သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေ ပြန်ပို့ရေး ထိုင်းကိုယ်စားလှယ်အဖွဲ့ တာချီလိတ်မှာ ဆွေးနွေး


ထိုင်းနိင်ငံသားတွေ ပြည်တော်ပြန်ရေးနဲ့ ပတ်သက်နေလို့ ထိုင်းနဲ့မြန်မာနယ်စပ် အာဏာပိုင်တွေမှ တာချီလိပ်မြို့မှာ ဆွေးနွေး ( ဓါတ်ပုံ - ထိုင်းစစ်တပ်)
ထိုင်းနိင်ငံသားတွေ ပြည်တော်ပြန်ရေးနဲ့ ပတ်သက်နေလို့ ထိုင်းနဲ့မြန်မာနယ်စပ် အာဏာပိုင်တွေမှ တာချီလိပ်မြို့မှာ ဆွေးနွေး ( ဓါတ်ပုံ - ထိုင်းစစ်တပ်)

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှာ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေထဲက ပထမအသုတ်အနေနဲ့ ၄၁ ဦးကို ပြန်ပို့ဖို့ မြန်မာဘက်က လုပ်ဆောင်နေမှုဟာ နှောင့်နှေးနေတာကြောင့် ထိုင်း-မြန်မာ နယ်စပ်ရေးရာ ကော်မတီက ဗိုလ်မှူး Natee Thimsen ဦးဆောင်တဲ့ အဖွဲ့ဟာ ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ မြန်မာနိုင်ငံ တာချီလိတ်မြို့က အာဏာပိုင်တွေနဲ့ သွားရောက်တွေ့ဆုံ ညိနှိုင်းနေပါတယ်၊ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကိုင်မြို့ကနေ ထိုင်းနိင်ငံသား ၄၁ ဦးကို ပထမအသုတ်အနေနဲ့ ကယ်ထုတ်လာပြီးမှ ပြည်တော်ပြန်ရေးနဲ့ ပတ်သက်နေလို့ ကြန့်ကြာနေတဲ့အပေါ်မှာ ထိုင်းနဲ့မြန်မာနယ်စပ် အာဏာပိုင်တွေမှ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ တာချီလိပ်မြို့မှာ ဆွေးနွေးခဲ့ပါတယ် ဆွေးနွေးမှု့အပြီးမှာတော့ အခုလို ထိုင်းနျိုင်ငံသားတွေ လွဲပြောင်းပေးဖို့ ကြန့်ကြာရတာနဲ့ ပတ်သက်လို့ ထိုင်းဘက်က သတင်းစာရှင်းလင်းပွဲလ်ုခဲ့ရာမှာ ထိုင်းနယ်စပ်ရေးရာကော်မတီဥက္ကဋ္ဌ ဗိုလ်မှူး Colonel Natee Thimsen အခုလိုပြောသွားပါတယ်။

"အမှတ် ၃၇ ချင်းရိုင်ခရိုင် စစ်ရုံးချုပ်မှာ နယ်စပ်ရေးရာကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးနတီ သင်စင် ပြောသွားတာကတော့ ထိုင်းနိုင်ငံသား ၄၁ ဦးဟာ ရွှေတိတြိဂံဒေသ ကျိုင်းတုံမြို့နယ် မြန်မာစစ်တပ်ဝင်းမှာ ရှိနေကြပြီး မြန်မာ အာဏာပိုင်တွေရဲ့ စောင်ရှောက်မှု့အောက်မှာ ရှိနေကြပါတယ်။ မနေ့က မြန်မာနိုင်ငံဘက်က သတင်းပို့လာတာကတော့ ၄၁ ဦးကို စစ်ဆေးမှုတွေ မပြီးသေးတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းဘက်ကို လွဲပြောင်းမပေးတာကို မိမိတို့ဘက် ဘယ်လို အကြောင်းအရင်း အတိအကျအချက်အလက် အသေးစိတ်သိရအောင် ကျွန်တော်ကိုယ်တိုင် ဦးဆောင်ပြီး သွားရောက်ဆွေးနွေးနေပါတယ် ထိုင်းဘက်ကတော့ လက်ခံဖို့ အသင့်ဖြစ်နေပါပြီလို့ ထိုင်းဘာသာနဲ့ ပြောဆိုသွားပါတယ်။"

အခု ထိုင်းနိုင်ငံသားတွေ ရောက်ရှိနေတဲ့နေရာဟာ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နဲ့အနီးဆုံး ရွှေတြိဂံဒေသ စစ်တပ်ဝင်းထဲမှာ ဖြစ်ပါတယ်။ တာချီလိတ်ကို ခေါ်လာဖို့ဆိုရင် ကားနဲ့ လေးနာရီသာ ကြာမြင့်ပါတယ်။

အခုလိုကြန့်ကြာနေတာကတော့ မြန်မာဘက်က အာဏာပ်ိုငတွေက လိုအပ်တဲ့ အထောက်အထားတွေ စစ်ဆေးပြီးမှ အထက်က ခွင့်ပြုမိန့်ကို စောင့်နေတာကြောင့် ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ ထိုင်းလူမျိုး ၄၁ ယောက်တော့ အမျိုးသား ၂၃ ယောက်နဲ့ အမျိုးသမီး ၁၈ ယောက်တို့ ဖြစ်ပါတယ်။

အခုလို ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေ ကယ်တင်နိုင်ရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို သွားရောက်ဆွေးနွေးခဲ့တဲ့ ထိုင်းဒုရဲချုပ် ဆူရချေ့ ဟတ်ဖန် ကလည်း နိုဝင်ဘာလ ၁၆ ရက်နေ့က ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

"ကျနော်အနေနဲ့ လောက်ကိုင်ဒေသမှာရော၊ ရွှေကုက္ကိုလ်မှာပါ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေသာမက တခြားတိုင်းပြည်က နိုင်ငံသားတွေအတွက်ပါ ဆက်လက်ကြိုးစားလုပ်ဆောင်နေပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံအတွင်း ပိတ်မိနေတဲ့ ထိုင်းအပါအဝင် နိုင်ငံခြားသားဦးရေဟာ ၇၀၀ ကျော် ရှိနေတယ်လို့ ထုတ်ဖေါ်ပြောဆိုသွားပါတယ်။

အခု ၄၁ ယောက်ကိုတော့ မနက်ဖြန် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ လွွှဲပြောင်းပေးမယ်လို့ မြန်မာဘက်က ပြောဆိုကြောင်း ထ်ိုင်းနယ်စပ်ကော်မတီက ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ထဲမှာ ပိတ်မိနေတဲ့ ထိုင်းန်ိုငံသား၂၄၆ ယောက်ကို ဆက်ပြီးကယ်ဆယ်ဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။

XS
SM
MD
LG