သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အနိုင်ရရှိမှုအပေါ် မြန်မာတွေအမြင်


အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံရတဲ့ ဒေါ်နယ်ထရန့် က သူ့ကို ထောက်ခံသူတွေကို မိန့်ခွန်းပြောကြားနေစဉ် (နိုဝင်ဘာလ ၈) နယူးရောက်
အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံရတဲ့ ဒေါ်နယ်ထရန့် က သူ့ကို ထောက်ခံသူတွေကို မိန့်ခွန်းပြောကြားနေစဉ် (နိုဝင်ဘာလ ၈) နယူးရောက်

အင်္ဂါနေ့က ကျင်းပခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရန့် အနိုင်ရခဲ့တဲ့အတွက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်မယ့် သက်တမ်း အ တွင်း ရွှေ့ပြောင်း အခြေချနေထိုင်သူတွေကို ခွဲခြားဆက်ဆံမှုတွေရှိ လာမလား ဆိုပြီး အမေရိကန်ရောက် မြန်မာတွေ ကြားထဲမှာ စိုးရိမ်ပူပန်မှုတွေရှိနေသလို အမေရိ ကန်ပြည်ထောင်စုမှာ အလုပ်အကိုင်အခွင့် အလမ်း တွေပိုပြီးကောင်းလာ လိမ့်မယ်လို့ ခံယူထားတဲ့ မြန်မာ-အမေရိကန်တွေလည်း ရှိနေတာပါ။

(၄၅)ယောက်မြောက် အမေရိကန်သမ္မ တဖြစ်လာ မယ့် ဒေါ်နယ်ထရန့်လက် ထက်မှာ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးကတော့ အရင်သမ္မတဟောင်း လက်ထက်တွေ တုန်း ကလိုပဲ အပြောင်းအလဲကြီးကြီးမားမားရှိမှာမဟုတ်ဘူးလို့ အမေ ရိကန်-မြန်မာဆက်ဆံရေး အကဲခပ်တချို့ကလည်း သုံးသပ်ကြပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုဆက်ပြီးပြောပြမှာပါ။

ဒေါ်နယ်ထရန့်ကို မဲပေးခဲ့တဲ့ မြောက်ကိုရိုလိုင်းနားပြည်နယ်က ကိုအောင်သန်း ကတော့ ထရန့်သက်တမ်းမှာ လူလတ်တန်းစားတွေအတွက် အလုပ်အကိုင်အ ခွင့်အလမ်းတွေပိုပြီးရလာမယ်လို့ မျှော်လင့်ထားကြောင်း အခုလိုပြောပါတယ်။

“အကြမ်းဖက်သမားတွေကို နှိမ်နင်းမယ်ဆိုတဲ့အချက်ကို နံပါတ်(၁) ကြိုက် တယ်။ နောက်တခုက အမေရိကန်ပြည်သူတွေကို သူက အမျိုးသား အကျိုးစီးပွားကို ကာကွယ်ပြီးတော့ အမေရိကန်ပြည်သူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရရှိလာအောင် ဖန်တီးလာနိုင်မယ်ဆိုတဲ့ အချက်ပေါ့။ နောက် နံပါတ် (၃)အချက်က အလုပ်မလုပ်တဲ့သူတွေက Food Stamps တွေ၊ Medicate တွေနဲ့ ထိုင်စားနေမယ့် အစား အလုပ်လုပ်ချင်တဲ့စိတ်တွေဖြစ်လာအောင် လုပ်ဆောင်မယ်ဆိုတဲ့အပေါ်မှာ ကြိုက်တာပါတယ်ပေါ့နော်။”

အင်္ဂါနေ့ ရွေးကောက်ပွဲကျင်းပတဲ့ အချိန်ရောက်မှ ဒေါ်နယ်ထရန့်ကို မဲပေးဖို့ ဆုံးဖြတ် ခဲ့တဲ့ အင်ဒီယားနားပြည်နယ်က James ကတော့ နိုင်ငံတ ကာဆက်ဆံရေး မှာ ထရန့်ရဲ့ ပြတ်သားတဲ့ မူဝါဒဟာ အကျိုး ထိရောက်မှုတွေရှိ မယ် လို့ မြင်ေ ကြာင်း ပြောပါတယ်။

