သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံက ကေလးငယ္အမ်ားစု ေသဆုံးခဲ့တဲ့ ေန႔ကေလးထိန္းေက်ာင္းမွာ ဆုေတာင္းပြဲက်င္းပ


ထိုင္းႏိုင္ငံ၊ Nong Bua Lam Phu ခ႐ိုင္၊ Uthai Sawan ၿမိဳ႕တြင္ ေအာက္တိုဘာ ၉ ရက္ေန႔က ကေလးငယ္မ်ား ေသဆုံးခဲ့သည့္ ေန႔ကေလးထိန္းေက်ာင္းေရွ႕တြင္ ဆုေတာင္းပြဲ ျပဳလုပ္ေနစဥ္။

ထိုင္းႏိုင္ငံက ေန႔ကေလးထိန္းေက်ာင္းမွာ အသတ္ခံလိုက္ရတဲ့ ကေလးေတြအတြက္ ဝတ္ျပဳဆုေတာင္းပြဲကိုေတာ့ အဲဒီ ေန႔ကေလးထိန္းေက်ာင္း အျပင္ဘက္မွာ မိသားစုဝင္ေတြ ဒီေန႔ ျပဳလုပ္ခဲ့ၾကပါတယ္။ ေသဆုံးသြားတဲ့ ကေလးေတြရဲ႕ မိသားစုဝင္ေတြက ကေလးေတြအတြက္ ဖေယာင္းတိုင္ေတြ အေမႊးတိုင္ေတြထြန္းၿပီး၊ ပန္းေတြ၊ ေပါက္ေပါက္ဆုပ္ေတြ၊ အေအးေတြနဲ႔အတူ ကေလးေတြရဲ႕ အ႐ုပ္ေလးေတြလည္း ေက်ာင္းရဲ႕ အျပင္ဘက္မွာ ခ်ထားၿပီးေတာ့ ဝတ္ျပဳဆုေတာင္းခဲ့ၾကပါတယ္။

ဒါ့အျပင္ ေနာက္ထပ္ ဘုန္းႀကီးေက်ာင္း ၃ ေက်ာင္းမွာလည္း ဝတ္ျပဳဆုေတာင္းတာေတြ ဒီေန႔လုပ္ခဲ့ၾကၿပီး ထိုင္းဝန္ႀကီးခ်ဳပ္ ပရာ႐ြတ္ခ်န္အိုခ်ာလည္း ညေနပိုင္းမွာ တက္ေရာက္ခဲ့ပါတယ္။

ဒီေန႔ ေန႔လယ္ပိုင္းက ေက်ာင္းအျပင္ဘက္မွာလုပ္တဲ့ ဝတ္ျပဳဆုေတာင္းပြဲအတြင္း ကေလးေတြရဲ႕ က်န္ခဲ့တဲ့ပစၥည္းေတြကို အိတ္ေတြနဲ႔ထည့္ၿပီး မိသားစုဝင္ေတြကို ေပးခဲ့ၾကပါတယ္။ ဒီဝတ္ျပဳဆုေတာင္းပြဲ ၿပီးခါနီးမွာေတာ့ ငိုေႂကြးေနၾကတဲ့ မိသားစုဝင္ေတြဟာ ေက်ာင္းထဲကိုၾကည့္ၿပီး ကေလးေတြကို သူတို႔နဲ႔ ျပန္လိုက္ခဲ့ဖို႔ ေအာ္ေခၚတာေတြ၊ လက္ဟန္ေျခဟန္အမူအယာေတြ လုပ္တာေတြလည္း ရွိခဲ့ပါတယ္။ နာေရးဝတ္ျပဳဆုေတာင္းပြဲ အခမ္းအနားေတြကို ၃ ရက္ဆက္တိုက္လုပ္သြားမွာ ျဖစ္ၿပီးေတာ့ လာမယ့္အဂၤါေန႔မွာေတာ့ ေသဆုံးသြားသူေတြအတြက္ အသုဘအခမ္းအနားကို က်င္းပသြားမွာ ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံအေရွ႕ေျမာက္ပိုင္းက Uthai Sawan ၿမိဳ႕က ေန႔ကေလးထိန္းေက်ာင္းမွာ ၾကာသပေတးေန႔က ရဲတပ္ဖြဲ႔ဝင္ေဟာင္းတေယာက္က ေသနတ္ေတြ၊ ဓါးေတြနဲ႔ ဝင္ေရာက္တိုက္ခိုက္ခဲ့တာေၾကာင့္ ကေလး ၂၄ ေယာက္ အပါအဝင္ စုစုေပါင္း ၃၆ ေယာက္ ေသဆုံးခဲ့ပါတယ္။

==== Unicode ====

ထိုင်းနိုင်ငံက နေ့ကလေးထိန်းကျောင်းမှာ အသတ်ခံလိုက်ရတဲ့ ကလေးတွေအတွက် ဝတ်ပြုဆုတောင်းပွဲကိုတော့ အဲဒီ နေ့ကလေးထိန်းကျောင်း အပြင်ဘက်မှာ မိသားစုဝင်တွေ ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။ သေဆုံးသွားတဲ့ ကလေးတွေရဲ့ မိသားစုဝင်တွေက ကလေးတွေအတွက် ဖယောင်းတိုင်တွေ အမွှေးတိုင်တွေထွန်းပြီး၊ ပန်းတွေ၊ ပေါက်ပေါက်ဆုပ်တွေ၊ အအေးတွေနဲ့အတူ ကလေးတွေရဲ့ အရုပ်လေးတွေလည်း ကျောင်းရဲ့ အပြင်ဘက်မှာ ချထားပြီးတော့ ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။

ဒါ့အပြင် နောက်ထပ် ဘုန်းကြီးကျောင်း ၃ ကျောင်းမှာလည်း ဝတ်ပြုဆုတောင်းတာတွေ ဒီနေ့လုပ်ခဲ့ကြပြီး ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာလည်း ညနေပိုင်းမှာ တက်ရောက်ခဲ့ပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းက ကျောင်းအပြင်ဘက်မှာလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲအတွင်း ကလေးတွေရဲ့ ကျန်ခဲ့တဲ့ပစ္စည်းတွေကို အိတ်တွေနဲ့ထည့်ပြီး မိသားစုဝင်တွေကို ပေးခဲ့ကြပါတယ်။ ဒီဝတ်ပြုဆုတောင်းပွဲ ပြီးခါနီးမှာတော့ ငိုကြွေးနေကြတဲ့ မိသားစုဝင်တွေဟာ ကျောင်းထဲကိုကြည့်ပြီး ကလေးတွေကို သူတို့နဲ့ ပြန်လိုက်ခဲ့ဖို့ အော်ခေါ်တာတွေ၊ လက်ဟန်ခြေဟန်အမူအယာတွေ လုပ်တာတွေလည်း ရှိခဲ့ပါတယ်။ နာရေးဝတ်ပြုဆုတောင်းပွဲ အခမ်းအနားတွေကို ၃ ရက်ဆက်တိုက်လုပ်သွားမှာ ဖြစ်ပြီးတော့ လာမယ့်အင်္ဂါနေ့မှာတော့ သေဆုံးသွားသူတွေအတွက် အသုဘအခမ်းအနားကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းက Uthai Sawan မြို့က နေ့ကလေးထိန်းကျောင်းမှာ ကြာသပတေးနေ့က ရဲတပ်ဖွဲ့ဝင်ဟောင်းတယောက်က သေနတ်တွေ၊ ဓါးတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂၄ ယောက် အပါအဝင် စုစုပေါင်း ၃၆ ယောက် သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG