သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရခိုင္အေျခစိုက္ Western News သတင္းဌာန ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈနဲ႔ တရားစြဲခံရ


Rakhine media Western News

[[Zawgyi/Unicode]]

ရခိုင္အေျခစိုက္ အြန္လိုင္းသတင္းဌာနတခုျဖစ္တဲ့Western News သတင္းဌာနကို ႏိုင္ ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄-က နဲ႔စစ္ေကာင္စီဘက္က တရားစြဲလိုက္ပါတယ္။ ပလက္ဝၿမိဳ႕နယ္ထဲက စစ္တပ္ တပ္ရင္းတခုမွာ အလံျဖဴေထာင္ထားတယ္ဆိုတဲ့ သတင္းေဖာ္ျပခဲ့ၿပီးေနာက္ ခုလို တရားစြဲခံရတာျဖစ္တယ္လို႔ Western News အယ္ဒီတာခ်ဳပ္က ဗြီအိုေအကို ေျပာပါတယ္။ ျပစ္ဒဏ္ႀကီးေလးတဲ့ ျပစ္မႈမ်ိဳးနဲ႔ သတင္းမီဒီယာလုပ္ငန္းတခုအေပၚ တရားစြဲတာနဲ႔ပတ္သက္လို႔ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္က အြန္လိုင္းသတင္းဌာနတခုျဖစ္တဲ့ Western News သတင္းဌာနကို သတင္းေဖာ္ျပမႈနဲ႔ပတ္သက္ၿပီး ေထာင္ဒဏ္ အႏွစ္ ၂၀ အထိ ခ်ႏိုင္တဲ့ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ရာဇသတ္ႀကီး ပုဒ္မ ၁၂၄-ကနဲ႔ ရခိုင္ျပည္နယ္ စစ္ေကာင္စီဘက္က တရားစြဲထားပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလ ၂၈ ရက္ေန႔က ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ထဲက စစ္ေကာင္စီ တပ္ရင္းတခု ေတာင္ကုန္းမွာ အလံျဖဴေထာင္ထားတယ္ဆိုတဲ့ သတင္းေၾကာင့္ အခုလို တရားစြဲခံရတယ္လို႔ ယူဆေၾကာင္း Western News သတင္းဌာန တည္ေထာင္သူလည္းျဖစ္၊ အယ္ဒီတာခ်ဳပ္လည္းျဖစ္သူ ဦးဝဏၰခြာညိဳက ဗြီအိုေအကိုေျပာပါတယ္။

“ဘာေၾကာင့္စြဲလဲဆိုတာ က်ေနာ္တို႔ဆီစာေတြ ဖုန္းေတြ တရားဝင္ေရာက္မလာဘူး။ အထူးသျဖင့္ကေတာ့ က်ေနာ္ထင္တယ္၊ ၿပီးခဲ့တဲ့ရက္ပိုင္းေတြက ပလက္ဝနဲ႔ပတ္သက္လို႔ သတင္းေတြေရးတယ္။ စစ္ေကာင္စီက ပလက္ဝဘက္မွာ အလံျဖဴေထာင္တဲ့ကိစၥကို သတင္းေတြေရးၿပီးေနာက္ပိုင္းမွာပဲ သတင္းေရးလို႔ ၂ ရက္အၾကာမွာ က်ေနာ္တို႔ကို အင္တာဗ်ဴးေျဖေပးတဲ့ ကိုတင္ထူးေအာင္ေပါ့ေလ၊ သူ႔ကိုက်ေတာ့ ၅၀၅-ကနဲ႔ အမႈစြဲလိုက္ တယ္။ စြဲလို႔ အခုတရားရင္ဆိုင္ေနရတယ္ေပါ့။ အခုအေျခအေနအရ က်ေနာ္တို႔ကိုက်ေတာ့ ၿပီးခဲ့တဲ့ ရက္ကေျပာခ်က္အရ ၁၂၄ နဲ႔ တရားလႊတ္ေတာ္ ႐ုံးမွာ ဦးတိုက္ေလွ်ာက္တယ္။”

ၿပီးခဲ့တဲ့ရက္က ရခိုင္ျပည္နယ္ဥပေဒခ်ဳပ္႐ုံးမွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ Western News သတင္း ဌာနကိုတရားစြဲတာက ျမန္မာစစ္တပ္အေပၚ လူအမ်ား အထင္ အျမင္လြဲေအာင္နဲ႔ ယုံၾကည္မႈ ေလ်ာ့ေအာင္ သတင္းေဖာ္ျပတာမို႔ အခုလို တရားစြဲဆိုဖို႔ လုပ္ရတာျဖစ္တယ္လို႔ ရခိုင္ျပည္နယ္ စစ္ေကာင္စီက ဦးလွသိန္းက သတင္းမီဒီယာေတြကို ေျပာၾကားခဲ့ပါတယ္။

မူလ ရာဇသတ္ႀကီးပုဒ္မ ၁၂၄ (က) ကို စစ္အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔က ျပင္ဆင္ခဲ့တဲ့ထဲမွာ တပ္မေတာ္၊ တပ္မေတာ္သားေတြအေပၚ မုန္းတီးေအာင္၊ မေလးစားေအာင္၊ လႈံ႔ေဆာ္ ျပဳလုပ္သူေတြကိုအေရးယူမယ္လို႔ ထည့္သြင္းခဲ့ၿပီး ေထာင္ဒဏ္ကိုလည္း ၃ ႏွစ္ကေန အႏွစ္ ၂၀ အထိ တိုးခဲ့တာျဖစ္ပါတယ္။

စစ္ေကာင္စီက သတင္းဌာနေတြကို ဖ်က္သိမ္းတာ သတင္းေထာက္ေတြနဲ႔ သတင္းဌာနေတြကို အခုလို ႀကီးေလးတဲ့ ပုဒ္မနဲ႔ တရားစြဲဆိုတာေတြ လုပ္ေနတာေၾကာင့္ သတင္းသမားေတြနဲ႔ သတင္းေထာက္ေတြ ရပ္တည္ဖို႔ အေတာ္ေလးခက္ခဲလာတယ္လို႔ ဦးဝဏၰခြာညိဳက ေျပာပါတယ္။ သူတို႔ရဲ႕ Western News သတင္းဌာနဟာ အြန္လိုင္းကေန သတင္းေတြ ျဖန႔္ခ်ိေနတဲ့ သတင္းဌာနျဖစ္ၿပီး သတင္းလုပ္ငန္းလုပ္ကိုင္ဖို႔ NLD အစိုးရဆီမွာ တရားဝင္ မွတ္ပုံတင္ထားတဲ့ သတင္းမီဒီယာလုပ္ငန္းတခုျဖစ္ပါတယ္။ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလ ၁၉ ရက္ေန႔ကလည္း Western News ႐ုံးခန္းတည္ေနရာကို လုံၿခဳံေရးတပ္ဖြဲ႕ေတြ႕ လိုက္လံရွာေဖြတာေတြ လုပ္ခဲ့တယ္လို႔ေျပာပါတယ္။

“Western News က ပထမလည္း က်ေနာ္တို႔ကို ေစာင့္ၾကည့္လာၿပီးေတာ့ ဝင္ရွာတာလည္း ရွိတယ္။ ႐ုံးကို ေမးျမန္းတာလည္းရွိတယ္။ စစ္ေကာင္စီဆိုၿပီး မသုံးဖို႔ေျပာခဲ့တာေတြရွိတယ္။ ဒီအေပၚမွာကေတာ့ အရမ္းကို ဆိုးဆိုးဝါးဝါးျဖစ္သြားတာေပါ့ေလ။ ေနာက္ဆုံးအခ်က္ကေတာ့ ဒီပလက္ဝသတင္းေတြ တင္လိုက္တာမွာ အခု အရမ္းကို ရွားရွားပါးပါးပုံစံနဲ႔စြဲလိုက္တယ္။ ဒီပုဒ္မက အရမ္းကိုစိုးရိမ္စရာျဖစ္တဲ့ ပုဒ္မေတြျဖစ္တယ္။ ဒီလိုပုဒ္မတပ္ လို႔ က်ေနာ္တို႔အတြက္ က်ေနာ္တို႔ေနာက္မွာရွိတဲ့ သတင္းေထာက္ေတြနဲ႔ ဌာနတခုလုံးရပ္ လိုက္ရတဲ့ အေျခအေနျဖစ္ေနတယ္။ သတင္းေထာက္ေတြလည္း တိမ္းေရွာင္ေနရတဲ့ အေျခအေနမွာ ရွိေနတယ္။ ရခိုင္မွာ အဲလိုပုဒ္မနဲ႔စြဲဆိုတာမရွိဘူး။ စြဲတာအမ်ားဆုံးက ၅၀၅-က၊ ခ ။ ေနာက္ မတရားအသင္းဆက္ႏြယ္မႈ ၁၇/၁ နဲ႔စြဲတာပဲ ရွိတယ္။ ခုပုဒ္မကအရမ္းျပင္းထန္တယ္။ ေတာ္ေတာ္ေလးကို စိုးရိမ္ရတဲ့ အေျခအေနျဖစ္ေနတဲ့အေနအထားရွိေနပါတယ္။”

ၿပီးခဲ့ႏွစ္ ၾသဂုတ္လထဲကစလို႔ သတင္းမီဒီယာလုပ္ငန္း လုပ္ကိုင္ေနသူေတြ၊ အရင္က သတင္းေထာက္လုပ္ခဲ့ဖူးတဲ့ သတင္းမီဒီယာသမားေတြ ထပ္မံဖမ္းဆီးခံခဲ့ရၿပီး ျပင္းထန္တဲ့ပုဒ္မေတြနဲ႔ တရားစြဲခံရတာရွိသလို သတင္းသမားတခ်ိဳ႕ကိုလည္း ဖမ္းဆီးေထာင္ခ် အေရးယူတာေတြ ဆက္လက္ရွိ ေနဆဲပါ။

၂၀၂၁ ေအာက္တိုဘာလတုန္းက Zayar Time page မွာ Admin လုပ္ေပးဖူးလို႔ဆိုၿပီး ေမး ျမန္း ဖို႔အတြက္ စခန္းလာဖို႔ ေခၚတဲ့အတြက္ သြား ခ်ိန္မွာ တခါထဲဖမ္းခံခဲ့ရတဲ့ VOM သတင္းေထာက္ကို ဒီေန႔ ဇန္နဝါရီလ ၆ ရက္မွာပုဒ္မ ၅၀၅-က နဲ႔ ေ႐ႊဘိုေထာင္တြင္း တရား႐ုံးကေန ေထာင္ဒဏ္ ၂ ႏွစ္ ခ်လိုက္ပါတယ္။ ျပစ္ဒဏ္ခ်မွတ္ခံရတဲ့ ျပည့္ၿဖိဳးေအာင္ ဟာ သကၤန္းဝတ္နဲ႔သြားရာက တခါတည္းဖမ္းခံရၿပီး အခုလိုေထာင္ခ်ခံခဲ့ရတာပါ။

ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕အေျခစိုက္ သံလြင္ေသြးခ်င္း သတင္းဌာန အယ္ဒီတာခ်ဳပ္ ေဒၚျမဝန္းရံကို ေညာင္ေ႐ႊၿမိဳ႕ရွိ ေတာင္ေလးလုံးအက်ဥ္းေထာင္တြင္း တရား႐ုံးက ပုဒ္မ-၅၀၅-ကနဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္ခဲ့တာလည္းရွိပါတယ္။ အယ္ဒီတာခ်ဳပ္ ေဒၚျမဝန္းရံဟာၿပီးခဲ့တဲ့ ဇူလိုင္ ၂၀ ရက္က ေတာင္ႀကီးၿမိဳ႕ေနအိမ္မွာ သမီးႏွစ္ယာက္နဲ႔အတူဖမ္းဆီးခံခဲ့ရတာပါ။

