သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းကြောင့် Republican ပါတီညီလာခံ အခက်အခဲတွေ့


Republican နိုင်ငံလုံးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ Reince Priebus ပါတီ ညီလာခံတွင် အဖွင့်မိန့်ခွန်းပြောနေစဉ်။ (၀၈၊ ၂၇၊၁၂)
Republican နိုင်ငံလုံးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ Reince Priebus ပါတီ ညီလာခံတွင် အဖွင့်မိန့်ခွန်းပြောနေစဉ်။ (၀၈၊ ၂၇၊၁၂)
ပါတီရဲ့ သမ္မတလောင်းအဖြစ် Mitt Romney ကို တရားဝင် အမည်စာရင်းတင်သွင်းမယ့် ရီပတ်ဘလီကန် ပါတီညီလာခံ စတင်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အပူပိုင်းမုန်တိုင်းတခုဟာ ပါတီညီလာခံကျင်းပရာ ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်းကို အဖျားခတ် သွားခဲ့တာမို့ ညီလာခံပထမနေ့ဖြစ်တဲ့ တနလာၤနေ့ အစီအစဉ်အများအပြားကို ရွှွေ့ဆိုင်းခဲ့ရပါတယ်။

ရီပတ်ဘလီကန် နိုင်ငံလုံးဆိုင်ရာဥက္ကဋ္ဌ Reince Priebus က လေးရက်ကြာ ညီလာခံကို စတင်ကြောင်း ကြေညာလိုက် ပြီးပြီးချင်းမှာပဲ ညီလာခံကို ရပ်နားလိုက်ပါတယ်။ ကျန်တဲ့သုံးရက်အတွင်း မိန့်ခွန်းပြောမယ့်အစီအစဉ်တွေနဲ့ တခြားအစီအစဉ်တွေကို ပါတီတာဝန်ရှိသူတွေက အစီအစဉ် ပြန် ဆွဲနေကြပါတယ်။

ဖလော်ရီဒါပြည်နယ်၊ တမ်ပါမြို့ရဲ့အနောက်ဘက် မိုင် ၁၈၀ ကျော်အကွာကနေ ဖြတ်သန်း တိုက်ခတ် သွားဖွယ်ရှိတဲ့ အိုင်းဆက်ဇ် အပူပိုင်းမုန်တိုင်းကြောင့် ပါတီညီလာခံအစီအစဉ်တွေ နှောင့်နှေးခဲ့ရတာပါ။

မုန်တိုင်းဟာ တမ်ပါမြို့နားကနေ ဖြတ်သွားပြီးတဲ့ နောက် မက္ကဆီကိုပင်လယ်ကွေ့တလျှောက် ဖြတ်သန်း တိုက်ခတ်ချိန် ပိုအားကောင်းသွားပါလိမ့်မယ်။
XS
SM
MD
LG