သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥာဏ်ရည်တုနည်းပညာတင်ပို့မှု ကန့်သတ်ချက်အသစ် ကန်ချမှတ်

‌AI နည်းပညာပြပွဲမှာ ပြသထားတဲ့ Intel ကုမ္ပဏီရဲ့ ဥာဏ်ရည်တုနည်းပညာသုံးကွန်ပြူတာမှာထည့်သွင်းဖို့ရည်ရွယ်ထုတ်လုပ်ထားတဲ့ မိုက်ခရိုချစ်ပ် (ဒီဇင်ဘာ ၁၄၊ ၂၀၂၃)
‌AI နည်းပညာပြပွဲမှာ ပြသထားတဲ့ Intel ကုမ္ပဏီရဲ့ ဥာဏ်ရည်တုနည်းပညာသုံးကွန်ပြူတာမှာထည့်သွင်းဖို့ရည်ရွယ်ထုတ်လုပ်ထားတဲ့ မိုက်ခရိုချစ်ပ် (ဒီဇင်ဘာ ၁၄၊ ၂၀၂၃)

ခေတ်မီ တိုးတက်တဲ့ ဥာဏ်ရည်တု ချစ်ပ်တွေ တင်ပို့မှု အပေါ် သမ္မတ ဘိုင်ဒန် အစိုးရ က ကန့်သတ်ချက်အသစ်တွေ ချမှတ်ကြောင်း တနင်္လာနေ့က ကြေညာလိုက်ပါတယ်။ ဒါ့အပြင် AI အေအိုင်စနစ်တွေကို အသုံးပြုရာမှာ အေအိုင်စနစ် ပိုင်ရှင်တွေက လိုက်နာကျင့်သုံးရမယ့် သတ်မှတ်ချက်ဘောင်တွေကိုလည်း ချမှတ်လိုက်ပါတယ်။

အေအိုင်က ပိုပြီး အားကောင်း လာတာနဲ့အမျှ၊ ကျွန်တော်တို့ရဲ့ အမျိုးသား လုံခြုံရေး အန္တရာယ်တွေက ပိုပြီး ကြီးမားလာပါတယ်လို့ အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Gina Raimondo က သတင်းထောက်တွေကို ပြောပါတယ်။ ၂၀၂၃ ခုနှစ်က ထိန်းချုပ်ထားချက်တွေ အပေါ်မှာ ထပ်မံ ပြဌာန်းလိုက်တဲ့ စည်းမျဥ်းအသစ်က အေအိုင်ချစ်ပ် တရုတ်နိုင်ငံကို တင်ပို့တာအပေါ် ကန့်သတ်မှာ ဖြစ်ပါတယ်။ အမေရိကန် က လက်နက်တင်ပို့မှု ပိတ်ဆို့ထားတဲ့ နိုင်ငံတွေကိုလည်း အေအိုင်ချစ်တင်ပို့မှုကို ကန့်သတ်ထားပါတယ်။

ဒီ ကြေညာချက်က အမျိုးသား လုံခြုံရေး နဲ့ ပတ်သက်လို့ ယေဘုယျကျကျ စဥ်းစားတဲ့ နောက်ထပ် ဥပမာတရပ် ဖြစ်ပြီး ပို့ကုန်ထိန်းချုပ်မှုကို တလွဲအသုံးပြုတာ ဖြစ်တယ်လို့ တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ စီးပွါးရေး နဲ့ ကုန်သွယ်ရေး စည်းမျဥ်းတွေကို ချိုးဖောက်မှုလည်း ဖြစ်ပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ တုံ့ပြန်မယ်လို့ တရုတ်က ပြောပါတယ်။

ဥာဏ်ရည်တုနည်းပညာတင်ပို့မှု ကန့်သတ်ချက်အသစ် ကန်ချမှတ်
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG