သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်လေယာဉ် ပျက်ကျမှု သေဆုံးသူ ၃၁ ဦး ရှိပြီ

Rescue personnel in a rubber dinghy lift a passenger (bottom C) from the waters around the wreckage of a TransAsia ATR 72-600 turboprop plane that crash-landed into the Keelung river outside Taiwan's capital Taipei in New Taipei City.
1/8 Rescue personnel in a rubber dinghy lift a passenger (bottom C) from the waters around the wreckage of a TransAsia ATR 72-600 turboprop plane that crash-landed into the Keelung river outside Taiwan's capital Taipei in New Taipei City.
တိုင်ပေမြို့ရဲ့ အပြင်ဘက်မှာရှိတဲ့ မြစ်တစင်းရဲ့ ရေတိမ်ပိုင်းမှာ ပျက်ကျသွားတဲ့ ခရီးသည်တင် လေယာဉ် အစိတ်အပိုင်းတွေကို ဆယ်ယူဖို့အတွက် ကယ်ဆယ်ရေး လုပ်သားတွေဟာ ဝန်ချီစက်တွေ အသုံးပြုပြီး ကြိုးပမ်းနေကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
This image taken from video provided by TVBS shows a commercial airplane moments before it clipped an elevated roadway and careened into a river in Taipei, Taiwan, Feb. 4, 2015.
2/8 This image taken from video provided by TVBS shows a commercial airplane moments before it clipped an elevated roadway and careened into a river in Taipei, Taiwan, Feb. 4, 2015.
တိုင်ပေမြို့ရဲ့ အပြင်ဘက်မှာရှိတဲ့ မြစ်တစင်းရဲ့ ရေတိမ်ပိုင်းမှာ ပျက်ကျသွားတဲ့ ခရီးသည်တင် လေယာဉ် အစိတ်အပိုင်းတွေကို ဆယ်ယူဖို့အတွက် ကယ်ဆယ်ရေး လုပ်သားတွေဟာ ဝန်ချီစက်တွေ အသုံးပြုပြီး ကြိုးပမ်းနေကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
A man walks past next to the wreckage of a TransAsia Airways plane which hit a motorway before crash landing in a river, in New Taipei City.
3/8 A man walks past next to the wreckage of a TransAsia Airways plane which hit a motorway before crash landing in a river, in New Taipei City.
တိုင်ပေမြို့ရဲ့ အပြင်ဘက်မှာရှိတဲ့ မြစ်တစင်းရဲ့ ရေတိမ်ပိုင်းမှာ ပျက်ကျသွားတဲ့ ခရီးသည်တင် လေယာဉ် အစိတ်အပိုင်းတွေကို ဆယ်ယူဖို့အတွက် ကယ်ဆယ်ရေး လုပ်သားတွေဟာ ဝန်ချီစက်တွေ အသုံးပြုပြီး ကြိုးပမ်းနေကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
Rescuers carry out rescue operations after a TransAsia plane crashed into a river in New Taipei City.
4/8 Rescuers carry out rescue operations after a TransAsia plane crashed into a river in New Taipei City.
တိုင်ပေမြို့ရဲ့ အပြင်ဘက်မှာရှိတဲ့ မြစ်တစင်းရဲ့ ရေတိမ်ပိုင်းမှာ ပျက်ကျသွားတဲ့ ခရီးသည်တင် လေယာဉ် အစိတ်အပိုင်းတွေကို ဆယ်ယူဖို့အတွက် ကယ်ဆယ်ရေး လုပ်သားတွေဟာ ဝန်ချီစက်တွေ အသုံးပြုပြီး ကြိုးပမ်းနေကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
Emergency personnel try to extract passengers from a commercial plane after it crashed in Taipei, Taiwan.
5/8 Emergency personnel try to extract passengers from a commercial plane after it crashed in Taipei, Taiwan.
တိုင်ပေမြို့ရဲ့ အပြင်ဘက်မှာရှိတဲ့ မြစ်တစင်းရဲ့ ရေတိမ်ပိုင်းမှာ ပျက်ကျသွားတဲ့ ခရီးသည်တင် လေယာဉ် အစိတ်အပိုင်းတွေကို ဆယ်ယူဖို့အတွက် ကယ်ဆယ်ရေး လုပ်သားတွေဟာ ဝန်ချီစက်တွေ အသုံးပြုပြီး ကြိုးပမ်းနေကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
The mangled fuselage of a TransAsia Airways commercial plane is dragged to the river bank after it crashed in Taipei, Taiwan.
6/8 The mangled fuselage of a TransAsia Airways commercial plane is dragged to the river bank after it crashed in Taipei, Taiwan.
တိုင်ပေမြို့ရဲ့ အပြင်ဘက်မှာရှိတဲ့ မြစ်တစင်းရဲ့ ရေတိမ်ပိုင်းမှာ ပျက်ကျသွားတဲ့ ခရီးသည်တင် လေယာဉ် အစိတ်အပိုင်းတွေကို ဆယ်ယူဖို့အတွက် ကယ်ဆယ်ရေး လုပ်သားတွေဟာ ဝန်ချီစက်တွေ အသုံးပြုပြီး ကြိုးပမ်းနေကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
The mangled fuselage of a TransAsia Airways commercial plane is dragged to the river bank after it crashed in Taipei, Taiwan.
7/8 The mangled fuselage of a TransAsia Airways commercial plane is dragged to the river bank after it crashed in Taipei, Taiwan.
တိုင်ပေမြို့ရဲ့ အပြင်ဘက်မှာရှိတဲ့ မြစ်တစင်းရဲ့ ရေတိမ်ပိုင်းမှာ ပျက်ကျသွားတဲ့ ခရီးသည်တင် လေယာဉ် အစိတ်အပိုင်းတွေကို ဆယ်ယူဖို့အတွက် ကယ်ဆယ်ရေး လုပ်သားတွေဟာ ဝန်ချီစက်တွေ အသုံးပြုပြီး ကြိုးပမ်းနေကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
Rescuers carry one body in a bag away after a TransAsia Airways plane crash landed in a river, in New Taipei City.
8/8 Rescuers carry one body in a bag away after a TransAsia Airways plane crash landed in a river, in New Taipei City.
တိုင်ပေမြို့ရဲ့ အပြင်ဘက်မှာရှိတဲ့ မြစ်တစင်းရဲ့ ရေတိမ်ပိုင်းမှာ ပျက်ကျသွားတဲ့ ခရီးသည်တင် လေယာဉ် အစိတ်အပိုင်းတွေကို ဆယ်ယူဖို့အတွက် ကယ်ဆယ်ရေး လုပ်သားတွေဟာ ဝန်ချီစက်တွေ အသုံးပြုပြီး ကြိုးပမ်းနေကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ထိုင်ဝမ်ကျွန်းမှာ ခရီးသည်တင်လေယာဉ် ပျက်ကျရာက သေဆုံးသူ အရေအတွက်ဟာ ဒီကနေ့အထိဆိုရင် ၃၁ ယောက်အထိ ရှိသွားပြီး နောက်ထပ် လူပေါင်း ၁၂ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်တာကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်နေကြပါတယ်။ TransAsia လေကြောင်းလိုင်းက အင်ဂျင် ၂ လုံးတပ် လေယာဉ်ဟာ ထိုင်ဝမ်ကျွန်းနဲ့ မနီးမဝေးမှာ ရှိတဲ့ Kinmen ကျွန်းကို ဦးတည်ပြီး တိုင်ပေမြို့တော် Songshan လေဆိပ် ကနေ ထွက်ခွာပြီး မကြာခင်မှာပဲ ပျက်ကျခဲ့တဲ့ ဗွီဒီယိုကိုတော့ အင်တာနက်ပေါ်မှာ တွေ့ခဲ့ကြရတာပါ။

