သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးလွတ်လပ်ခွင့်ညီလာခံဝေဖန်မှု မြန်မာစိတ်ပျက်


ဝါရှင်တန်ဒီစီြမို့တော်မှာ ဇူလိုင် ၂၆ ရက်က ဘာသာရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းရေးဆိုင်ရာ ညီလာခံ
ဝါရှင်တန်ဒီစီြမို့တော်မှာ ဇူလိုင် ၂၆ ရက်က ဘာသာရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းရေးဆိုင်ရာ ညီလာခံ

ဝါရှင်တန်ဒီစီြမို့တော်မှာ ဇူလိုင်လ ၂၆ ရက်နေ့ကကျင်းပတဲ့ ဘာသာရေး လွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းရေး ဆိုင်ရာ ညီလာခံက နေ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်အပေါ် အထူးပဲ စိတ်ပျက်ရတဲ့အကြောင်း အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာ သံရုံးက ဇူလိုင်လ ၂၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဲဒီညီလာခံကို မြန်မာနိုင်ငံတက်ရောက်ဖို့ ဖိတ်ကြားခြင်းမရှိတဲ့အတွက် မြန်မာနိုင်ငံရဲ့ ရပ်တည် ချက်ကို ရှင်းလင်းပြောဆို ခွင့်မရတဲ့အပေါ် စိတ် မကောင်း တဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ နုနယ်တဲ့ ဒီမိုကရေစီနိုင်ငံတခုဖြစ်ပြီး ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အခြေအနေမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတခုဖြစ်တယ်လို့ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပြောထား ပါတယ်။ သက်တမ်းနုသေးတဲ့ အရပ်သားအစိုးရအနေနဲ့ လွန်ခဲ့တဲ့နှစ်နှစ်မှာ တာဝန်စယူချိန်ကတည်းက ရခိုင်ပြည်နယ်ကအခြေအနေအပါအဝင် အရေး ကြီးတဲ့ကိစ္စရပ်တွေကိုဖြေရှင်းဖို့ အခိုင်အမာ သန္နိဋ္ဌာန်ချထားပြီး သက်ဆိုင်သူ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ပြောထားပါတယ်။

ဒီလိုအရေးကြီးတဲ့ အချိန်ကာလမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအတွက် ရေရှည်ခိုင်မာတဲ့ အဖြေတွေကို ရှာဖွေဖို့ မြန်မာနိုင်ငံ က ကြိုးစားနေတဲ့အပေါ် အမေရိကန်အစိုးရအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ နားလည်မှုနဲ့ အားပေးထောက်ခံမှုတို့ကို မြန်မာသံရုံးအနေနဲ့ အထူးပဲမြင်တွေ့ချင်တဲ့အကြောင်း မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇူလိုင်လ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ အမေရိကန်နိုင်ငံခြားရေးဌာနမှာ ကျင်းပတဲ့ အဲဒီညီလာခံကို နိုင်ငံခြားရေးဝန်ကြီးတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ က ကိုယ်စားလှယ်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ အရပ်ဘက်လူမှု အဖွဲ့ အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

ညီလာခံတက်ရောက်ဖို့ ဖိတ်ကြားတဲ့ထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံလည်းပါပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး A. H. Mahmood Ali ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG