သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ အတွင်း ကန် လေကြောင်းမှာ လက်နက် ၂၅၀၀ ကျော် သိမ်းဆည်းခဲ့ရ


လေဆိပ်လုံခြုံရေး။
လေဆိပ်လုံခြုံရေး။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ထဲမှာ လေယာဉ်ပေါ် သေနတ်သယ်သွားဖို့ ကြိုးစားခဲ့တဲ့ ခရီးသည် အများအပြားကို အမေရိကန် အရာရှိတွေ စံချိန်တင်လောက်အောင် ဖမ်းမိခဲ့ပြီး ဒီအထဲက အများစုက ကျည်ထိုးထားတဲ့ သေနတ်တွေ ဖြစ်ပါတယ်။

မနှစ်ကတနှစ်ထဲမှာပဲ လေယာဉ်ပေါ်ကို လူနဲ့ အတူ တပါတည်းသယ်သွားမယ့် အိတ်တွေထဲမှာ တွေ့ခဲ့ရတဲ့ သေနတ်ပေါင်းက ၂၆၅၃ လက် ဖြစ်ကြောင်း အမေရိကန် ပို့ဆောင်မှု လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှု ဌာန TSA က ကြာသပတေးနေ့မှာ ကြေညာ ချက် ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ ၂၀၁၄ ခုနှစ် တုန်းကနဲ့ စာရင် ၂၀ ရာခိုင်နှုံး တိုးလာတာ ဖြစ်ပြီး စံချိန်တင်လောက်အောင် များခဲ့တာ ဖြစ်ပါတယ်။ ဖမ်းမိတဲ့ လက်နက်တွေထဲက ၈၂ ရာခိုင်နှုံးဟာ ကျည်ထိုးပြီးသား ဖြစ်ပါတယ်။

TSA က ၂၀၁၅ ခုနှစ်ထဲမှာ ခရီးသည်ပေါင်း ၇၀၈ သန်းကို စစ်ဆေးခဲ့တာဖြစ်ပြီး ဒါဟာ ၂၀၁၄ ခုနှစ်ကထက် သန်း ၄၀ ပိုများ ပါတယ်။ ခရီးသည်တင်လေကြောင်းလိုင်းမှာ လူနဲ့ တပါတည်းသယ်ခွင့်ပြုတဲ့ အိတ်တွေနဲ့ အခုလို သေနတ်တွေ သယ်တယ် ဆိုတာဟာ လေကြောင်း ခရီးသည်တွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာလု့ိ TSA အကြီးအကဲ Peter V. Neffenger ကပြောပါတယ်။စုံစမ်း စစ်ဆေးနည်း သင်တန်းတွေ တိုးပြီးပေးခဲ့တဲ့အတွက်လည်း ဒီတားမြစ်ပစ္စည်းတွေဖမ်းဖို့ TSA အရာရှိတွေ ပိုပြီးကျွမ်းကျင်လာတယ် လို့လည်း ပြောပါတယ်။

၂၀၁၅ ခုနှစ်ထဲ ဖမ်းမိခဲ့တဲ့ လက်နက်အများစုဟာ အမေရိကန်နိုင်ငံထဲ က နိုင်ငံတကာလေဆိပ်တွေ မှာ ဖြစ်ပါတယ်။ Texas ပြည်နယ် Dallas က Fort Worth မှာဖမ်းမိခဲ့တာက ၁၅၃ လက်ဖြစ်ပြီး Georgia ပြည်နယ် Atlanta က Harts field-Jackson မှာ ၁၄၄ လက် ၊ Texas ပြည်နယ် Houston က George Bush လေဆိပ်မှာ ဖမ်းမိတာက အလက် ၁၀၀ ၊ Colorado ပြည်နယ် Denver လေဆိပ်မှာ ၉၀ နဲ့ Arizona ပြည်နယ် Phoenix လေဆိပ်မှာ ၇၃ လက် ဖမ်းမိခဲ့တာပါ။

ခရီးသည်တွေနဲ့ တပါတည်းသယ်လို့ ရတဲ့ အိတ်တွေမှာ ဘယ်လက်နက်ကိုမဆို သယ်ဆောင်ခွင့် မပေးပါဘူး။ ဒါပေမယ့် ခရီးသည်တွေ အနေနဲ့ သူတို့ရဲ့ ကျည်ထိုးမထားပဲ သေသေချာချာ ထုပ်ပိုးထားတဲ့ သေနတ်တွေကိုတော့ ကိုယ်နဲ့ တပါတည်း မသယ်တဲ့တခြား ခရီးသွားအိတ် မှာ သေနတ် ပါကြောင်း လေကြောင်းလိုင်း ကို စစ်ဆေးစေပြီး သယ်ယူခွင့်တော့ ရှိပါတယ်။

XS
SM
MD
LG