၉၀ ဒီဂရီလောက်အထိ စောင်းပြီး ခပ်နိမ့်နိမ့် ပျံသန်းလာတဲ့ လေယာဉ်ရဲ့ ဘယ်ဖက် အတောင်ပံဟာ တံတားတစင်းနဲ့ တံတားပေါ်က တက္ကစီကားတစင်းကိုပါ တိုက်မိပြီး အနီးအနားက Keelung မြစ်ထဲကို ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။ ထိုင်ဝမ် အာဏာပိုင်တွေကတော့ မတော်တဆမှုအတွင်း ကလေးငယ်တဦးအပါအဝင် လူ ၁၅ ယောက် အသက်မသေ လွတ်မြောက်ခဲ့တယ်လို့ ပြောပါတယ်။

ထိုင်ဝမ်လေကြောင်း ဦးစီးဌာန အကြီးအကဲ Lin Tyh-Ming ကတော့ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လုပ်နေတုန်းပဲလို့ ပြောဆိုခဲ့တာပါ။ ဒီကနေ့အထိ ဆိုရင်တာ့ လေယာဉ်ပျက်ရဲ့ အမြီးနဲ့ ဦးခေါင်းပိုင်းတွေကို ရေထဲကဆယ်တင်နိုင်ခဲ့ပြီး အင်ဂျင် ၂ လုံးစလုံးကိုလည်း ပြန်တွေ့ထားပေမဲ့ မြစ်ထဲမှာ ရေစီးသန်နေတဲ့အတွက် ရေအောက် နစ်မြုပ်နေတဲ့ လေယာဉ်ပျက်ကို ဆယ်လို့ မရသေးဘူးလို့လည်း ပြောပါတယ်။

ဂျပန်နိုင်ငံက Kyodo သတင်းဌာနကတော့ TransAsia လေကြောင်းလိုင်းရဲ့ အင်ဂျင် ၂ လုံးတပ် ATR-72 လေယာဉ်ဟာ ပျံတက်ကာစ အချိန်မှာ ရှိသင့်တဲ့ အရှိန်မရပဲ ဖြစ်ခဲ့ရာက ပျက်ကျခဲ့တာ ဖြစ်နိုင်တဲ့အကြောင်း ထိုင်ဝမ်လေကြောင်း ဦးစီးဌာန တာဝန်ရှိသူ တဦးကို ကိုးကား ပြောဆိုခဲ့တာပါ။

လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်စက်နဲ့ အသံနဲ့ မှတ်တမ်းတင်စက် Black Boxes တွေကို ပြန်လည် ဆယ်ယူရရှိထားပြီး၊ ရာသီဥတု သာသာယာယာ ရှိနေချိန်မှာ ပျက်ကျခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ စတင် စုံစမ်းစစ်ဆေး နေပြီလို့လည်း ထိုင်ဝမ်အာဏာပိုင်တွေက ပြောပါတယ်။

XS
SM
MD
LG