[[Zawgyi/Unicode]]
ဂ်ာမနီႏိုင္ငံမွာ လက္နက္ကိုင္ အာဏာသိမ္းဖို႔ႀကိဳးစားတယ္လို႔ သံသယရွိသူလက္ယာစြန္း ၂၅ ေယာက္ကို ရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္ပါတယ္။ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ ဂ်ာမနီႏိုင္ငံတဝန္းမွာ ရဲတပ္ဖြဲ႕ဝင္ ေထာင္ခ်ီက စီးနင္းရွာေဖြမႈေတြလုပ္ၿပီး လိုက္လံဖမ္းဆီးေနပါတယ္။
အၾကမ္းဖက္မႈတန္ျပန္တဲ့စစ္ဆင္ေရးလုပ္တာျဖစ္တယ္လို႔ တရားေရးဝန္ႀကီး Marco Buschmann က ေျပာဆိုၿပီး သံသယရွိသူေတြဟာ ႏိုင္ငံေတာ္ကို လက္နက္ကိုင္တိုက္ခိုက္ဖို႔စီစဥ္ခဲ့တာ ျဖစ္ေကာင္း ျဖစ္မယ္လို႔ ေျပာပါတယ္။ ဂ်ာမနီႏိုင္ငံရဲ႕ ျပည္နယ္ ၁၆ ျပည္နယ္ထဲက ၁၁ ျပည္နယ္မွာ ေနရာေပါင္း ၁၃၀ ကို ရဲတပ္ဖြဲ႕ဝင္ ၃,၀၀၀ ေက်ာ္က ဒီေန႔ ဗုဒၶဟူးေန႔မွာ စီးနင္းရွာေဖြေနတယ္လို႔ ဗဟိုအစိုးရ ေရွ႕ေနေတြက ေျပာပါတယ္။
အၾကမ္းဖက္အဖြဲ႕ဝင္အျဖစ္ သံသယရွိသူ ဂ်ာမနီႏိုင္ငံသား ၂၂ ေယာက္ကိုဖမ္းဆီးခဲ့တယ္လို႔ ေရွ႕ေနေတြက ေျပာပါတယ္။ သူတို႔ဟာ နာဇီ ဂ်ာမန္ အင္ပါယာ ႏိုင္ငံသားမ်ားလႈပ္ရွားမႈအဖြဲ႕လို႔ အဓိပၸါယ္ရတဲ့ Reich (႐ိုက္ခ်္) Citizens Movement အဖြဲ႕နဲ႔ ဆက္စပ္ေနတဲ့သူေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။ တခ်ိဳ႕အဖြဲ႕ဝင္ေတြက ဒုတိယကမာၻစစ္အၿပီး ဂ်ာမန္ဖြဲ႕စည္းပုံကို လက္မခံၾကဘဲ အစိုးရကို ျဖဳတ္ခ်ဖို႔ ေဆာ္ၾသေနၾကသူေတြ ျဖစ္ပါတယ္။
အဲဒီအၾကမ္းဖက္အဖြဲ႕ကို ပံ့ပိုးေနတယ္လို႔သံသယရွိတာေၾကာင့္ ႐ုရွားႏိုင္ငံသားတေယာက္အပါအဝင္ အျခားသုံးေယာက္ကိုလည္း ဖမ္းဆီးလိုက္ပါတယ္။ အဆိုပါလက်္ာစြန္းဝါဒီေတြဟာ ဂ်ာမန္အင္ပါယာနဲ႔ အေမရိကန္လက္်ာစြန္းအယူအဆ QAnon အေတြးအေခၚေတြ ခံယူထားၾကသူေတြျဖစ္ၿပီး ႏိုင္ငံေတာ္ကို လက္နက္ကိုင္ဆန႔္က်င္ အာဏာရယူဖို႔ အစီအစဥ္ရွိတယ္တာဝန္ရွိသူေတြက ေျပာပါတယ္။
ဂ်ာမနီရဲ႕ျပည္တြင္းလုံၿခဳံေရးကို အႀကီးမားဆုံးၿခိမ္းေျခာက္တာဟာ လက္်ာစြန္းဝါဒီေတြျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ထပ္ခါထပ္ခါ သတိေပးေနပါတယ္။
===============
[[Unicode]]
ဂျာမနီမှာ အာဏာသိမ်းဖို့ကြိုးစားတယ်ဆိုသူ ၂၀ ကျော်ကို ဖမ်းဆီး
ဂျာမနီနိုင်ငံမှာ လက်နက်ကိုင် အာဏာသိမ်းဖို့ကြိုးစားတယ်လို့ သံသယရှိသူလက်ယာစွန်း ၂၅ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ဂျာမနီနိုင်ငံတဝန်းမှာ ရဲတပ်ဖွဲ့ဝင် ထောင်ချီက စီးနင်းရှာဖွေမှုတွေလုပ်ပြီး လိုက်လံဖမ်းဆီးနေပါတယ်။
အကြမ်းဖက်မှုတန်ပြန်တဲ့စစ်ဆင်ရေးလုပ်တာဖြစ်တယ်လို့ တရားရေးဝန်ကြီး Marco Buschmann က ပြောဆိုပြီး သံသယရှိသူတွေဟာ နိုင်ငံတော်ကို လက်နက်ကိုင်တိုက်ခိုက်ဖို့စီစဉ်ခဲ့တာ ဖြစ်ကောင်း ဖြစ်မယ်လို့ ပြောပါတယ်။ ဂျာမနီနိုင်ငံရဲ့ ပြည်နယ် ၁၆ ပြည်နယ်ထဲက ၁၁ ပြည်နယ်မှာ နေရာပေါင်း ၁၃၀ ကို ရဲတပ်ဖွဲ့ဝင် ၃,၀၀၀ ကျော်က ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ စီးနင်းရှာဖွေနေတယ်လို့ ဗဟိုအစိုးရ ရှေ့နေတွေက ပြောပါတယ်။
အကြမ်းဖက်အဖွဲ့ဝင်အဖြစ် သံသယရှိသူ ဂျာမနီနိုင်ငံသား ၂၂ ယောက်ကိုဖမ်းဆီးခဲ့တယ်လို့ ရှေ့နေတွေက ပြောပါတယ်။ သူတို့ဟာ နာဇီ ဂျာမန် အင်ပါယာ နိုင်ငံသားများလှုပ်ရှားမှုအဖွဲ့လို့ အဓိပ္ပါယ်ရတဲ့ Reich (ရိုက်ချ်) Citizens Movement အဖွဲ့နဲ့ ဆက်စပ်နေတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ တချို့အဖွဲ့ဝင်တွေက ဒုတိယကမ္ဘာစစ်အပြီး ဂျာမန်ဖွဲ့စည်းပုံကို လက်မခံကြဘဲ အစိုးရကို ဖြုတ်ချဖို့ ဆော်သြနေကြသူတွေ ဖြစ်ပါတယ်။
အဲဒီအကြမ်းဖက်အဖွဲ့ကို ပံ့ပိုးနေတယ်လို့သံသယရှိတာကြောင့် ရုရှားနိုင်ငံသားတယောက်အပါအဝင် အခြားသုံးယောက်ကိုလည်း ဖမ်းဆီးလိုက်ပါတယ်။ အဆိုပါလကျ်ာစွန်းဝါဒီတွေဟာ ဂျာမန်အင်ပါယာနဲ့ အမေရိကန်လက်ျာစွန်းအယူအဆ QAnon အတွေးအခေါ်တွေ ခံယူထားကြသူတွေဖြစ်ပြီး နိုင်ငံတော်ကို လက်နက်ကိုင်ဆန့်ကျင် အာဏာရယူဖို့ အစီအစဉ်ရှိတယ်တာဝန်ရှိသူတွေက ပြောပါတယ်။
ဂျာမနီရဲ့ပြည်တွင်းလုံခြုံရေးကို အကြီးမားဆုံးခြိမ်းခြောက်တာဟာ လက်ျာစွန်းဝါဒီတွေဖြစ်တယ်လို့ တာဝန်ရှိသူတွေက ထပ်ခါထပ်ခါ သတိပေးနေပါတယ်။