သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ဒုက္ခသည်တွေ ပြောင်းရွှေ့ အခြေချခွင့် ကန် လျှော့တော့မည်


့မြန်မာဒုက္ခသည်များ
့မြန်မာဒုက္ခသည်များ
ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်းတွေထဲမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလှုံနေကြရတဲ့ ဒုက္ခသည် တွေကို အမေရိကန်ပြည်ထောင်စု မှာ ရွှေ့ပြောင်းအခြေစိုက် ခွင့်ပြုတဲ့ အစီအစဉ်ကို အဆုံးသတ်လိုက်ပြီလို့ ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကြာသပတေးနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Jen Psaki က ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

ရွှေ့ပြောင်း အခြေစိုက်မှုအစီအစဉ်အရ အကျူံးဝင်တဲ့ မြန်မာဒုက္ခသည် အရေအတွက်ဟာ သိသိသာသာ လျော့သွားခဲ့တဲ့အကြောင်း နဲ့ ရွှေ့ပြောင်း အခြေစိုက်ခွင့်ပြုဖို့ စဉ်းစားချက်ထဲမှာ အကျူံးဝင်တဲ့ မြန်မာ ဒုက္ခသည်တိုင်းကလည်း အမြဲတမ်း ရွှေ့ပြောင်း အခြေ စိုက်နေထိုင်ဖို့ စိတ်မဝင်စားကြပါဘူးလို့ Jen Psaki က ပြောပါတယ်။

“မြန်မာနိုင်ငံဆီပြန်မပြန်ဆိုတာ ဆုံးဖြတ်ချက်ချဖို့ ဒုက္ခသည်တွေကို မမေးပါဘူး။ ဒါပေမဲ့ အခုချိန်မှာ ဒုက္ခသည်တွေ အနေနဲ့ ဒီအခွင့်အလန်းကို ယူချင်မယူချင်ဆိုတာ မေးပါတယ်။ ဒါကြောင့် သတ်မှတ်ရက်အမီ လက်ခံ ရရှိထားတဲ့ လျှောက်လွှာ တိုင်းကို စိစစ် ဆောင်ရွက် တာပြီးတဲ့ အထိ ရွှေ့ပြောင်းအခြေစိုက်နေထိုင်တဲ့ အစီအစဉ်ကို ဆက်လုပ်သွားမှာပါ။ စိတ်ဝင်စားသူတွေ ဆီက လျှောက်လွှာတွေကို ဆက်ပြီး လက်ခံနေချိန်မှာပဲ အစီအစဉ်ကို လျှော့ချနေတာပါဆိုတာက အဲဒါကို ပြောဖို့အတွက် သင့်တော်တဲ့နည်းလမ်းလို့ ကျမထင်ပါတယ်။ စိစစ်စဉ်းစားဖို့ အကျူံးဝင်သူတွေက စိတ်ဝင်စားတယ်ဆိုရင် သူတို့ အခု လျှောက် ထားသင့်ပါတယ်၊ လျှောက်ထားသူတွေအားလုံးအတွက် လုပ်ငန်းစဉ်အတိုင်း လုပ်သွားမှာဖြစ်ပါတယ်။”

၂၀၀၅ ခုနှစ်ကတည်းကနေဆိုရင် မြန်မာဒုက္ခသည် ၇၃,၀၀၀ ကျော်ကို အမေရိကန်ပြည်ထောင်စုက ရွှေ့ပြောင်းအခြေစိုက်ခွင့် ပြုခဲ့တယ်လို့ Jen Psaki ကပြောပါတယ်။ ရွှေ့ပြောင်းအခြေစိုက်ခွင့်ပြုတဲ့ တခြားနိုင်ငံတွေအားလုံးပေါင်း လက်ခံတဲ့အရေအတွက် ထက် အမေရိကန်ပြည်ထောင်စုက ပိုပြီးလက်ခံခဲ့ တယ်လို့လည်းဆိုပါတယ်။

ရွှေ့ပြောင်း အခြေစိုက်တဲ့ အစီအစဉ်ကို ဘာ့ကြောင့် လျှော့ချရတယ် ဆိုတာနဲ့ပတ်သက်ပြီး သူပြောခဲ့တာကတော့ -

“လျှောက်ထားဖို့ရာ အကျူံးဝင်တဲ့ လိုအပ်ချက်တွေအရ၊ ၂၀၀၅ ခုနှစ် ပတ်ဝန်းကျင်ကတည်းက ဒီအစီအစဉ်ကို လုပ်လာခဲ့ တယ်ဆိုတဲ့အချက်အရ ဒီကောက်ချက်ကို ချခဲ့တာပါ။ အကျူံးဝင်တဲ့ မြန်မာ ဒုက္ခသည်တွေ လျှောက် ထားဖို့အတွက် ၂၀၁၃ ခုနှစ် တစ်နှစ်လုံးမှာ နောက်ဆုံးရက်ကို ကျမတို့ သတ်မှတ်ခဲ့ပါတယ်။ အခုချိန်မှာ အကျူံးဝင်သူတွေအားလုံးအတွက် သတင်း အချက် အလက်ပေးဖို့ပဲ ကျမတို့ ကြိုးစားနေတာဖြစ်ပြီး သူတို့ရဲ့ လျှောက်လွှာတွေကို အခုချိန်မှာ ရနေသင့်ပါပြီ။”

မြန်မာဒုက္ခသည်တွေ အမေရိကန်ပြည်ထောင်စု ဆီ ရွှေ့ပြောင်း အခြေစိုက်တဲ့ အစီအစဉ်အပေါ် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Jen Psaki ပြောသွားတာပါ။
XS
SM
MD
LG