သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Ruth Bader Ginsburg ကို ျမန္မာအမ်ဳိးသမီးေတြ ဘာေၾကာင့္ ေလးစားအတူယူၾကသလဲ


အေမရိကန္သမိုင္းမွာ အလြန္အင္မတန္အေရးပါခဲ့တဲ့ ကြယ္လြန္သူ အေမရိကန္တရားရံုးခ်ဳပ္ အမ်ဳိးသမီး တရားသူႀကီး Ruth Bader Ginsburg အေပၚ ျမန္မာအမ်ဳိးသမီးေတြရဲ႕အျမင္ ဘယ္လိုရွိပါသလဲ။

Zawgyi/ Unicode
အေမရိကန္သမိုင္းမွာ အမ်ဳိးသမီးအခြင့္အေရး၊ လိင္ခဲြျခားမႈမရွိ တန္းတူအခြင့္အေရး စတာေတြ ကာကြယ္ျမွင့္တင့္ဖို႔ ဥပေဒဆိုင္ရာျပဌာန္းခ်က္ေတြကို ခ်မွတ္ႏိုင္ေရး အင္မတန္အေရးပါခဲ့တဲ့ ကြယ္လြန္သူ အေမရိကန္တရားရံုးခ်ဳပ္ အမ်ဳိးသမီး တရားသူႀကီး Ruth Bader Ginsburg အေပၚ ျမန္မာအမ်ဳိးသမီးေတြရဲ႕အျမင္ ဘယ္လိုရွိပါသလဲ။

အသက္ (၈၇)ႏွစ္အရြယ္ အေမရိကန္တရားရံုးခ်ဳပ္ရဲ႕ ဒုတိယေျမာက္ တရားသူႀကီးျဖစ္လာတဲ့ Ruth Bader Ginsburg ဟာ စက္တင္ဘာလ (၁၈)ရက္ေန႔က ကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားပါတယ္။ အေမရိကန္ျပည္သူအမ်ားစုကေတာ့ သူလိုလူမ်ဳိး အစားထိုးမရႏိုင္တဲ့ တိုင္းျပည္အတြက္ ႀကီးမားတဲ့ဆံုးရွဳံးမႈႀကီးအျဖစ္ ၀မ္းနည္းေၾကကဲြခဲ့ၾကပါတယ္။
RBG လို႔ အေမရိကန္ျပည္သူေတြ ခ်စ္စႏိုးေခၚၾကတဲ့ Ruth Bader Ginsburg ဘ၀ျဖတ္သန္းမႈ အမွတ္တရ အစီအစဥ္အျဖစ္ အဆိုေတာ္ပန္းအိစံလို႔ လူသိမ်ားခဲ့ၿပီး အေမရိကန္မွာ အေျခခ်ေနထိုင္ေနတဲ့ အမ်ဳိးသမီးေရးနဲ႔ လူမႈေရးရာ တက္ၾကြလႈပ္ရွားသူ ေဒၚယုဇနခင္၊ အေမရိကန္ အထက္လႊတ္ေတာ္နဲ႔ ျပည္နယ္လႊတ္ေတာ္ေတြရဲ႕လူမႈအက်ဳိးျပဳ စြမ္းေဆာင္စုရွင္ မခိုင္ေငြႏွင္းေဇာ္ (Khinder Creations လုပ္ငန္းရွင္) တို႔ကို Skype ကေန မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။
-----------------------------

Ruth Bader Ginsburg ကို မြန်မာအမျိုးသမီးတွေ ဘာကြောင့် လေးစားအတူယူကြသလဲ

အမေရိကန်သမိုင်းမှာ အမျိုးသမီးအခွင့်အရေး၊ လိင်ခွဲခြားမှုမရှိ တန်းတူအခွင့်အရေး စတာတွေ ကာကွယ်မြှင့်တင့်ဖို့ ဥပဒေဆိုင်ရာပြဌာန်းချက်တွေကို ချမှတ်နိုင်ရေး အင်မတန်အရေးပါခဲ့တဲ့ ကွယ်လွန်သူ အမေရိကန်တရားရုံးချုပ် အမျိုးသမီး တရားသူကြီး Ruth Bader Ginsburg အပေါ် မြန်မာအမျိုးသမီးတွေရဲ့အမြင် ဘယ်လိုရှိပါသလဲ။

အသက် (၈၇)နှစ်အရွယ် အမေရိကန် တရားရုံးချုပ်ရဲ့ ဒုတိယမြောက် တရားသူကြီးဖြစ်လာတဲ့ Ruth Bader Ginsburg ဟာ စက်တင်ဘာလ (၁၈)ရက်နေ့က ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ အမေရိကန်ပြည်သူအများစုကတော့ သူလိုလူမျိုး အစားထိုးမရနိုင်တဲ့ တိုင်းပြည်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီးအဖြစ် ဝမ်းနည်းကြေကွဲခဲ့ကြပါတယ်။
RBG လို့ အမေရိကန်ပြည်သူတွေ ချစ်စနိုးခေါ်ကြတဲ့ Ruth Bader Ginsburg ဘဝဖြတ်သန်းမှု အမှတ်တရ အစီအစဉ်အဖြစ် အဆိုတော်ပန်းအိစံလို့ လူသိများခဲ့ပြီး အမေရိကန်မှာ အခြေချနေထိုင်နေတဲ့ အမျိုးသမီးရေးနဲ့ လူမှုရေးရာ တက်ကြွလှုပ်ရှားသူ ဒေါ်ယုဇနခင်၊ အမေရိကန် အထက်လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေရဲ့လူမှုအကျိုးပြု စွမ်းဆောင်စုရှင် မခိုင်ငွေနှင်းဇော် (Khinder Creations လုပ်ငန်းရှင်) တို့ကို Skype ကနေ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
XS
SM
MD
LG