သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mitt Romney ကို ရီပတ်ဘလီကန်ပါတီ သမ္မတလောင်းအဖြစ် အတည်ပြုရွေးချယ်


Republican အမျိုးသားညီလာခံစင်မြင့်ပေါ်သို့ ကိုယ်စားလှယ်လောင်း Mitt Rlomney တက်လာချိန် ထောက်ခံသူများက အားပေးနေပုံ။ (၀၈၊ ၂၈၊ ၁၂)
Republican အမျိုးသားညီလာခံစင်မြင့်ပေါ်သို့ ကိုယ်စားလှယ်လောင်း Mitt Rlomney တက်လာချိန် ထောက်ခံသူများက အားပေးနေပုံ။ (၀၈၊ ၂၈၊ ၁၂)
အမေရိကန်ပြည်ထောင်စုရဲ့ အဓိက နိုင်ငံရေးပါတီကြီး နှစ်ခုထဲက တစ်ခုဖြစ်တဲ့ ရီပတ်ဘလီကန်ပါတီ (Republican Party) ရဲ့ ကျင်းပနေဆဲ ပါတီညီလာခံ ဒုတိယနေ့ မနေ့က သြဂက်စ်လ (၂၈) ရက်နေ့ မှာ လာမယ့်နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းအဖြစ် မက်ဆာချူးဆက်ပြည် နယ် (Massachusetts State) ရဲ့ အုပ်ချုပ်ရေးမှူးဟောင်း မစ်(တ်) ရော်မနီ (Mitt Romney) နဲ့ ဒုတိယ သမ္မတလောင်းအဖြစ် ဝစ္စကွန်ဆင်ပြည်နယ် (Wisconsin State) ကိုယ်စားပြု အောက် လွှတ်တော်အမတ် ပေါလ် ရိုင်ရယ်န် (Paul Ryan) တို့ကို တရားဝင် ရွေးချယ်လိုက်ကြပါတယ်။

ဖလော်ရီဒါပြည်နယ် (Florida State) ပြည်နယ်၊ တယ်မ်ပါ (Tampa) မြို့မှာကျင်းပနေတဲ့ ရီပတ် ဘလီကန် ပါတီညီလာခံမှာ တက်ရောက်လာကြတဲ့ ပြည်နယ်အားလုံးပေါင်း (၅၀) နဲ့ အမေရိကန် အစိုးရအုပ်ချုပ်ရေးဒေသတွေရဲ့ကိုယ်စားလှယ်တွေက ရော်မနီကို သမ္မတလောင်းအဖြစ် တခဲ နက် ရွေးချယ်လိုက်ကြတာပါ။ ပါတီညီလာခံကိုယ်စားလှယ် ပေါင်း(၁၁၄၄) ဦးရဲ့ ထောက်ခံမဲရရှိဖို့ လိုအပ်နေတဲ့ ရော်မနီဟာ ဒီလိုအပ်ချက်ထက် ပိုပြီး ထောက်ခံမဲတွေကို ရရှိပြီး ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်း အဖြစ်ရွေးချယ်လိုက်ကြောင်း ညီလာခံကနေ ကြေညာခဲ့ပါတယ်။

နယူးဟမ့်ပ်ရှိုင်းယားပြည်နယ် (New Hampshire State) ရဲ့ အုပ်ချုပ်ရေးမှူး ဂျွန်ဆူနုနု (John Sununu) က ပါတီညီလာခံရဲ့ သမ္မတလောင်းရွေးချယ်တဲ့ လုပ်ထုံးလုပ်နည်းအစီအစဉ်တွေ အတိုင်း စတင် လုပ်ဆောင်ခဲ့ပြီးတော့ ရော်မနီဟာ အချိန်အခါသင့် နေရာမှန် လူမှန် ရွေးချယ်ခံရသူဖြစ်သလို ပျက်စီးချွတ်ယွင်းပြီး မပြုမပြင် ဖြစ်နေတာတွေကို ပြုပြင်ပြင် ဆင်နိုင်သူ ဖြစ်တယ်လို့လည်း ပြောဆို လိုက်ပါတယ်။

ဒီပါတီညီလာခံမှာ တက္ကဆက်(စ်)ပြည်နယ် (Texas State) ကိုယ်စားပြု အောက်လွှတ်တော်အမတ် ရွန်ပေါလ် (Ron Paul) ကိုလည်း သမ္မတလောင်းအဖြစ် ထောက်ခံတဲ့ ဆန္ဒမဲတချို့ ရရှိခဲ့ပါတယ်။ ဒေ သစံတော်ချိန် အင်္ဂ ါနေ့ညပိုင်းမှာ ရော်မနီရဲ့ ဇနီးဖြစ်သူ အဲန်ရော်မနီ (Ann Romney)၊ တောင် ကာရို လိုင်းနားပြည်နယ် (South Carolina State) ရဲ့ အုပ်ချုပ်ရေးမှူး နစ်ကီဟေ လီ (Nikki Haley) တို့က ဒီညီလာခံမှာ မိန့်ခွန်းတွေ ပြောကြားကြမှာ ဖြစ်သလို ညီလာခံရဲ့ အဓိကမိန့်ခွန်းကိုတော့ နယူးဂျာဆီပြည်နယ် (New Jersey State) အုပ်ချုပ်ရေးမှူး ခရစ်(စ်) ခရစ္စတီး (Chris Christie) က ပြောကြားမှာ ဖြစ်ပါတယ်။

အဲန်ရော်မနီက၊ သူ့အနေနဲ့ အိမ်ထောင်သက် (၄၃)နှစ်ကြာ ပေါင်းသင်းလာခဲ့တဲ့ ခင်ပွန်းဖြစ်သူ မစ်(တ်) ရော်မနီအတွက် နှလုံးသားထဲကလာတဲ့ စကားလုံးတွေနဲ့ သူ့ရဲ့မိန့်ခွန်းကို ပြောကြား မှာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီ (Democratic Party) ရဲ့ သမ္မတလောင်း လက်ရှိသမ္မတ အိုဘားမားရဲ့ မဲဆွယ်စည်းရုံရေးအဖွဲ့က မစ်(တ်) ရော်မနီဟာ နေ့စဉ် ရုန်းကန်လှုပ်ရှားနေကြရတဲ့ သာမန် အမေရိ ကန် ပြည်သူ လူထုတွေနဲ့ ကင်းကွာ အလှမ်းဝေးနေသူအဖြစ် ပုံဖော် ပြောဆိုစည်းရုံးနေတာ ကို ချေဖျက်နိုင်ဖို့အတွက် ဇနီးဖြစ်သူ အဲန်ရော်မနီက သူမရဲ့ မိန့်ခွန်းမှာ မစ်(တ်) ရော်မနီရဲ့နေ့စဉ် သာမန် အမေရိကန် အိမ်ထောင်ရှင်ခင်ပွန်းသည် တစ်ယောက်အဖြစ် နေထိုင်သွားလာ လှုပ်ရှားနေ ပုံတွေကို အဓိကထားပြီး ပြောကြား လိမ့်မယ်လို့ ရီပတ်ဘလီကန်ပါတီခေါင်းဆောင်တွေက မျှော်လင့် ထားကြပါတယ်။

ဒီညီလာခံရဲ့ အဓိကမိန့်ခွန်းပြောကြားမယ့် နယူးဂျာဆီပြည်နယ် အုပ်ချုပ်ရေးမှူး ခရစ်(စ်) ခရစ္စတီး (Chris Christie) ကတော့ ပြီးခဲ့တဲ့ သုံးနှစ်ခွဲကာလအတွင်း ဒီမိုကရက်သမ္မတ အိုဘားမားရဲ့ မအောင်မြင်တဲ့ မူဝါဒတွေကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ ဆုံးရှုံး နစ်နာမှုတွေကို မီးမောင်းထိုး ပြောကြားသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
XS
SM
MD
LG