သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဆင်နှာမောင်းအလွန် အသက်ရှင် ကျန်ရစ်သူတွေ ရှာဖွေဆဲ


လေဆင်နှာမောင်းအပြီး ကယ်ဆယ်ရေးအခြေအနေ။
လေဆင်နှာမောင်းအပြီး ကယ်ဆယ်ရေးအခြေအနေ။
အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းက Oklahoma ပြည်နယ်မှာ တနင်္လာနေ့တုန်းက တစ်နာရီကို မိုင် ၂၀၀ နီးပါးနှုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် လူပေါင်း ၅၁ ဦးထက်မနည်း သေဆုံးပြီး အပျက်အစီး ကြီးကြီးမားမား ဖြစ်ခဲ့တဲ့နောက်၊ အခု အပျက်အစီးတွေထဲက အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေး လုပ်သားတွေ ရှာဖွေ ကူညီရေး လုပ်ဆောင်နေကြပါတယ်။

သေဆုံးတဲ့ အရေအတွက် ဒီထက် ပိုများလာနိုင်တယ်လို့ အာဏာပိုင်တွေက ခန့်မှန်းပါတယ်။ သေဆုံးတဲ့အထဲမှာ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။ လေဆင်နှာမောင်း တိုက်ခိုက်မှုကြောင့် ကျောင်းတစ်ခုအတွင်းမှာ သေဆုံးခဲ့ကြတာပါ။

Oklahoma မြို့ ဆင်ခြေဖုံးက Moore ရပ်ကွက် အစိတ်အပိုင်း အတော်များများ ပျက်စီးသွားပါတယ်။ လေဆင်နှာမောင်းကြောင့် အဲ့ဒီရပ်ကွက် တစ်ခုလုံးနီးပါး လုံး၀ ပြားပြားဝပ်သွားခဲ့တာပါ။

ဒဏ်ရာရသူက ၁၂၀ ထက်မနည်း ရှိပါတယ်။ မုန်တိုင်းတိုက်ခတ်သွားတဲ့ ကျောင်းနှစ်ကျောင်းရဲ့ အပြိုအပျက်တွေထဲကနေ ကလေးငယ်အချို့ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပေမဲ့၊ ကလေးအချို့ဟာ ပျောက်ဆုံးနေဆဲ ရှိပါတယ်။ သူတို့ကလေးတွေကို ရှာဖွေနေတဲ့ မိဘတွေအတွက် အတော်ကြီး ကြေကွဲဝမ်းနည်း ရပါတယ်လို့ Oklahoma အုပ်ချုပ်ရေးမှူး မယ်ရီ ဖောလင်း (Mary Fallin) က သတင်းထောက်တွေကို ပြောပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကူညီဖို့ ပြည်နယ်စောင့်တပ်တွေရော၊ ရဲတွေကိုပါ ထပ်လွှတ်ပေးထားတယ်လို့ ပြောပါတယ်။ သမ္မတ အိုဘားမားကလည်း FEMA ခေါ်တဲ့ ပြည်ထောင်စု အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှု အေဂျင်စီကိုလည်း လိုအပ်သလို ကူညီဆောင်ရွက်သွားဖို့ ညွှန်ကြားချက် ထုတ်ထားပါတယ်။
XS
SM
MD
LG