သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပတ်ဘလီကင်ရဲ့ ၁၅ ယောက်မြောက် သမ္မတကိုယ်စားလှယ်လောင်း Scott Walker

ရီပတ်ဘလီကင်ပါတီက ၁၅ ယောက်မြောက် သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်အရွေးခံမယ့် Wisconsin ပြည်နယ်အုပ်ချုပ်ရေးမှူး Scott Walker
ရီပတ်ဘလီကင်ပါတီက ၁၅ ယောက်မြောက် သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်အရွေးခံမယ့် Wisconsin ပြည်နယ်အုပ်ချုပ်ရေးမှူး Scott Walker

၂၀၁၆ ခုနှစ်မှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီကိုယ်စားပြု ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ် အများအပြား ရှိနေပြီးဖြစ်တဲ့အထဲကို Wisconsin ပြည်နယ် အုပ်ချုပ်ရေးမှူး Scott Walker ကလည်း သူဝင်ရောက်ယှဉ်ပြိုင်မယ့်အကြောင်း တနင်္လာနေ့က တရားဝင် ကြေညာလိုက်ပြီး အမေရိကန်ပြည်သူတွေအတွက် အောင်ပွဲရအောင် သူ့အနေနဲ့ တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

အသက် ၄၇ နှစ်ရှိပြီတဲ့ Scott Walker ဟာ ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းတဲ့ ၁၅ ယောက်မြောက် ဖြစ်ပါတယ်။ နိုင်ငံရေးစစ်တမ်းတွေအရကတော့ သူဟာ ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်းတွေအနက် ထောက်ခံသူများတဲ့ စာရင်းထဲမှာ ရှေ့တန်းက ပါနေသူတဦးဖြစ်ပြီး သူ့ပြည်နယ်နဲ့ အိမ်နီးချင်းပြည်နယ်ဖြစ်တဲ့ Iowa ပြည်နယ်ဟာလည်း ပါတီတွင်း ပဏာမ ရွေးကောက်တင်ပွဲတွေကို ဖေဖော်ဝါရီလမှာ ပထမဆုံး ပြုလုပ်မယ့် ပြည်နယ်ဖြစ်တဲ့အပြင် အဲဒီ ပြည်နယ်က သူ့ကို ထောက်ခံသူများတယ်လို့ ဆိုပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတ ကိုယ်စားလှယ်လောင်းလည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ Hillary Clinton ကတော့ သူမရဲ့ စီးပွားရေး အစီအစဉ်ကို တနင်္လာနေ့က နယူးယောက်မြို့မှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။ သူမရဲ့စီးပွားရေး အစီအစဉ်ထဲမှာ အနိမ့်ဆုံးလစာကို တိုးမြှင့်ပေးရေးနဲ့ ကုမ္ပဏီတွေအနေနဲ့အမြတ်အစွန်းကို အလုပ်သမားတွေပါ မျှဝေခံစားခွင့်ရှိအောင် လုပ်ဆောင်ပေးတာ အပါအဝင် အလုပ်သမားတွေရဲ့ ဝင်ငွေ တိုးမြင့်လာအောင် မူဝါဒသစ်တွေ ချမှတ်ရေးတို့ကို အဆိုပြုထားပါတယ်။

This item is part of
XS
SM
MD
LG