သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်များ အနာဂတ် လှပစေဖို့ နှိုးဆော်

ဆူဒန်နိုင်ငံသားတွေ၊ တိဘက်လူမျိုးတွေနဲ့ ကမ္ဘာတဝန်းက တခြားဒုက္ခသည်တွေအတွက် ပိုပြီးလုံခြုံတဲ့၊ တရားမျှတတဲ့၊ ငြိမ်းချမ်းတဲ့ အနာဂတ် ဖြစ်စေရေးအတွက် အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုးစီး (Nancy Pelosi) က နှိုးဆော်လိုက်ပါတယ်။

မိမိတို့ ဇာတိမြေကို စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ကမ္ဘာတဝန်းက လူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သတ်မှတ်ထားတဲ့ ဇွန်လ ၂၀ ရက်၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များနေ့မှာ မစ္စပလိုးစီးက ကြေညာချက်တစောင် ထုတ်ပြန်ပြီး နှိုးဆော်လိုက်တာပါ။

ဆူဒန်နိုင်ငံမှာ လူပေါင်း ၂.၆ သန်းဟာ နိုင်ငံတွင်းမှာပဲ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြရပြီးတော့ ဒါးဖောဒေသက ဒုက္ခသည် ၂၅၀,၀၀၀ ခွဲဟာ ချာ့ဒ်နိုင်ငံမှာ နေထိုင်နေကြရတယ်လို့ မစ်စ် ပလိုးစီးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တိဘက်လူမျိုး ဒုက္ခသည် ၇၀၀,၀၀၀ လောက်ဟာလည်း တရုတ်တို့ရဲ့ ဖိနှိပ်မှုအောက်ကနေ လွတ်မြောက်အောင် အန္တရာယ်များလှတဲ့ ဟိမဝန္တာ တောင်တန်းတွေကို ကျော်ဖြတ်ပြီး အိန္ဒိယနဲ့ နီပေါလ်နိုင်ငံတွေမှာ နေထိုင်နေကြရတယ်လို့ မစ္စပလိုးစီးက ပြောထားပါတယ်။

မြန်မာနိုင်ငံထဲက ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်တွေဟာလည်း ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံအသီးသီးမှာ ရောက်နေကြရသလို တခြား ပြည်ပနိုင်ငံတွေမှာလည်း သိန်းနဲ့ချီပြီးတော့ ရွှေ့ပြောင်း အခြေချ နေထိုင်နေကြရပါတယ်။

This item is part of
XS
SM
MD
LG