သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခွန်ငွေမူကြမ်း အထက်လွှတ်တော်အတည်ပြုရေး Republican အမတ် တွေကြိုးပမ်း


အထက်လွှတ်တော် ဘဏ္ဍာ ရေးကော်မီတီ
အထက်လွှတ်တော် ဘဏ္ဍာ ရေးကော်မီတီ

အမေရိကန်သမ္မတဒေါ်နလ်ထရမ့်နဲ့တွေ့ဆုံအပြီး Republican အထက်လွှတ်တော်အမတ်တွေက စီးပွါးရေးကော်ပို ရေးရှင်းကြီးတွေရဲ့အခွန်ထမ်းဆောင်မှုကို ထာဝရလျှော့ချမယ့်အပြင် ဝင်ငွေခွန်ထမ်းဆောင်မှုတွေကိုလည်း ယာယီလျှော့ ချပေးမယ့် အခွန်ငွေအမြောက်အများလျှော့ချမယ့်အစီအစဉ်ကို ဒီသီတင်းပတ်နှောင်းပိုင်းမှာ မဲပေးဆုံးဖြတ်ဖို့ ရည်ရွယ် တဲ့အကြောင်း အတည်ပြုခဲ့ကြပါတယ်။

ဒီအစီအစဉ်ကြောင့် အမေရိကန်ရဲ့ကြွေးမြီပမာဏဟာ တစ်ထရီလျှံဒေါ်လာကျော် တိုးလာမှာဖြစ်ပါတယ်။ အမတ်ပေါင်း တရာရှိတဲ့အထက်လွှတ်တော်မှာ ဝင်ငွေခွန်လျှော့ချရေးအစီအစဉ်နဲ့ပတ်သက်လို့ အနည်းဆုံး ထောက်ခံမဲ ၅၀ရရှိအောင် သမ္မတထရမ့်ကကြိုးပမ်းရာမှာ အခုလိုအိမ်ဖြူတော်မှာ အထက်လွှတ်တော် ဘဏ္ဍာ ရေးကော်မီတီ ရီပါဘလစ်ကန်အမတ်တွေနဲ့ နေ့လည်စာအတူစားရင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဝစ်ကွန်ဆန်ပြည်နယ် ရီပါဘလစ်ကန်အထက်လွှတ်တော်အမတ် ရွန် ဂျွန်ဆန်ကတော့ လက်ရှိအနေအထားအရ ဒီအစီအစဉ်ကို မဲမပေးနိုင် ဘူးလို့ဆိုပါတယ်။ ဘဏ္ဍာရေးကော်မီတီဥက္ကဌ ယူတာပြည်နယ်အထက်လွှတ်တော်အမတ် Orrin Hatch ကတော့ ထောက်ခံမဲ အနည်းဆုံးငါးဆယ်ရဖို့ကြိုးစားမယ်လို့ဆိုပါတယ်။

အထက်လွှတ်တော်မှာ ရီပါဘလီကန်ပါတီဘက်က အမတ် ၅၂ဦး ရှိပြီး။ ဒီမိုကရက်ပါတီဘက်ကတော့ ဒီအစီအစဉ်ကို ထောက်ခံမဲ့သူမရှိပါဘူး။ တကယ်လို့ မဲက ၅၀/ ၅၀ နဲ့ တိုက်နေမယ်ဆိုရင်တော့ ဒု-သမ္မတ Mike Pence က ဒီဥပဒေကြမ်းကို အတည်ပြုနိုင်မဲ့ ဆုံးဖြတ်မဲကိုအသုံးပြုနိုင်မှာဖြစ်ပါ တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG