သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်တန်နစ်သင်္ဘောပျက်မှတ်တမ်းယူရင်း ပျောက်ဆုံးတဲ့ ရေငုတ်သင်္ဘော ရှာဖွေနေဆဲ


ပျောက်ဆုံးနေတဲ့ Titanic Tourist Sub
ပျောက်ဆုံးနေတဲ့ Titanic Tourist Sub
အတ္တလန္တိတ်သမုဒ္ဒရာရဲ့ ဝေးလံခေါင်သီတဲ့ ရေပြင်ထဲတိုက်တန်းနစ်သင်္ဘောပျက်ခဲ့တဲ့နေရာမှာ မှတ်တမ်းပြုစုနေတဲ့ ရေငုပ်သင်္ဘောတစီး ပျောက်ဆုံးနေတဲ့အတွက် ကယ်ဆယ်ရေးသမားတွေဟာ အင်္ဂါနေ့က အချိန်လုပြီး ရှာဖွေနေကြပါတယ်။ သင်္ဘောပေါ် မှာ ပါသွားတဲ့ အောက်ဆီဂျင်က ကြာသပတေးနေ့ အထိပဲခံမှာ ဖြစ်တဲ့အတွက် အဲဒီမတိုင်ခင် ရှာတွေ့နိုင်ဖို့ ကြိုးစားနေကြတာပါ။

နယူးဖောင်လန်းပြည်နယ်၊ စိန့်ဂျွန်မြို့တောင်ဘက် ကီလိုမီတာ ၇၀၀ အကွာမှာ တိုင်တန် (Titan) လို့ အမည်ပေးထားတဲ့ အဆင့်မြင်နည်းပညာသုံး ကာဗွန်ဖိုင်ဘာ အမျိုးအစား ရေငုပ်သင်္ဘောဟာ တနင်္ဂနွေည ကတည်းက အဆက်အသွယ် ပြတ်နေတာပါ။ သင်္ဘောပေါ်မှာ မာလိန်မှူးနဲ့ အတူ ကျော်ကြားတဲ့ ဗြိတိန် စွန့်စားသူတဦး၊ ပါကစ္စတန် နိုင်ငံက အထင်ကရ စီးပွားရေး လုပ်ငန်းရှင် မိသားစုဝင် နှစ်ဦးနဲ့ တိုင်တန်းနစ် သင်္ဘောဆိုင်ရာ ကျွမ်းကျင်သူတဦး စုစုပေါင်း (၅) ဦး ပါ သွားပါတယ်။

တိုင်တန်သင်္ဘောပေါ်မှာ ရေပြင်ပေါ်က သင်္ဘောဆီကို အပြန်အလှန် စာတိုပေးပို့နိုင်တဲ့ ဆက်သွယ်ရေးစနစ် တခု ပါဝင်သလို ၁၅ မိနစ်တခါ ဘေးကင်းကြောင်းသတင်းပို့တဲ့ အချက်ပြစနစ်လည်း ပါဝင်ပေမယ့် ဒီနှစ်ခုစလုံး အဆက်အသွယ်ပြတ်နေတာပါ။
ကနေဒါစစ်တပ်က တိုင်တန်က ထုတ်လွှင့်တဲ့ အသံတွေကို ဖမ်းယူနိုင်ဖို့ အသံဖမ်းကရိယာ တမျိုးကို ပျောက်ဆုံးတဲ့ နေရာမှာချတာအပါအဝင် နိုင်ငံစုံပါဝင်တဲ့ ရှာဖွေရေး လုပ်ငန်းတွေကို ဆက်လုပ်နေပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေတွေက မျှော်လင့်စရာ နည်းတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
အာဏာပိုင်တွေက သင်္ဘောပေါ် ပါသွားတဲ့ သူတွေရဲ့ နာမည်တချို့ကို အတည်ပြုထားပေမယ့် နာမည်တွေ အာလုံးကို တရားဝင် ထုတ်ဖော် ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG