦးသိန္းစိန္လက္ထက္မွာ ျပဌာန္းခဲ့တာျဖစ္ၿပီး ဒီဥပေဒမွာ ပါတဲ့အခ်က္ေတြကို အဓိကေရးဆြဲသူေတြထဲမွာ ျပန္ၾကားေရးဝန္ႀကီး ဦးရဲထြတ္ ပါဝင္ခဲ့တယ္လို႔ သတင္းသမားအမ်ားစုက သုံးသပ္ခဲ့ၾကပါတယ္။ မီဒီယာတခုလုံးကို ထိန္းခ်ဳပ္ႏိုင္ေရး ဥပေဒေတြကို အေသးစိတ္ေရးဆြဲခဲ့သလို စစ္တပ္အရာရွိေဟာင္းေတြ ခန႔္အပ္ေရးေသခ်ာေအာင္လည္း စီမံခဲ့တာေတြ႕ရတယ္လို႔ မၾကာေသးခင္ လေတြအတြင္း အင္းစိန္ေထာင္က လြတ္ေျမာက္လာတဲ့ ကမာ႐ြတ္သတင္းမီဒီယာ တည္ေထာင္ခဲ့သူ ကိုေနသန္ေမာင္က ဗြီအိုေအကိုေျပာပါတယ္။ ဒါေပမယ့္ အခု စစ္ေကာင္စီက ျပင္ဆင္လိုက္တဲ့ ရည္႐ြယ္ခ်က္ကိုၾကည့္ရင္ အရင္ ဥပေဒအရ ႐ုပ္သံလႊင့္ေကာင္စီမထူေထာင္ရေသးတဲ့အတြက္ ဥပေဒခ်ိဳးေဖာက္မယ္ဆိုရင္ တိုက္႐ိုက္အေရးယူႏိုင္ဖို႔ ရဲတပ္ဖြဲ႕ကို လုပ္ပိုင္ခြင့္ ေပးလိုက္တာလို႔ ျမင္ေၾကာင္း ကိုေနသန္ေမာင္က ေျပာပါတယ္။
" သူက ဥပေဒသာျပဌာန္းလိုက္တယ္၊ Mother law သာျဖစ္တယ္။ နည္းဥပေဒမရွိဘူး။ အဲေတာ့ နည္းဥပေဒမရွိေတာ့ ရုပ္ျမင္သံၾကားနဲ႔ အသံထုတ္လႊင့္ျခင္းဆိုင္ရာ ေကာင္စီမရွိေတာ့၊ ဒီေနရာမွာ ေကာင္စီမရွိဘူးဆိုတာ နည္းဥပေဒမရွိလို႔ျဖစ္တယ္။ အဲဒါကို အာဏာသိမ္းစစ္ေကာင္စီက ဒီဥပေဒမွာ ျပဌာန္းထားတဲ့အတိုင္း တခုခုအေရးယူရမယ္ဆိုရင္ ေကာင္စီကေန ေျဖရွင္းရမယ္။ အခု အဲဒီေကာင္စီမရွိတဲ့အခါက်ေတာ့ အဲဒါကို ဖ်က္ၿပီး ရဲကေန အေရးယူပိုင္ခြင့္ရွိတဲ့ ပုဒ္မ ဥပေဒျဖစ္တယ္ဆိုၿပီး သူ႔သေဘာနဲ႔ သူျပင္လိုက္တာျဖစ္တယ္။"
ဒါအျပင္ ဒီဥပေဒျပင္ဆင္ခ်က္အရဆိုရင္ MRTV နဲ႔ ျမဝတီက လြဲၿပီး ေဖ်ာ္ေျဖေရးအစီအစဥ္ေတြကိုပဲ ထုတ္လႊင့္ေနတဲ့ ပုဂၢလိက ႐ုပ္သံလိုင္းေတြကိုေတာင္ အခ်ိန္မေ႐ြး အေၾကာင္းျပခ်က္မ်ိဳးစုံနဲ႔ ရဲတပ္ဖြဲ႕က ဖမ္းဆီးႏိုင္တဲ့အေျခအေနျဖစ္ေနတယ္လို႔ ကိုေနသန္ေမာင္က ေျပာပါတယ္။
"ဒီပုဂၢလိက မီဒီယာေတြက အာဏာသိမ္းမႈနဲ႔ ႀကံဳေတြ႕ရတဲ့အခါမွာ ေတာ္ေတာ္မ်ားမ်ားက သတင္းေတြမလုပ္ပဲ ျဖဳတ္ခ်လိုက္ၿပီးေတာ့ ေဖ်ာ္ေျဖေရးေတြျပတယ္။ အဲဒီအခါမွာလည္း ထြက္ထားၿပီးသာ ဗီြဒီယို ကား အေဟာင္းေတြကိုပဲျပေတာ့ အခုဟာက CDM လုပ္ေနၿပီး၊ တခ်ဳိ႕က လက္နက္ကိုင္ေတာ္လွန္ေရးနယ္ေျမမွာ လုပ္ကိုင္ေနတဲ့ အႏုပညာရွင္ ရာနဲ႔ခ်ီရွိေတာ့ အဲဒီလူေတြပါေနတဲ့ သီခ်င္းေတြ၊ ရုပ္ရွင္ေတြေတာင္လႊင့္လို႔မရဘူး။ အကန္႔အသတ္ကႀကီးသြားတယ္။ ဒီၾကားထဲ ဥပမာ- မင္းေမာ္ကြန္းနဲ႔ အိျႏၵာေက်ာ္ဇင္ပါတဲ့ ဗီြဒီယိုကို Channel K က လႊင့္မိခဲ့ရင္ သူက အဲဒီေနရာကို ေစာင့္ၿပီးေတာ့ကို ဖမ္းဆီးအေရးယူမယ္ဆိုတဲ့ ပံုစံမ်ဳိးရွိတယ္။ ဆိုလိုတာက ဘယ္သူမွ မလံုၿခံဳေတာ့ဘူး။ က်ေနာ္ထင္တယ္။ SkyNet၊ Forever အပါအ၀င္ က်န္တဲ့ ပုဂၢလိက ရုပ္သံလုပ္ပိုင္ခြင့္ရွိတဲ့သူေတြက ဒီအခ်ိန္မွာ သတိႀကီးႀကီးထားသင့္တယ္။ က်ေနာ္ တေယာက္တည္း အျမင္ကေတာ့ မလႊင့္နဲ႔ေတာ့၊ တိုင္းျပည္က စီးပြားပ်က္ေနၿပီ။ တိုင္းျပည္ကို မွန္မွန္ကန္ကန္သတင္းမေပးႏိုင္ဘူးဆိုရင္ CDM လုပ္လိုက္ေတာ့။ အဲဒါအေကာင္းဆံုးပဲလို႔ က်ေနာ္ျမင္တယ္။"
မေန႔ ႏိုဝင္ဘာလ (၂) ရက္ေန႔က က်ေရာက္တဲ့ သတင္းသမားေတြအေပၚက်ဴးလြန္တဲ့ ရာဇဝတ္မႈေတြအတြက္ ျပစ္ဒဏ္က ကင္းလြတ္ခြင့္ေပးေနတာေတြအဆုံးသတ္ေရး ႏိုင္ငံတကာေန႔ အထိမ္းအမွတ္ ကုလသမဂၢ ပညာေရး၊ သိပၸံနဲ႔ ယဥ္ေက်းမႈဆိုင္ရာ အဖြဲ႕ (UNESCO) ကေၾကညာခ်က္ထုတ္ျပန္တဲ့အထဲမွာ စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ သတင္းသမားေတြအေပၚ တိုက္ခိုက္မႈ၊ အၾကမ္းဖက္မႈ၊ ၿခိမ္းေျခာက္မႈေတြဟာ အလြန္စိုးရိမ္စရာေကာင္းၿပီး သတင္းလြတ္လပ္ခြင့္ ဆုံးရႈံးေနေၾကာင္း ေဖၚျပထားပါတယ္။
ဒါအျပင္ ျမန္မာႏိုင္ငံမွာ မီဒီယာလုပ္ငန္းေတြအေပၚ စစ္အာဏာပိုင္ေတြက စနစ္တက် ထိန္းခ်ဳပ္ကန႔္သတ္တဲ့ မူဝါဒေတြနဲ႔ လုပ္ရပ္ေတြအေပၚ စိုးရိမ္ေၾကာင္းနဲ႔ သတင္းသမားေတြ အပါအဝင္ မတရား ဖမ္းဆီးထားသူ အားလုံးကို ျပန္လႊတ္ေပးဖို႔လည္း UNESCO က ေတာင္းဆိုထားပါတယ္။
----------------------------------------
ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို စစ်ကောင်စီက ထပ်မံပြင်ဆင်လိုက်တာဟာ ပုဂ္ဂလိကရုပ်သံလိုင်းတွေအတွက် ဖျော်ဖြေရေးအစီအစဉ်တွေ ထုတ်လွှင့်ဖို့အခက်အခဲဖြစ်သွားစေသလို သတင်းမီဒီယာတွေအပေါ် ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်ဖို့ ပြင်ဆင်လာတာဖြစ်တယ်လို့ သတင်းသမားတွေ၊ ဥပဒေပညာရှင်တွေက သုံးသပ်ကြပါတယ်။
