သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတလောင်းအတွက် ရီပတ်ဘလစ်ကန် စကားစစ်ထိုးပွဲ

ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းအဖြစ် အရွေးခံရဖို့ ကြိုးစားနေကြသူတွေဟာ ဒီကနေ့ အင်္ဂါနေ့မှာတော့ ပြည်နယ်လေးခုမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကြဖို့ ရှိနေပြီး အားလုံးထဲမှာ ထိပ်ဆုံးကပြေးနေတဲ့ Donald Trump ကပဲ ဒီကနေ့ အကြိုရွေးကောက်ပွဲတွေမှာလည်း ထပ်မံ အနိုင်ရနိုင်ချေ ရှိနေပါတယ်။

ဒီကနေ့ အကြိုရွေးကောက်ပွဲတွေမှာ မစ်ရှီကန်ပြည်နယ်နဲ့ ဒီပြည်နယ်က ပါတီကိုယ်စားလှယ် ၅၉ ဦးရဲ့ ထောက်ခံမှုရဖို့က ယှဉ်ပြိုင်သူတွေအတွက် အရေးကြီးဆုံးဖြစ်ပါတယ်။ ရီပတ်ဘလီကန် သမ္မတလောင်းတွေ အနေနဲ့ ဒီကနေ့ မဲရလဒ်တွေပေါ် အခြေခံပြီး ပါတီကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုရတာ ကြောင့်ပါ။ Mississippi, Idaho နဲ့ Hawaii ပြည်နယ်သုံးခု ပေါင်းမှာတော့ ကိုယ်စားလှယ် အရေအတွက်က ၉၁ ဦး ရှိပါတယ်။ ဒီကနေ့ အကြိုရွေးကောက်ပွဲတွေ မတိုင်ခင်အထိ မစ္စတာ Trump က တက္ကဆက်ပြည်နယ် အထက်လွှတ်တော် အမတ် Ted Cruz ထက် ကိုယ်စားလှယ်ဦးရေ ၈၂ ဦးပိုရထားပြီး အသာစီးရနေပါတယ်။ ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်အမတ် Marco Rubio နဲ့ Ohio ပြည်နယ် အုပ်ချုပ်ရေးမှူး John Kasich တို့ကတော့ နောက်မှာ အပြတ်အသတ် ကျန်ရစ်ခဲ့တာပါ။ ဒါပေမဲ့ သူတို့ကလည်း ရှေ့သီတင်းပတ် သူတို့ပြည်နယ်တွေမှာကျင်းပမယ့် အကြိုရွေးကောက်ပွဲတွေကျရင်တော့ အကြီးအကျယ် အနိုင်ရဖို့ အတွက် မဲဆွယ်စည်းရုံးမှုတွေကို အရှိန်မြင့် လုပ်ဆောင်နေကြပါတယ်။

ဒီမိုကရက်တစ်ပါတီဘက်မှာတော့ ဒီကနေ့ မစ်ရှီကန်နဲ့ မစ္စစပီပြည်နယ်နှစ်ခုမှာပဲ အကြို ရွေးကောက်ပွဲတွေ ကျင်းပါမှာပါ။ လောလောဆယ် အထိကတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က ဗားမောက်ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ကို အသာစီးရနေပါတယ်။

This item is part of
XS
SM
MD
LG