သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထက်လွှတ်တော်အမတ် Rubio သမ္မတလောင်း အရွေးခံမည်


၂၀၁၆ သမ္မတရွေးကောက်ပွဲဝင်ပြိုင်မယ့် ရီပတ်ဘလီကင်ပါတီက အထက်လွှတ်တော်အမတ် Marco Rubio
၂၀၁၆ သမ္မတရွေးကောက်ပွဲဝင်ပြိုင်မယ့် ရီပတ်ဘလီကင်ပါတီက အထက်လွှတ်တော်အမတ် Marco Rubio

အမေရိကန်နိုင်ငံမှာ ရှေ့နှစ်ထဲကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ကြေညာသူတွေ တနေ့တခြား များလာနေပြီဖြစ်ပါတယ်။

အရင်နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton က သူ့မဲဆွယ်ပွဲ စတင်လိုက်ပြီး နောက်တရက်မှာပဲ အထက်လွှတ်တော်အမတ် Marco Rubio ကလည်း သမ္မတလောင်းအဖြစ် ဝင်ရောက်အရွေးခံမယ့်အကြောင်း ဒီကနေ့ တနင်္လာနေ့မှာ ကြေညာဖို့ ရှိပါတယ်။

အသက် ၄၃ နှစ် ရှိပြီဖြစ်တဲ့ မစ္စတာ Rubio ဟာ ကျူးဘားကနေ လာရောက်အခြေချနေထိုင်သူရဲ့ သားတယောက်ဖြစ်ပါတယ်။ သမ္မတရွေးကောက်ပွဲမှာ သူပါဝင်ယှဉ်ပြိုင်ဖို့ ဒီကနေ့ညနေ မီယာမီမှာကျင်းပမယ့်ပွဲမှာ ကြေညာမယ်လို့ ခန့်မှန်းရပါတယ်။ ကျူးဘားနိုင်ငံမှာ Fidel Castro အစိုးရ လက်ထက် ၁၉၆၀ နှစ်တွေအတွင်း အမေရိကန်ပြည်ထောင်စုကို ထွက်ပြေးလာတဲ့ကျူးဘားနိုင်ငံသားတွေ ပထမဆုံး မှတ်ပုံတင်လုပ်ပေးတဲ့နေရာမှာ ဒီပွဲကိုကျင်းပမှာ ဖြစ်ပါတယ်။

မစ္စတာရူဘီယိုကတော့ သူ့သမ္မတလောင်းမဲဆွယ်ပွဲမှာ အမေရိကန်နိုင်ငံအတွက် လမ်းသစ်ကိုဖေါ်ဆောင်ပေးမယ်လို့ ကြေညာတဲ့ဗွီဒီယိုနဲ့ မဲဆွယ်မှာ ဖြစ်ပါတယ်။အဲဒီဗီဒီယိုထဲမှာ လက်ရှိသမ္မတ Barack Obama ရဲ့ မူဝါဒတွေကို ဝေဖန်ထားသလို အမေရိကန်နိုင်ငံအတွက် ခိုင်ခိုင်မာမာနဲ့ မားမားမတ်မတ် ရပ်တည်ပေးနိုင်မယ့် ခေါင်းဆောင်လိုအပ်ကြောင်း ပြောဆိုချက်တွေလည်း ပါဝင်ပါတယ်။

မစ္စတာရူဘီယိုဟာ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင်ပါတီကနေ ဝင်ရောက်အရွေးခံဖို့ပါဝင်ယှဉ်ပြိုင်မယ့် အထက်လွှတ်တော် အမတ် Rand Paul နဲ့ Ted Cruz တို့ပြီးရင် တတိယမြောက် ပါဝင်ယှဉ်ပြိုင်မယ့် ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ရီပတ်ဘလစ်ကင် ပါတီက Wisconsin ပြည်နယ် အုပ်ချုပ်ရေးမှုးScott Walker နဲ့ အရင် Florida အုပ်ချုပ်ရေးမှုးဟောင်းJeb Bush တို့လည်း ပါဝင်ယှဉ်ပြိုင်ကြမယ်လို့ မျှော်လင့်ရပါတယ်။

ဒီမိုကရက်တစ်ပါတီကနေ သမ္မတလောင်းအဖြစ် ဝင်ရောက်အရွေးခံဖို့အတွက် Hillary Clinton မနေ့က ကြေညာခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ အလယ် လတ်တန်းစား လူထုအတွက် သူဦးစားပေးဆောင်ရွက်မှာဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။

XS
SM
MD
LG