သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပရီးမီးယားလိဂ်နဲ့ လာလီဂါ ပွဲရလဒ်များ


APTOPIX Britain Soccer Premier League
APTOPIX Britain Soccer Premier League

စနေနေ့က ကစားတဲ့ အင်္ဂလန်ပရီမီယာလိဂ်ဘောလုံးပွဲစဉ်တွေမှာ အသင်းကြီးတွေထဲက ချယ်ဆီးနဲ့ လီဗာပူးလ်တို့ အိမ်ကွင်းတွေမှာ ရှုံးသွားပါတယ်။

လက်ရှိချန်ပီယံ ချယ်ဆီး (Chelsea) နဲ့ ခရစ္စတယ်ပဲလေ့စ် (Crystal Palace)ပွဲမှာ Crystal Palace က ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။ Anfield မှာ ကစားတဲ့ လီဗာပူးလ် နဲ့ ဝက်စ်ဟမ်း ပွဲမှာတော့ ဝက်စ်ဟမ်းက အိမ်ရှင်လီဗာပူးလ်ကို ၃ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားပါတယ်။

ချယ်ဆီးနဲ့ လီဗာပူးလ်တို့ ရှုံးသွားပေမယ့် အာဆင်နယ်က နယူးကာဆယ်ကို ၁ ဂိုး ဂိုးမရှိ နဲ့ နိုင်ပြီး မန်ချက်စတာစီးတီးကလည်း Watford ကို ၂ ဂိုး ဂိုးမရှိ နဲ့ နိုင်ပါတယ်။ ကျန်တဲ့ပွဲစဉ်တွေမှာတော့ ဝက်စ်ဘရွမ်က စတုတ်ခ်စီးတီးကို ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားပြီး အက်စတွန်ဗီလာနဲ့ ဆန်းဒါးလန်း ၂ ဂိုး ၂ ဂိုး၊ ဘုန်းမောက်နဲ့ လက်စတာ ၁ ဂိုးစီသရေ၊ တော့တင်ဟမ် နဲ့ အဲဗာတန်တို့ ဂိုးမရှိသရေကျသွားပါတယ်။

၄ ပွဲကစားပြီးချိန်မှာတော့ မန်စီးတီက ၄ ပွဲနိုင် ၁၂ မှတ် နဲ့ ဇယားထိပ်မှာရောက်နေပြီး ခရစ္စတယ်ပဲလေ့စ်က ၉ မှတ် နဲ့ ဒုတိယမှာ ရှိနေပါတယ်။

စပိန် လာလီဂါဘက်မှာတော့ ဘာစီလိုနာက မာလာဂါကို အိမ်ကွင်းမှာ ၁ ဂိုး - ဂိုးမရှိ နဲ့ နိုင်ပြီး ရီးယဲလ်မက်ဒရစ်က ရီးယဲလ်ဘက်တစ်ကို ၅ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားပါတယ်။

XS
SM
MD
LG