သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည် အကူအညီပေးရေးနဲ့ ပြန်လည်ထူထောင်ရေး လိုအပ်ချက်


စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ လားရှိး ဒုက္ခသည်တွေ။
စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ လားရှိး ဒုက္ခသည်တွေ။

တိုင်းရင်းဒေသ တိုက်ပွဲတွေဟာ ငြိမ်းချမ်းမလာဘဲ ဆက်တိုက် ဆိုသလို ပေါ်ပေါက်နေ တာနဲ့ အတူ သောင်းနဲ့ချီတဲ့ စစ်ပြေးစစ်ရှောင် ဒုက္ခသည်တွေလည်း ထပ်ပြီး တိုးလာနေပါတယ်။ စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးရေး ပြန်လည်ထူထောင်ရေး အတွက် ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။ ဘယ်သူတွေက ပြန်လည်ထူထောင်ပေးနိုင်မလဲ ဆိုတာကို ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွ့ဲရဲ့ အတွင်းရေးမှူး ကိုဆာဂျီး၊ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က စိုင်းခွန်မိုင်၊ အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ မြန်မာဆိုင်ရာ တာဝန်ခံဖြစ်တဲ့ ရှေ့နေကြီး ဦးမင်းလွင်ဦးတို့နဲ့ အတူ ဗွီအိုအေ သောတရှင်တွေ ဆွေးနွေးထားပါတယ်။ မသိင်္ဂ ီထိုက် စီစဉ်ပြီး ထုတ်လုပ်သူ မဆုမွန်နဲ့ အတူ တင်ပြထားတဲ့ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်ရဲ့ အင်္ဂါနေ့ ညချမ်း တိုက်ရိုက်လေလှိုင်းအစီအစဉ်ကို နားဆင်နိုင်ပါတယ်။

XS
SM
MD
LG