သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းဒုက္ခသည်တွေ ဂျာမနီစရောက်


ဂျာမနီတောင်းပိုင်း၊ မြူးနစ်မြို့ကို ရောက်လာတဲ့ ဒုက္ခသည်တွေကို ဆေးစစ်တဲ့နေရာမှာ တွေ့ရစဉ်။ (စက်တင်ဘာ ၅၊ ၂၀၁၅)
ဂျာမနီတောင်းပိုင်း၊ မြူးနစ်မြို့ကို ရောက်လာတဲ့ ဒုက္ခသည်တွေကို ဆေးစစ်တဲ့နေရာမှာ တွေ့ရစဉ်။ (စက်တင်ဘာ ၅၊ ၂၀၁၅)

Austria နိုင်ငံကနေ ရွှေ့ပြောင်းဒုက္ခသည်တွေ တင်ဆောင်လာတဲ့ အဝေးပြေးရထား ဒီကနေ့ စနေနေ့မှာ ဂျာမနီနိုင်ငံဆီကို ပထမဆုံး ဆိုက်ရောက် သွားပါပြီ။

Austria နိုင်ငံကနေ ထွက်ခွာသွားတဲ့ရထားဟာ Munich မြို့ဘူတာကြီးဆီကို ဒီကနေ့ မနက်ပိုင်းက ရောက်ရှိသွားတာဖြစ်ပါတယ်။ အနောက်ဥရောပဘက်ကို သွားဖို့
Hungary နိုင်ငံမှာ ရက်နဲ့ချီ သောင်တင်စောင့်ဆိုင်းနေခဲ့ကြရတဲ့ နိုင်ငံပြောင်းရွှေ့လာကြ သူ ထောင်နဲ့ချီဟာ Austria နိုင်ငံဆီ ဒီကနေ့ မနက်ပိုင်းက ရောက်လာခဲ့ပြီး တချို့က ဂျာမနီဘက်ကို ဆက်သွားခဲ့ကြတာဖြစ်ပါတယ်။

Hungary အစိုးရက နိုင်ငံထဲကနေ ထွက်မသွားနိုင်အောင် တားဆီးထားပေမဲ့ ကလေးငယ်တွေနဲ့ ဒုက္ခသည်တွေဟာ Austria နယ်စပ်ဆီကို သောကြာနေ့က လမ်းလျှောက်သွားခဲ့ကြပါတယ်။ အဲဒီလိုအခြေအနေမှာပဲ Hungary အစိုးရက ရွှေ့ပြောင်းအခြေချမယ့်သူတွေကို Bus ကားကြီးတွေနဲ့ Austria နိုင်ငံနယ်စပ်ဘက်ဆီကို ပို့ဆောင်ပေးခဲ့ပါတယ်။

Hungary နိုင်ငံထဲမှာ ရှေ့ရေး မရေမရာ ဖြစ်နေကြသူတွေအတွက် ဒီလုပ်ရပ်က အံအားသင့်စရာဖြစ်စေခဲ့ပါတယ်။ Austria နိုင်ငံထဲကို ဒီကနေ့ မနက်အစောပိုင်းကတည်းက ရောက်လာနေကြသူ ထောင်ပေါင်းများစွာရှိနေပြီလို့ Austria
တာဝန်ရှိသူတွေက ပြောပါတယ်။

Hungary နယ်စပ်မြို့ Hegyeshalom ကနေဖြတ်လာကြတဲ့ ဒုက္ခသည်တွေကို Austria ကြက်ခြေနီအဖွဲ့က လက်ခံနေပါတယ်။ ပရဟိတ အကူအညီ ပေးသူတွေကလည်း ရောက်လာသူတွေကို ကျန်းမာရေး၊ စားရေးသောက်ရေးနဲ့ နေရေးထိုင်ရေး အကူအညီတွေ ပေးနေပါတယ်။
ဂျာမနီနိုင်ငံဆီခရီးဆက်ဖို့ Vienna မြို့တော်ဆီကို ရထားနဲ့ သွားနေကြတဲ့ ဒုက္ခသည် ၈၀၀ လောက်ရှိပြီလို့ Austria အစိုးရတာဝန်ရှိသူ Wolfgang Mueller က သတင်းထောက်တွေကို အစောပိုင်းက ပြောပါတယ်။

ရွှေ့ပြောင်းလာသူတွေအနေနဲ့ Austria နိုင်ငံထဲမှာ ဒုက္ခသည်အဖြစ် လျှောက်ရင် လက်ခံမှာဖြစ်သလို ဂျာမနီနိုင်ငံကို ဆက်သွားရင်လည်း လက်ခံမှာဖြစ်တယ်လို့ Austria ဝန်ကြီးချုပ် Werner Faymann က ပြောကြားခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဥရောပမှာ ကြုံတွေ့နေရတဲ့ ဒုက္ခသည်အရေးအတွက် EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေ ဟာ Luxembourg မှာ ဆွေးနွေးနေကြပါတယ်။ EU နိုင်ငံတွေကြား ဒုက္ခသည်တွေကို ကို တာဝန်မျှယူမဲ့ ဘုံဒုက္ခသည်စနစ်ကို အကောင်အထည်ဖော်ကြဖို့ နိုင်ငံခြားရေးဝန်ကြီးတချို့က
တိုက်တွန်းနေကြပါတယ်ရှင်၊

XS
SM
MD
LG