သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄နှစ်ကုန်မှာ အိုးအိမ်စွန့် ဒုက္ခသည် သန်း ၆၀ နီးပါး


ဆီးရီးယားစစ်ပြေးဒုက္ခသည်များ။
ဆီးရီးယားစစ်ပြေးဒုက္ခသည်များ။

စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊ နဲ့ ညှင်းပမ်းနှိပ်စက်မှုတွေကြောင့် ကမ္ဘာတဝှမ်း အိုးအိမ် စွန့်ခွာထွက်ပြေးနေရသူ အရေအတွက်ဟာ စံချိန်တင်ခဲ့သလို၊ အဲဒီလို ထွက်ပြေးနေသူ အရေအတွက်ဟာ အလျှင်အမြန်ကို တိုးလာနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက ပြောလိုက်ပါတယ်။

ကြာသာပတေးနေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲအရ၊ ၂၀၁၄ ခုနှစ်အကုန်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးသူဦးရေ သန်း ၆၀ နီးပါးရှိတယ်လို့ UNHCR က ပြောပါတယ်။ ဒါဟာ ၂၀၁၃ ခုနှစ်ကထက် ၈ သန်းပိုများပြီး၊ လွန်ခဲ့တဲ့ ဆယ်နှစ်ကထက် သန်း ၂၀ ကျော် ပိုများတယ်လို့ ပြောပါတယ်။ ၂၀၁၃ ကစတင်ပြီး ဒုက္ခသည်အရေအတွက် တိုးလာတာဟာ တနှစ်ထဲမှာကို စံချိန်တင်လောက်အောင် တိုးလာတာဖြစ်ပါတယ်။

အခုလို လူတွေအစုလိုက် အပြုံလိုက်ထွက်ပြေးကြတာဟာ လွန်ခဲ့တဲ့ ၂၀၁၁ ဆီးရီးယားပြည်တွင်းစစ် စတင်တဲ့အချိန်မှာဖြစ်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ အာဖရိက၊ အာရှ နဲ့ ဥရောပဒေသတွေမှာ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေ နဲ့ ညှင်းပမ်းနှိပ်စက်မှုတွေက လူတွေကို သူတို့ရဲ့နေရပ်တွေကနေ ထွက်ပြေးစေခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း အကြမ်းဖက်မှုတမျိုးမျိုးကြောင့်၊ မိမိရဲ့ အိုးအိမ်ကို စွန့်ခွာထွက်ပြေးသူဦးရေဟာ တနေ့ကို ၄၂၅၀၀ ရှိခဲ့ပါတယ်။

အခုလက်ရှိအချိန်မှာတော့ ဆီးရီးယားနိုင်ငံဟာ အိုးအိမ်စွန့်ခွာထွက်ပြေးသူ နဲ့ ဒုက္ခသည်အများဆုံးရှိတဲ့ နိုင်ငံဖြစ်ပြီး၊ အဲဒီနောက်မှာတော့ အာဖဂန်နစ္စတန် နဲ့ ဆိုမာလီယာနိုင်ငံတို့ဖြစ်ကြပါတယ်။ တူရကီနိုင်ငံကတော့ ဒုက္ခသည်အများဆုံး လက်ခံထားတဲ့နိုင်ငံဖြစ်ပါတယ်။

XS
SM
MD
LG