ကိုဗစ္ကပ္ေရာဂါ စတင္ျဖစ္ပြားခဲ့တဲ့ ၂၀၁၉ ခု ႏွစ္ကုန္ပိုင္းကစလို႔ ျမန္မာႏိုင္ငံ အက်ဥ္းေထာင္အသီးသီးကို ဝင္ေရာက္ေလ့လာႏိုင္ခြင့္ မရခဲ့ဘူးလို႔ ICRC ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႕ရဲ႕ ထိပ္တန္း အရာရွိတဦးက တနလၤာေန႔မွာ ေျပာၾကားလိုက္ပါတယ္။
ဒါေပမဲ့လည္း သူတို႔အဖြဲ႕က ျမန္မာအာဏာပိုင္ေတြနဲ႔ေတာ့ အဆက္အသြယ္ ရွိေနေၾကာင္း ICRC ရဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္ Robert Mardini က AP သတင္းဌာနကို ေျပာပါတယ္။
ျမန္မာအာဏာပိုင္ေတြနဲ႔ ပုံမွန္ညႇိႏႈိင္းေဆြးေႏြးမႈေတြ ရွိေနေၾကာင္း ၊ ကိုဗစ္ကပ္ေရာဂါ ျဖစ္ခ်ိန္ကစၿပီး ကံမေကာင္းအေၾကာင္းမလွစြာ အက်ဥ္းေထာင္ေတြကို ဝင္ေရာက္စစ္ေဆးႏိုင္ခြင့္ ရပ္တန႔္သြားရေၾကာင္း Mardini က AP သတင္းဌာနကို ေျပာတာပါ။
အခုေတာ့ ICRC ရဲ႕ အဲဒီလုပ္ငန္းစဥ္ေတြ ျပန္စ ႏိုင္ဖို႔ ႀကိဳးပမ္းေနေၾကာင္း သူက ေျပာပါတယ္။ တခ်ိန္ထဲမွာပဲ ျမန္မာႏိုင္ငံတြင္း ICRC ရဲ႕ စာနာမႈအကူအညီေပးေရး အစီအစဥ္ကို သိသိသာသာ အရွိန္ျမႇင့္လုပ္ေဆာင္ေနေၾကာင္းလည္း ေျပာပါတယ္။
===================
မြန်မာအကျဉ်းထောင် စစ်ဆေးခွင့် ရဖို့ ICRC ကြိုးပမ်းဆဲ
ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၉ ခု နှစ်ကုန်ပိုင်းကစလို့ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးကို ဝင်ရောက်လေ့လာနိုင်ခွင့် မရခဲ့ဘူးလို့ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ရဲ့ ထိပ်တန်း အရာရှိတဦးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့လည်း သူတို့အဖွဲ့က မြန်မာအာဏာပိုင်တွေနဲ့တော့ အဆက်အသွယ် ရှိနေကြောင်း ICRC ရဲ့ ညွှန်ကြားရေးမှူးချုပ် Robert Mardini က AP သတင်းဌာနကို ပြောပါတယ်။
မြန်မာအာဏာပိုင်တွေနဲ့ ပုံမှန်ညှိနှိုင်းဆွေးနွေးမှုတွေ ရှိနေကြောင်း ၊ ကိုဗစ်ကပ်ရောဂါ ဖြစ်ချိန်ကစပြီး ကံမကောင်းအကြောင်းမလှစွာ အကျဉ်းထောင်တွေကို ဝင်ရောက်စစ်ဆေးနိုင်ခွင့် ရပ်တန့်သွားရကြောင်း Mardini က AP သတင်းဌာနကို ပြောတာပါ။
အခုတော့ ICRC ရဲ့ အဲဒီလုပ်ငန်းစဉ်တွေ ပြန်စ နိုင်ဖို့ ကြိုးပမ်းနေကြောင်း သူက ပြောပါတယ်။ တချိန်ထဲမှာပဲ မြန်မာနိုင်ငံတွင်း ICRC ရဲ့ စာနာမှုအကူအညီပေးရေး အစီအစဉ်ကို သိသိသာသာ အရှိန်မြှင့်လုပ်ဆောင်နေကြောင်းလည်း ပြောပါတယ်။