နိုဝင်ဘာလ (၁)ရက်နေ့ က စစ်ကောင်စီပြင်ဆင် ပြဌာန်းလိုက်တဲ့ ရုပ်သံနဲ့ အသံထုတ်လွှင့်ခြင်း ဥပဒေနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြမှာပါ။
ဒီဥပဒေပြင်ဆင်ချက်မှာ အဓိကအားဖြင့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အပြောင်းအလဲ လုပ်ထားပြီး၊ ငွေဒဏ်မှာလည်း ကျပ်သိန်း သုံးရာကနေ ငါးရာအထိတိုးမြှင့်လိုက်တဲ့အပြင် သုံးနှစ်ကနေ ငါးနှစ်အထိ ထောင်ဒဏ်ကိုပါ ထည့်သွင်းထားပြီး ပြစ်ဒဏ်နှစ်ရပ်လုံး ကိုပါ ချမှတ်မှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
အရင်က အင်တာနက်ကနေ ထုတ်လွှင့်ရင် ပြဿနာမရှိပေမယ့် အခု ဥပဒေ ပြင်ဆင်ချက်အရ လိုင်စင်မရှိတဲ့ ပုဂ္ဂလိကမီဒီယာတွေအနေနဲ့ အင်တာနက် အသုံးပြု ထုတ်လွှင့်ခွင့်မရအောင် ထိန်းချုပ်လိုက်တာဖြစ်တယ်လို့ နော်ဝေးအခြေစိုက် မြန်မာ့ ဥပဒေရေးရာကျွမ်းကျင်သူ ဦးမင်းလွင်ဦးက ထောက်ပြပါတယ်။
"ဥပဒေအဟောင်းမှာက အင်တာနက်မှတဆင့် ထုတ်လွှင့်ချက်တွေ အကြုံးမဝင်စေရဆိုတာ ပါတယ်။ ယခုဥပဒေမှာတော့ အင်တာနက်က ထုတ်လွှင့်ပြသခြင်းဆိုတဲ့ စကားရပ် ပါမလာတဲ့အတွက် ကျနော်တို့ အင်တာနက်ကနေပြီးတော့ အခုမီဒီယာတွေ တော်တော်များများက လွှင့်ထုတ်နေကြတဲ့ အစီအစဉ်တွေမှာ လိုင်စင်မရှိဘူးဆိုရင်အင်တာနက်ကနေတောင် လွှင့်ထုတ်လို့မရတော့တဲ့ အခြေအနေဖြစ်တယ်ဆိုတာ ကျနော်တို့ တွေ့ရပါတယ်။"
စစ်ကောင်စီရဲ့ ပြင်ဆင်ချက် ဥပဒေကိုကြည့်ရင် မီဒီယာတွေအပေါ်မှာ ပြင်းပြင်းထန်ထန်အပြစ်ပေးနိုင်ဖို့ ရည်ရွယ်တာတွေ့ရတယ်လို့လည်း ဦးမင်းလွင်ဦးကပြောပါတယ်။
"မီဒီယာတွေအပေါ်မှာ ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်ဖို့အတွက် ပြင်ဆင်ပြဌာန်းတဲ့ ဥပဒေလိုပဲ ကျနော်မြင်ပါတယ်။ ယခင်တုန်းကတော့ ငွေဒဏ်ပဲ အမြင့်ဆုံးချမှတ်တာလေ။ အခု ဒဏ်ငွေတွေမကတော့ပဲ ထောင်ဒဏ်သုံးနှစ်ကနေ ငါးနှစ်အထိ ချမှတ်နိုင်တယ်ဆိုတာ ပါလာတယ်။ နောက်တခါ သိန်းသုံးရာကနေ ငါးရာအထိ ဒဏ်ငွေရော၊ ပြစ်ဒဏ်ရော အတူကျခံစေဆိုတာ ပါလာတာဖြစ်တဲ့အတွက် ဒီလုပ်ငန်းရှင်တွေအတွက် အရင်တုန်းကလို ငွေဒဏ်နဲ့ မပြီးတော့ပဲ ထောင်ဒဏ်ပါရင်ဆိုင်ရမယ့် အခြေအနေမျိုး ကြုံတွေ့လာရတယ်လို့ ကျနော်တို့မြင်ပါတယ်။"
