သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်ဖမ်းထားတဲ့ အမေရိကန်စစ်သား ပြန်လွတ်မြောက်


တာလီဘန်တွေ ပြန်လွှတ်ပေးလိုက်တဲ့ တပ်ကြပ် Bowe Bergdah ရဲ့ မိဘနှစ်ပါးကို အိမ်ဖြူတော် နှင်းဆီခြံမှာ သမ္မတအိုဘားမားနှင့်အတူ တွေ့ရစဉ်။ (မေ ၃၁၊ ၂၀၁၄)
တာလီဘန်တွေ ပြန်လွှတ်ပေးလိုက်တဲ့ တပ်ကြပ် Bowe Bergdah ရဲ့ မိဘနှစ်ပါးကို အိမ်ဖြူတော် နှင်းဆီခြံမှာ သမ္မတအိုဘားမားနှင့်အတူ တွေ့ရစဉ်။ (မေ ၃၁၊ ၂၀၁၄)
အာဖဂန်နစ္စတန်နိုင်ငံမှာ ၅ နှစ်နီးပါးကြာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမေရိကန် စစ်သားတယောက်ကို တာလီဘန်အဖွဲ့က ပြန်လွှတ်ပေးလိုက်ပါတယ်။

ကျူးဘားမှာရှိတဲ့ ဂွာတာနာမိုဘေး အကျဉ်းစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားသူ ၅ ယောက်ကို အမေရိကန်က ပြန်လွှတ်ပေးခဲ့ပြီးတဲ့နောက် ဆာဂျင် ဘိုဝီ ဘတ်ဂ်ဒဲလ် Bowe Bergdahl ကို အမေရိကန် ပြည်ထောင်စုထံ ပြန်ပြီး လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေကပြောပါတယ်။

အခုလို အမေရိကန် ပြည်ထောင်စုနဲ့ တာလီဘန်အဖွဲ့အကြား အပြန်အလှန် အကျဉ်းသားလွှဲပြောင်းမှုတွေဟာ ကာတာ အစိုးရက ကြားဝင် ကမကထ ပြုလုပ်ပေးတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ နောက်ပိုင်းမှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ကာတာနိုင်ငံက ဖမ်းဆီးထားသူတွေကို တာဝန်ယူထားပေးပြီး သူတို့တွေအနေနဲ့ ကာတာနိုင်ငံအတွင်းမှာ အနည်းဆုံး တနှစ်နေထိုင်ရမယ်လို့ ဆိုပါတယ်။

အသက် ၂၈ နှစ် အရွယ်ရှိတဲ့ ဆာဂျင် ဘဂ်ဒဲလ် ရဲ့ ကျန်းမာရေးအခြေနေဟာ ကောင်းမွန်တဲ့အနေအထားရှိပြီး လမ်းလည်း ကောင်းကောင်းမွန်မွန် လျှောက်နိုင်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ သူဟာ အခုဆိုရင် အမေရိကန်စစ်တပ်ရဲ့ စောင့်လျှောက်မှုအောက်မှာ ရှိနေပြီ ဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။

အိုဟိုင်းယိုးပြည်နယ်သား ဆာဂျင် ဘဂ်ဒဲလ် ဟာ အာဖဂန်နစ္စတန်နိုင်ငံကို တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိပြီး ၂ လအကြာ ၂၀၀၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ တာလီဘန်တွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာပါ။
XS
SM
MD
LG