သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီညီလာခံအပြီး မဲဆွယ်စည်းရုံးပွဲများ Mitt Romney စတင်


Republican presidential candidate, former Massachusetts Gov. Mitt Romney
Republican presidential candidate, former Massachusetts Gov. Mitt Romney
အမေရိကန်ပြည်ထောင်စု Republican Party ရဲ့ သမ္မတလောင်း အဖြစ် Mitt Romney တရားဝင်ကြေညာခြင်းခံရပြီး နာရီပိုင်းအကြာမှာပဲ၊ သူဟာ Florida ပြည်နယ်ထဲကို မဲဆွယ်စည်းရုံးရေး ခရီးထွက်ခဲ့ပြီးတော့၊ ဆုတ်ယုတ်နေတဲ့ အမေရိကန်စီးပွားရေးကို ပြန်ပြီးဆယ်တင်ဖို့ သမ္မတ Barack Obama ရဲ့ ကြိုးပမ်းမှု တွေ မအောင်မမြင် ကျဆုံးနေတယ်လို့ အသစ်တဖန်ထိုးနှက် တိုက်ခိုက်ဟောပြောနေပါတယ်။ လွန်ခဲ့တဲ့လေးနှစ်က သမ္မတ အိုဘားမား ကတိတွေပေးခဲ့တဲ့ လိုငွေပြနေတဲ့ အစိုးရရဲ့ အသုံးစားရိတ် လျှော့ချရေး အလုပ်အကိုင်အသစ်တွေ ဖန်တီးရေး စီးပွားရေး လုပ်ငန်းသစ်တွေ ဖေါ်ထုတ်ရေး ဆိုတာတွေဟာ၊ တစ်ခုမှ အကောင်အ ထည် ပေါ်မလာခဲ့ဘူးလို့၊ မဲဆွယ် လူထုစည်းဝေးပွဲတွေမှာ Mitt Romney က ပြောဆိုနေပါတယ်။

အခုအခါ ဟာရီကိန်းမုန်တိုင်း Isaac မုန်တိုင်းကျရောက်နေ လို့ လူငါးဦးသေဆုံးခဲ့ရပြီ ဖြစ်တဲ့ မက္ကဆီကို ပင်လယ်ကွေ့ ပြည်နယ် Louisiana ကို Mitt Romney သွားရောက်ဖို့ စီစဉ်ထားပါတယ်။ သမ္မတ အိုဘား မားကတော့ Louisiana ပြည်နယ်ကို လာမယ့် တနင်္လာနေ့မှာ သွားရောက်မှာ ဖြစ်ပါတယ်။ အင်္ဂါနေ့မှာ တော့ တာင် Carolina ပြည်နယ် Chorlete မြို့မှာ ကျင်းပမယ့် Democratic Party ညီလာခံမှာ၊ သမ္မတ အိုဘားမားကို လာမယ့် နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်း အဖြစ် တရားဝင် ကြေညာမှာ ဖြစ်ပါတယ်။

ဓနရှင်သူဋ္ဌေးကြီးတစ်ဦးဖြစ်တဲ့ Mitt Romney က၊ လူထုအပေါ် အခွန်အတုပ်တွေ လျှော့ကောက်ပြီး အစိုးရ အသုံးစားရိတ်ကိုလည်း လျှော့ချဖြတ်တောက်ရင်း၊ ဆုတ်ယုတ်နေတဲ့ အမေရိကန်စီးပွားရေးကို သူ့အနေနဲ့ ပြန်ပြီးဆယ်တင်ပေးမယ်လို့ မဲဆွယ်ကတိစကားပြောကြားနေပါတယ်။

သြဂက်စ်(၃၁)ရက်နေ့က Texas ပြည်နယ်ကို ရောက်ရှိနေတဲ့ သမ္မတ အိုဘားမားက၊ Mitt Romneyဟာ၊ ၁၉၃၀ ခုနှစ်တွေက အမေရိကန်ပြည်ထောင်စုမှာ စီးပွားပျက်ကပ်ကို ကျရောက်စေခဲ့တဲ့ မူဝါဒတွေဆီ ပြန်သွားနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
XS
SM
MD
LG