မူရင်း ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၅ခုနှစ် သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ပြဌာန်းခဲ့တာဖြစ်ပြီး ဒီဥပဒေမှာ ပါတဲ့အချက်တွေကို အဓိကရေးဆွဲသူတွေထဲမှာ ပြန်ကြားရေးဝန်ကြီး ဦးရဲထွတ် ပါဝင်ခဲ့တယ်လို့ သတင်းသမားအများစုက သုံးသပ်ခဲ့ကြပါတယ်။ မီဒီယာတခုလုံးကို ထိန်းချုပ်နိုင်ရေး ဥပဒေတွေကို အသေးစိတ်ရေးဆွဲခဲ့သလို စစ်တပ်အရာရှိဟောင်းတွေ ခန့်အပ်ရေးသေချာအောင်လည်း စီမံခဲ့တာတွေ့ရတယ်လို့ မကြာသေးခင် လတွေအတွင်း အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ ကမာရွတ်သတင်းမီဒီယာ တည်ထောင်ခဲ့သူ ကိုနေသန်မောင်က ဗွီအိုအေကိုပြောပါတယ်။ ဒါပေမယ့် အခု စစ်ကောင်စီက ပြင်ဆင်လိုက်တဲ့ ရည်ရွယ်ချက်ကိုကြည့်ရင် အရင် ဥပဒေအရ ရုပ်သံလွှင့်ကောင်စီမထူထောင်ရသေးတဲ့အတွက် ဥပဒေချိုးဖောက်မယ်ဆိုရင် တိုက်ရိုက်အရေးယူနိုင်ဖို့ ရဲတပ်ဖွဲ့ကို လုပ်ပိုင်ခွင့် ပေးလိုက်တာလို့ မြင်ကြောင်း ကိုနေသန်မောင်က ပြောပါတယ်။
" သူက ဥပဒေသာပြဌာန်းလိုက်တယ်၊ Mother law သာဖြစ်တယ်။ နည်းဥပဒေမရှိဘူး။ အဲတော့ နည်းဥပဒေမရှိတော့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ကောင်စီမရှိတော့၊ ဒီနေရာမှာ ကောင်စီမရှိဘူးဆိုတာ နည်းဥပဒေမရှိလို့ဖြစ်တယ်။ အဲဒါကို အာဏာသိမ်းစစ်ကောင်စီက ဒီဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း တခုခုအရေးယူရမယ်ဆိုရင် ကောင်စီကနေ ဖြေရှင်းရမယ်။ အခု အဲဒီကောင်စီမရှိတဲ့အခါကျတော့ အဲဒါကို ဖျက်ပြီး ရဲကနေ အရေးယူပိုင်ခွင့်ရှိတဲ့ ပုဒ်မ ဥပဒေဖြစ်တယ်ဆိုပြီး သူ့သဘောနဲ့ သူပြင်လိုက်တာဖြစ်တယ်။"
ဒါအပြင် ဒီဥပဒေပြင်ဆင်ချက်အရဆိုရင် MRTV နဲ့ မြဝတီက လွဲပြီး ဖျော်ဖြေရေးအစီအစဉ်တွေကိုပဲ ထုတ်လွှင့်နေတဲ့ ပုဂ္ဂလိက ရုပ်သံလိုင်းတွေကိုတောင် အချိန်မရွေး အကြောင်းပြချက်မျိုးစုံနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ ကိုနေသန်မောင်က ပြောပါတယ်။
"ဒီပုဂ္ဂလိက မီဒီယာတွေက အာဏာသိမ်းမှုနဲ့ ကြုံတွေ့ရတဲ့အခါမှာ တော်တော်များများက သတင်းတွေမလုပ်ပဲ ဖြုတ်ချလိုက်ပြီးတော့ ဖျော်ဖြေရေးတွေပြတယ်။ အဲဒီအခါမှာလည်း ထွက်ထားပြီးသာ ဗွီဒီယို ကား အဟောင်းတွေကိုပဲပြတော့ အခုဟာက CDM လုပ်နေပြီး၊ တချို့က လက်နက်ကိုင်တော်လှန်ရေးနယ်မြေမှာ လုပ်ကိုင်နေတဲ့ အနုပညာရှင် ရာနဲ့ချီရှိတော့ အဲဒီလူတွေပါနေတဲ့ သီချင်းတွေ၊ ရုပ်ရှင်တွေတောင်လွှင့်လို့မရဘူး။ အကန့်အသတ်ကကြီးသွားတယ်။ ဒီကြားထဲ ဥပမာ- မင်းမော်ကွန်းနဲ့ အိန္ဒြာကျော်ဇင်ပါတဲ့ ဗွီဒီယိုကို Channel K က လွှင့်မိခဲ့ရင် သူက အဲဒီနေရာကို စောင့်ပြီးတော့ကို ဖမ်းဆီးအရေးယူမယ်ဆိုတဲ့ ပုံစံမျိုးရှိတယ်။ ဆိုလိုတာက ဘယ်သူမှ မလုံခြုံတော့ဘူး။ ကျနော်ထင်တယ်။ SkyNet၊ Forever အပါအဝင် ကျန်တဲ့ ပုဂ္ဂလိက ရုပ်သံလုပ်ပိုင်ခွင့်ရှိတဲ့သူတွေက ဒီအချိန်မှာ သတိကြီးကြီးထားသင့်တယ်။ ကျနော် တယောက်တည်း အမြင်ကတော့ မလွှင့်နဲ့တော့၊ တိုင်းပြည်က စီးပွားပျက်နေပြီ။ တိုင်းပြည်ကို မှန်မှန်ကန်ကန်သတင်းမပေးနိုင်ဘူးဆိုရင် CDM လုပ်လိုက်တော့။ အဲဒါအကောင်းဆုံးပဲလို့ ကျနော်မြင်တယ်။"
မနေ့ နိုဝင်ဘာလ (၂) ရက်နေ့က ကျရောက်တဲ့ သတင်းသမားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်က ကင်းလွတ်ခွင့်ပေးနေတာတွေအဆုံးသတ်ရေး နိုင်ငံတကာနေ့ အထိမ်းအမှတ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ (UNESCO) ကကြေညာချက်ထုတ်ပြန်တဲ့အထဲမှာ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ သတင်းသမားတွေအပေါ် တိုက်ခိုက်မှု၊ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုတွေဟာ အလွန်စိုးရိမ်စရာကောင်းပြီး သတင်းလွတ်လပ်ခွင့် ဆုံးရှုံးနေကြောင်း ဖေါ်ပြထားပါတယ်။
ဒါအပြင် မြန်မာနိုင်ငံမှာ မီဒီယာလုပ်ငန်းတွေအပေါ် စစ်အာဏာပိုင်တွေက စနစ်တကျ ထိန်းချုပ်ကန့်သတ်တဲ့ မူဝါဒတွေနဲ့ လုပ်ရပ်တွေအပေါ် စိုးရိမ်ကြောင်းနဲ့ သတင်းသမားတွေ အပါအဝင် မတရား ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့လည်း UNESCO က တောင်းဆိုထားပါတယ်။