စစ္အာဏာသိမ္းအၿပီး ဆန႔္က်င္ဆႏၵျပပြဲေတြ ရွိခဲ့ခ်ိန္ကလည္း စစ္ေကာင္စီက သတင္းေထာက္ တခ်ိဳ႕ကို ဖမ္းဆီးခဲ့တာေတြရွိသလို သတင္းဌာန ၈ ခုကိုလည္း ထုတ္ေဝခြင့္ ပိတ္ သိမ္းခဲ့ပါတယ္။ စစ္တပ္အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း ဖမ္းဆီးခံရတဲ့ သတင္းသမား ၁၀၀ ေက်ာ္ရွိခဲ့ၿပီး ၁၀ ေယာက္ထက္ မနည္း ေထာင္ခ်ခံခဲ့ရပါတယ္။ ၅၆ ေယာက္ကေတာ့ ျပန္လည္လြတ္ေျမာက္လာခဲ့တဲ့အတြက္ လက္ရွိမွာ သတင္းသမား အေယာက္ ၅၀ ေလာက္ အက်ဥ္းေထာင္အသီးသီးမွာ ဆက္လက္ ဖမ္းဆီး ထိန္းသိမ္းခံထားရ ဆဲ ျဖစ္တယ္လို႔ ျပည္တြင္းက သတင္းေထာက္ေတြ ျပဳစုထားတဲ့ စာရင္းအရ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ရခိုင်အခြေစိုက် Western News သတင်းဌာန နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံရ

ရခိုင်အခြေစိုက် အွန်လိုင်းသတင်းဌာနတခုဖြစ်တဲ့Western News သတင်းဌာနကို နိုင် ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က နဲ့စစ်ကောင်စီဘက်က တရားစွဲလိုက်ပါတယ်။ ပလက်ဝမြို့နယ်ထဲက စစ်တပ် တပ်ရင်းတခုမှာ အလံဖြူထောင်ထားတယ်ဆိုတဲ့ သတင်းဖော်ပြခဲ့ပြီးနောက် ခုလို တရားစွဲခံရတာဖြစ်တယ်လို့ Western News အယ်ဒီတာချုပ်က ဗွီအိုအေကို ပြောပါတယ်။ ပြစ်ဒဏ်ကြီးလေးတဲ့ ပြစ်မှုမျိုးနဲ့ သတင်းမီဒီယာလုပ်ငန်းတခုအပေါ် တရားစွဲတာနဲ့ပတ်သက်လို့ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်က အွန်လိုင်းသတင်းဌာနတခုဖြစ်တဲ့ Western News သတင်းဌာနကို သတင်းဖော်ပြမှုနဲ့ပတ်သက်ပြီး ထောင်ဒဏ် အနှစ် ၂၀ အထိ ချနိုင်တဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄-ကနဲ့ ရခိုင်ပြည်နယ် စစ်ကောင်စီဘက်က တရားစွဲထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက စစ်ကောင်စီ တပ်ရင်းတခု တောင်ကုန်းမှာ အလံဖြူထောင်ထားတယ်ဆိုတဲ့ သတင်းကြောင့် အခုလို တရားစွဲခံရတယ်လို့ ယူဆကြောင်း Western News သတင်းဌာန တည်ထောင်သူလည်းဖြစ်၊ အယ်ဒီတာချုပ်လည်းဖြစ်သူ ဦးဝဏ္ဏခွာညိုက ဗွီအိုအေကိုပြောပါတယ်။

“ဘာကြောင့်စွဲလဲဆိုတာ ကျနော်တို့ဆီစာတွေ ဖုန်းတွေ တရားဝင်ရောက်မလာဘူး။ အထူးသဖြင့်ကတော့ ကျနော်ထင်တယ်၊ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ပလက်ဝနဲ့ပတ်သက်လို့ သတင်းတွေရေးတယ်။ စစ်ကောင်စီက ပလက်ဝဘက်မှာ အလံဖြူထောင်တဲ့ကိစ္စကို သတင်းတွေရေးပြီးနောက်ပိုင်းမှာပဲ သတင်းရေးလို့ ၂ ရက်အကြာမှာ ကျနော်တို့ကို အင်တာဗျူးဖြေပေးတဲ့ ကိုတင်ထူးအောင်ပေါ့လေ၊ သူ့ကိုကျတော့ ၅၀၅-ကနဲ့ အမှုစွဲလိုက် တယ်။ စွဲလို့ အခုတရားရင်ဆိုင်နေရတယ်ပေါ့။ အခုအခြေအနေအရ ကျနော်တို့ကိုကျတော့ ပြီးခဲ့တဲ့ ရက်ကပြောချက်အရ ၁၂၄ နဲ့ တရားလွှတ်တော် ရုံးမှာ ဦးတိုက်လျှောက်တယ်။”

ပြီးခဲ့တဲ့ရက်က ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Western News သတင်း ဌာနကိုတရားစွဲတာက မြန်မာစစ်တပ်အပေါ် လူအများ အထင် အမြင်လွဲအောင်နဲ့ ယုံကြည်မှု လျော့အောင် သတင်းဖော်ပြတာမို့ အခုလို တရားစွဲဆိုဖို့ လုပ်ရတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီက ဦးလှသိန်းက သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

မူလ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) ကို စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပြင်ဆင်ခဲ့တဲ့ထဲမှာ တပ်မတော်၊ တပ်မတော်သားတွေအပေါ် မုန်းတီးအောင်၊ မလေးစားအောင်၊ လှုံ့ဆော် ပြုလုပ်သူတွေကိုအရေးယူမယ်လို့ ထည့်သွင်းခဲ့ပြီး ထောင်ဒဏ်ကိုလည်း ၃ နှစ်ကနေ အနှစ် ၂၀ အထိ တိုးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီက သတင်းဌာနတွေကို ဖျက်သိမ်းတာ သတင်းထောက်တွေနဲ့ သတင်းဌာနတွေကို အခုလို ကြီးလေးတဲ့ ပုဒ်မနဲ့ တရားစွဲဆိုတာတွေ လုပ်နေတာကြောင့် သတင်းသမားတွေနဲ့ သတင်းထောက်တွေ ရပ်တည်ဖို့ အတော်လေးခက်ခဲလာတယ်လို့ ဦးဝဏ္ဏခွာညိုက ပြောပါတယ်။ သူတို့ရဲ့ Western News သတင်းဌာနဟာ အွန်လိုင်းကနေ သတင်းတွေ ဖြန့်ချိနေတဲ့ သတင်းဌာနဖြစ်ပြီး သတင်းလုပ်ငန်းလုပ်ကိုင်ဖို့ NLD အစိုးရဆီမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ သတင်းမီဒီယာလုပ်ငန်းတခုဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း Western News ရုံးခန်းတည်နေရာကို လုံခြုံရေးတပ်ဖွဲ့တွေ့ လိုက်လံရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ပြောပါတယ်။

“Western News က ပထမလည်း ကျနော်တို့ကို စောင့်ကြည့်လာပြီးတော့ ဝင်ရှာတာလည်း ရှိတယ်။ ရုံးကို မေးမြန်းတာလည်းရှိတယ်။ စစ်ကောင်စီဆိုပြီး မသုံးဖို့ပြောခဲ့တာတွေရှိတယ်။ ဒီအပေါ်မှာကတော့ အရမ်းကို ဆိုးဆိုးဝါးဝါးဖြစ်သွားတာပေါ့လေ။ နောက်ဆုံးအချက်ကတော့ ဒီပလက်ဝသတင်းတွေ တင်လိုက်တာမှာ အခု အရမ်းကို ရှားရှားပါးပါးပုံစံနဲ့စွဲလိုက်တယ်။ ဒီပုဒ်မက အရမ်းကိုစိုးရိမ်စရာဖြစ်တဲ့ ပုဒ်မတွေဖြစ်တယ်။ ဒီလိုပုဒ်မတပ် လို့ ကျနော်တို့အတွက် ကျနော်တို့နောက်မှာရှိတဲ့ သတင်းထောက်တွေနဲ့ ဌာနတခုလုံးရပ် လိုက်ရတဲ့ အခြေအနေဖြစ်နေတယ်။ သတင်းထောက်တွေလည်း တိမ်းရှောင်နေရတဲ့ အခြေအနေမှာ ရှိနေတယ်။ ရခိုင်မှာ အဲလိုပုဒ်မနဲ့စွဲဆိုတာမရှိဘူး။ စွဲတာအများဆုံးက ၅၀၅-က၊ ခ ။ နောက် မတရားအသင်းဆက်နွယ်မှု ၁၇/၁ နဲ့စွဲတာပဲ ရှိတယ်။ ခုပုဒ်မကအရမ်းပြင်းထန်တယ်။ တော်တော်လေးကို စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတဲ့အနေအထားရှိနေပါတယ်။”

ပြီးခဲ့နှစ် သြဂုတ်လထဲကစလို့ သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်နေသူတွေ၊ အရင်က သတင်းထောက်လုပ်ခဲ့ဖူးတဲ့ သတင်းမီဒီယာသမားတွေ ထပ်မံဖမ်းဆီးခံခဲ့ရပြီး ပြင်းထန်တဲ့ပုဒ်မတွေနဲ့ တရားစွဲခံရတာရှိသလို သတင်းသမားတချို့ကိုလည်း ဖမ်းဆီးထောင်ချ အရေးယူတာတွေ ဆက်လက်ရှိ နေဆဲပါ။

၂၀၂၁ အောက်တိုဘာလတုန်းက Zayar Time page မှာ Admin လုပ်ပေးဖူးလို့ဆိုပြီး မေး မြန်း ဖို့အတွက် စခန်းလာဖို့ ခေါ်တဲ့အတွက် သွား ချိန်မှာ တခါထဲဖမ်းခံခဲ့ရတဲ့ VOM သတင်းထောက်ကို ဒီနေ့ ဇန်နဝါရီလ ၆ ရက်မှာပုဒ်မ ၅၀၅-က နဲ့ ရွှေဘိုထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၂ နှစ် ချလိုက်ပါတယ်။ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ပြည့်ဖြိုးအောင် ဟာ သင်္ကန်းဝတ်နဲ့သွားရာက တခါတည်းဖမ်းခံရပြီး အခုလိုထောင်ချခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့အခြေစိုက် သံလွင်သွေးချင်း သတင်းဌာန အယ်ဒီတာချုပ် ဒေါ်မြဝန်းရံကို ညောင်ရွှေမြို့ရှိ တောင်လေးလုံးအကျဉ်းထောင်တွင်း တရားရုံးက ပုဒ်မ-၅၀၅-ကနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာလည်းရှိပါတယ်။ အယ်ဒီတာချုပ် ဒေါ်မြဝန်းရံဟာပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်က တောင်ကြီးမြို့နေအိမ်မှာ သမီးနှစ်ယာက်နဲ့အတူဖမ်းဆီးခံခဲ့ရတာပါ။

စစ်အာဏာသိမ်းအပြီး ဆန့်ကျင်ဆန္ဒပြပွဲတွေ ရှိခဲ့ချိန်ကလည်း စစ်ကောင်စီက သတင်းထောက် တချို့ကို ဖမ်းဆီးခဲ့တာတွေရှိသလို သတင်းဌာန ၈ ခုကိုလည်း ထုတ်ဝေခွင့် ပိတ် သိမ်းခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖမ်းဆီးခံရတဲ့ သတင်းသမား ၁၀၀ ကျော်ရှိခဲ့ပြီး ၁၀ ယောက်ထက် မနည်း ထောင်ချခံခဲ့ရပါတယ်။ ၅၆ ယောက်ကတော့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့အတွက် လက်ရှိမှာ သတင်းသမား အယောက် ၅၀ လောက် အကျဉ်းထောင်အသီးသီးမှာ ဆက်လက် ဖမ်းဆီး ထိန်းသိမ်းခံထားရ ဆဲ ဖြစ်တယ်လို့ ပြည်တွင်းက သတင်းထောက်တွေ ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #MyanmarPressFreedom #WesternNews #voaburmese #စစ်အာဏာသိမ်းမှု #သတင်းလွတ်လပ်ခွင့် #ဗွီအိုအေမြန်မာပိုင်း

=============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG