သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရှပ်နီခေါင်းဆောင် သေနတ်ပစ်ခံရ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ အနီးတဝိုက်က နိုင်ငံရေးအကြမ်းဖက်မှုတွေ ထိန်းချုပ်နိုင်ဖို့ အရေးပေါ်အခြေအနေ ကြေညာထားတဲ့အချိန်မှာ
နိုင်ငံမြောက်ပိုင်းမှာ အစိုးရထောက်ခံသူ နာမည်ကြီးခေါင်းဆောင်တယောက် ဗုဒ္ဓဟူးနေ့က သေနတ်နဲ့ အပစ်ခံရလို့ ဒဏ်ရာရသွားပါတယ်။

နိုင်ငံအရှေ့မြောက်ပိုင်း Udon Thani ပြည်နယ်က သူ့ရဲ့နေအိမ်မှာပဲ ရှပ်နီခေါင်းဆောင် Kwanchai Praipana ကို ဘယ်သူဘယ်ဝါမှန်း မသိနိုင်တဲ့ သေနတ်သမားတွေက ကားပေါ်ကနေ ၂ ကြိမ် ပစ်ခတ်ခဲ့တာလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေအပေါ် တိုက်ခိုက်မှုတွေ တိုးလာပြီးနောက်မှာ အခုလို အစိုးရလိုလားသူခေါင်းဆောင် တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက ဘန်ကောက်မြို့တော်မှာ ၉ ရက်ကြာ ဆက်တိုက် ဆန္ဒပြပွဲကို မနေ့က ဗုဒ္ဓဟူးနေ့က စတင်ခဲ့ကြပါတယ်။

အခုလို နိုင်ငံရေးအကြမ်းဖက်မှုတွေ အရှိန်မြင့်လာတာကြောင့် ဘန်ကောက်မြို့တော်နဲ့ အနီးတဝိုက်မှာ ရက် ၆၀ ကြာ အရေးပေါ်အခြေအနေ အမိန့်ထုတ်ပြန်ထားရပါတယ်။ ဒါပေမဲ့ လုံခြုံရေးတွေက ဆန္ဒပြသူတွေကို ဖယ်ရှားပစ်ဖို့ အင်အားသုံးမယ့် လက္ခဏာတော့ မတွေ့ရသေးပါဘူး။

ဆန္ဒပြစခန်းတွေအနီးမှာတော့ ရဲတပ်ဖွဲ့က စစ်ဆေးတာတွေ လုပ်နေပေမဲ့၊ စစ်တပ်က လုံခြုံရေးအတွက် နေရာယူထားတာ မတွေ့ရပါဘူး။ အာဏာပိုင်တွေက အရေးပေါ်အမိန့်အရ နိုင်ငံရေး လူထုစုဝေးတာကို ပိတ်ပင်တာ၊ ဒါမှမဟုတ် ညအပြင်မထွက်ရ Curfew အမိန့် ထုတ်ပြန်တာလည်း မရှိသေးပါဘူး။

စစ်တပ်အကြီးအကဲ Prayuth Chan-ocha ကတော့ စစ်တပ်အနေနဲ့ နိုင်ငံကို ဖရိုဖရဲဖြစ်အောင် ဦးဆောင်သွားမှာ မဟုတ်ကြောင်း ဒါပေမဲ့ အခြေအနေက ဖြေရှင်းလို့ မရနိုင်အောင် ဖြစ်ခဲ့မယ်ဆိုရင်တော့ စစ်တပ်က ပါဝင် ကိုင်တွယ်ရပါလိမ့်မယ်လို့ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။
XS
SM
MD
LG