သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စီမံဘ႑ာဝန္ႀကီးေဟာင္း ဦးစိုးဝင္း ျပန္လြတ္လာ


Former NLD minister , U Soe win

ႏိုင္ငံေတာ္လွ်ဳိ ႔ဝွက္အက္ ဥပေဒခ်ိဳးေဖာက္တယ္ဆိုတဲ့ အမႈနဲ႔ ေထာင္ဒဏ္ ၃ ႏွစ္ခ်ခံထားရတဲ့ NLD အစိုးရ လက္ထက္ စီမံဘ႑ာေရးဝန္ႀကီး ဦးစိုးဝင္း ေအာက္တိုဘာ ၂၈ ရက္ ေသာၾကာေန႔က ျပန္လြတ္လာပါတယ္။ လြတ္ရက္ျပည့္ဖို႔ ၁ ႏွစ္ေက်ာ္ က်န္ေနေသးေပမဲ့၊ ဘာေၾကာင့္ ျပန္လႊတ္ေပးလိုက္သလဲဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။ အူမႀကီးကင္ဆာေရာဂါ ခံစားေနရတဲ့ ဦးစိုးဝင္း ရမည္းသင္းေထာင္က ျပန္လြတ္လာတယ္ဆိုတာကို နီးစပ္သူေတြက အတည္ျပဳပါတယ္။

ဦးစိုးဝင္းဟာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ စီးပြားေရးပညာရွင္ ေရွာင္တာနယ္၊ NLD အစိုးရလက္ထက္က စီမံ/ဘ႑ာဝန္ႀကီး ဦးေက်ာ္ဝင္း၊ ဒုဝန္ႀကီး ဦးဆက္ေအာင္တို႔ႏွင့္အတူ ႏိုင္ငံေတာ္လွ်ဳိ ႔ဝွက္ခ်က္ အက္ဥပေဒ ပုဒ္မ ၃-၁ (ဂ) ကိုခ်ိဳးေဖာက္တယ္လို႔ဆိုၿပီး တရားစြဲခံရကာ စက္တင္ဘာလက ေထာင္ဒဏ္ ၃ ႏွစ္စီ ျပစ္ဒဏ္ခ်ခံခဲ့ရတာျဖစ္ပါတယ္။ အခုဦးစိုးဝင္း ျပန္လြတ္လာေပမဲ့ သူနဲ႔ အမႈတြဲ တခုထဲ ေထာင္က်ေနသူေတြေတာ့ ျပန္လြတ္လာျခင္း မရွိပါဘူး။

အသက္ ၈၄ ႏွစ္အ႐ြယ္ ဦးစိုးဝင္းကို စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးၿပီး ေနျပည္ေတာ္ေထာင္မွာ ခ်ဳပ္ေႏွာင္ခဲ့ပါတယ္။ ဖမ္းဆီခံထားရစဥ္အတြင္း အူမႀကီးကင္ဆာေရာဂါေၾကာင့္ ေနျပည္ေတာ္ကုတင္ ၁၀၀၀ ေဆး႐ုံမွာ အႀကိမ္ႀကိမ္ ခြဲစိတ္ကုသမႈခံယူခဲ့ရပါတယ္။ သူ႔အမႈ စစ္ေဆးေနစဥ္ကာလမွာပဲ ကင္ဆာေရာဂါေၾကာင့္ အာမခံရတဲ့အတြက္ အမႈကို အျပင္အက်ယ္ခ်ဳပ္ဘဝနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ျပစ္ဒဏ္ခ်ခံရၿပီးေနာက္မွာေတာ့ သူဟာ ရမည္းသင္း အက်ဥ္းေထာင္မွာ ေျပာင္းေ႐ႊ႕အက်ဥ္းခ်ခံခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ေဟာင္း ဦးလွသိန္းနဲ႔ အဖြဲ႕ဝင္ ဦးျမင့္ႏိုင္တို႔ ရမည္းသင္းအက်ဥ္းေထာင္ကေန ျပန္လည္လြတ္ေျမာက္လာခဲ့ၾကပါတယ္။

=== Unicode ===

နိုင်ငံတော်လျှို့ဝှက်အက် ဥပဒေချိုးဖောက်တယ်ဆိုတဲ့ အမှုနဲ့ ထောင်ဒဏ် ၃ နှစ်ချခံထားရတဲ့ NLD အစိုးရ လက်ထက် စီမံဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်း အောက်တိုဘာ ၂၈ ရက် သောကြာနေ့က ပြန်လွတ်လာပါတယ်။ လွတ်ရက်ပြည့်ဖို့ ၁ နှစ်ကျော် ကျန်နေသေးပေမဲ့၊ ဘာကြောင့် ပြန်လွှတ်ပေးလိုက်သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ အူမကြီးကင်ဆာရောဂါ ခံစားနေရတဲ့ ဦးစိုးဝင်း ရမည်းသင်းထောင်က ပြန်လွတ်လာတယ်ဆိုတာကို နီးစပ်သူတွေက အတည်ပြုပါတယ်။

ဦးစိုးဝင်းဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးပညာရှင် ရှောင်တာနယ်၊ NLD အစိုးရလက်ထက်က စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်တို့နှင့်အတူ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) ကိုချိုးဖောက်တယ်လို့ဆိုပြီး တရားစွဲခံရကာ စက်တင်ဘာလက ထောင်ဒဏ် ၃ နှစ်စီ ပြစ်ဒဏ်ချခံခဲ့ရတာဖြစ်ပါတယ်။ အခုဦးစိုးဝင်း ပြန်လွတ်လာပေမဲ့ သူနဲ့ အမှုတွဲ တခုထဲ ထောင်ကျနေသူတွေတော့ ပြန်လွတ်လာခြင်း မရှိပါဘူး။

အသက် ၈၄ နှစ်အရွယ် ဦးစိုးဝင်းကို စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးပြီး နေပြည်တော်ထောင်မှာ ချုပ်နှောင်ခဲ့ပါတယ်။ ဖမ်းဆီခံထားရစဉ်အတွင်း အူမကြီးကင်ဆာရောဂါကြောင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံမှာ အကြိမ်ကြိမ် ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။ သူ့အမှု စစ်ဆေးနေစဉ်ကာလမှာပဲ ကင်ဆာရောဂါကြောင့် အာမခံရတဲ့အတွက် အမှုကို အပြင်အကျယ်ချုပ်ဘဝနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပြစ်ဒဏ်ချခံရပြီးနောက်မှာတော့ သူဟာ ရမည်းသင်း အကျဉ်းထောင်မှာ ပြောင်းရွှေ့အကျဉ်းချခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးလှသိန်းနဲ့ အဖွဲ့ဝင် ဦးမြင့်နိုင်တို့ ရမည်းသင်းအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ကြပါတယ်။

XS
SM
MD
LG