“နိုင်ငံတကာမှာလည်း ပိုကောင်းလာလိမ့်မယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ပြတ်သားတယ်။ လိုင်းကို ရှင်းရှင်းလင်းလင်းလုပ်ထားတယ်ဆိုတော့ အကောင်းရယ်၊ အဆိုးရယ် ရောနေမှာတော့ မဟုတ်ဘူး။ အဆိုးတဘက်ရှိသလို၊ အကောင်းတဘက်ရှိမယ်။ ဆိုးရွားတဲ့ အကြမ်းဖက်မှုကို တကယ့်ကို ပစ်မှတ် ထားနိုင်မလား။ ထားနိုင်မယ်ဆိုရင် သူနဲ့ နှိမ်နင်းရေးမှာ ပါဝင်မယ့် အခြားနိုင်ငံတွေ ကလည်း ပြတ်သားလာမယ်။ အထူးသဖြင့် ကျနော်တို့မြင်နေ ရတယ်။ ရှရှားနဲ့ ပတ်သက်ပြီးတော့မှ အရင်က မဟာမိတ်မဟုတ်ဘူး။ အခုရုရှားကိုယ်တိုင်က သည်းမခံနိုင်တာတွေရှိလာတယ်လေ။ အဲဒါမျိုးတွေလည်း တဘက်မှာ မဟာမိတ်က အရင်က ထက်တောင် ပိုပြီးအားကောင်းလာမယ်လို့မြင်တယ်။”

ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့်ကို လူဖြူအများစုနေထိုင်တဲ့ ရီပါပလင်ကန်ပါတီရဲ့ အမာခံပြည်နယ်တွေက အင်နဲ့အားနဲ့ အပြတ်အသတ် မဲပေးခဲ့ကြတာပါ။ ဒါကို ကြည့်ရင် သူတို့ပြည်နယ်တွေမှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို အပြောင်း အလဲလုပ်ချင်တဲ့အတွက် နိုင်ငံရေးထဲမှာ တခါမှ အတွေ့အကြုံမရှိဘူးတဲ့ စီးပွားရေး သမား ဒေါ်နယ်ထရန့်ကို ပုံအောပြီး မဲပေးခဲ့ကြတာကြောင့် ဟီလာရီကလင်တန်ရှုံး ခဲ့ရတာဖြစ်တယ်လို့ Pennsylvania မှာနေထိုင်တဲ့ ဒေါ်ဖြူဖြူက သုံးသပ်ပါတယ်။

“ဒီရွေးကောက်ပွဲက ဘာလဲဆိုရင် သူတို့ပြောတဲ့ blue collor working class ပေါ့ လက်လုပ်လက်စား အဖြူလူတန်းစာတွေကနေ သူတို့ လက်ရှိဖြစ်နေတဲ့ တိုင်းပြည် အခြေအနေကို မကျေနပ်ဘူး။ သူတို့တွေရဲ့ ပြည်နယ်တွေမှာ အလုပ် ရုံတွေ၊ စက်ရုံတွေလည်း မရှိတော့ဘူး။ မရှိတော့ပဲ အခြားနိုင်ငံကိုရောက်သွားတယ်။ အလုပ်လက်မဲ့တွေဖြစ်တယ်။ အဲဒါကို မကျေနပ်ဘူး။ နောက် အထူးသဖြင့် ဝါရှင်တန်မှာရှိတဲ့ သမားရိုးကျ နိုင်ငံရေးသမားတွေ၊ ရီပါပလင်ကန်နဲ့ ဒီမိုကရက် ပါတီ နှစ်ဘက်စလုံးကို အားမရဘူး။ အားမရတဲ့အတွက်ကြောင့် အပြင်လူဖြစ်တဲ့ ထရန့်က နိုင်ငံရေးလဲ မလုပ်ဖူးဘူး၊ စစ်မှုထမ်းလဲ တခါမှ မထမ်းဘူး။ ဒီအပြင်လူ စီးပွားရေးသမားကို ပုံပေးမယ်ဆိုပြီး အုပ်နဲ့ အင်းနဲ့ ပုံပြီးတော့ကို ပေးတာ။”

ရွှေ့ပြောင်းအခြေချနေထိုင်သူတွေကြောင့် တိုင်းပြည်စီးပွားရေးနစ်နာခဲ့ရတဲ့အတွက် သူတို့ကို တိုင်းပြည်ကနေ မောင်းထုတ်မယ်လို့ ထရန့်ရဲ့ မဲဆွယ်ဟောပြောပွဲ မှာ ပြောခဲ့တာကြောင့် သမ္မတအဖြစ် ရွေးကောက်ခံ ရချိန်မှာ ရွှေ့ပြောင်း အခြေချနေ ထိုင်သူတွေဘက်က စိုးရိမ်မှုတွေရှိနေကြောင်း အင်ဒီယား နားပြည်နယ် က ဒေါက်တာ Ro Dinga က ပြောပါတယ်။

“အဲဒီအတွက် ကျနော်တို့ ရွှေ့ပြောင်းအခြေချသူတွေကို ခွဲခြားဆက်ဆံလာနိုင်မယ့် အခြေအနေရှိမယ်လို့ ကျနော်ထင်တယ်။ သမ္မတကိုယ်တိုင်က မလုပ်ပေမဲ့ သူ့ကိုထောက်ခံတဲ့လူတွေက ငါတို့ရဲ့ သမ္မတဖြစ်ပြီပေါ့နော်။ အဲဒီရဲ့ အရှိန်အဝါနဲ့ ကျနော်တို့လို လူဖြူမဟုတ်တဲ့ ရွှေ့ပြောင်းအခြေချသူတွေကိုပေါ့နော် ခွဲခြားဆက်ဆံမှုတွေ၊ နှိမ့်ချဆက်ဆံမှုတွေ ရှိနိုင်မယ်လို့ သုံးသပ်တယ်။"

ဒါပေမဲ့ ဒုသမ္မတဖြစ်သူ အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Mike Pence ကတော့ မြန်မာအပါဝင် ရွှေ့ပြောင်းအခြေချသူတွေအပေါ် စောင့်ရှောက်ကူညီသူဖြစ်တာကြောင့် အခြေအနေတွေ မဆိုးရွားအောင် တစုံတရာ အတိုင်းအတာ ထိဒေါ်နယ်ထရန့်ကို ထိန်းပေးနိုင်လိမ့်မယ်လို့ မြင်ကြောင်း သူကပြောပါတယ်။

ဒေါ်နယ်ထရန့်ဟာ ပြည်ပအရေးထက် ပြည်တွင်းရေးကို ပိုပြီး အလေးပေးဆောင် ရွက်မယ့်သူအဖြစ် သုံးသပ်သူတွေလည်းရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ ဆက် ဆံရေးမှာ အပြောင်းအလဲတွေများရှိနိုင်မလားလို့ အမေရိ ကန်ပြည်ထောင်စု မှာနေထိုင်တဲ့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင့်ဆွေကို မေးကြည့်တော့

“ဒေါ်နယ်ထရန့် တက်လာလည်းပဲ မြန်မာနိုင်ငံနဲ့ သက်သက် ပေါ်လစီကတော့ အများကြီးပြောင်းစရာ သိပ်မရှိဘူးလိုတော့ ကျနော်ယူဆပါတယ်။ ဒါက ပေါ်လ စီပိုင်းပေါ့။ ဘာကြောင့်လဲဆိုတော့ အစဉ်အဆက် အရ နှစ်ပါတီလုံး က မြန်မာပြည်ဒီ မို ကရေစီရေးကို ထောက်ခံအားပေး ခဲ့ကြတာ နှစ်ပါတီ လုံးဖြစ်ပါတယ်။ သို့သော် ကျနော်စဉ်း စားကြည့်တာ က ဒေါ်နယ်ထရန့် ရဲ့ နိုင်ငံခြားရေးပေါ်လစီ တနည်းအားြ ဖင့် ကမ္ဘာလုံး ဆိုင်ရာ နိုင်ငံခြားရေးပေါ်လစီမှာ အပြောင်းအလဲလုပ်မယ်လို့ ယူဆ တယ်။ အဲဒီလိုလုပ်တဲ့အခါမှာ ကျနော်တို့ရဲ့ အိမ်နီးချင်းနဲ့ ကျနော်တို့ နိုင်ငံပေါ် မှာ နိုင်ငံရေး၊ စီး ပွားရေးအစစအရာရာ လွှမ်းမိုးနေတဲ့ တရုတ်နဲ့ပတ်သက်ရင် ဘာဖြစ် လာမလဲဆိုတာ အခုချိန်မှာတော့ ခန့်မှန်းရတာ စောသေးတယ်။ တကယ်လို့များ ဖြစ်လာခဲ့ရင် အဲဒါဟာ ကျနော်တို့နိုင်ငံကို ရိုက်ခတ်လိမ့်မယ်။”

ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်တဲ့ အမေရိကန်ရဲ့ သမ္မတဦးဖြစ်ဖို့ အရည်အချင်းပြည့်ဝမှု မရှိသူ၊ လူနည်းစုတွေအပေါ် နှိမ့်ချပြောဆိုသူ၊ အမျိုးသမီးတွေ အပေါ် စော် ကားပြော ဆိုသူအဖြစ် ဝေဖန်ခံခဲ့ရတဲ့ ဒေါ်နယ်ထရန့်ကို အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ယောက်မြောက် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရတဲ့အပေါ်မှာ လူအများက စိတ်မသက်မသာဖြစ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG