သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Dhaka ကုန်တိုက်ပြိုကျမှုမှာ သေဆုံးသူအလုပ်သမားတွေ နစ်နာကြေးရမည်


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြိုကျခဲ့တဲ့ စက်မှုလုပ်ငန်း အများအပြား တည်ထားတဲ့ အဆောက်အဦးမှာ ထိခိုက်သေဆုံးခဲ့ရတဲ့ သူတို့ အလုပ်သမားတွေအတွက် လျော်ကြေးငွေ ပေးမယ်လို့ အနောက်တိုင်းကုမ္ပဏီ ၂ ခုက ကတိပေးလိုက်ပါတယ်။

ဗြိတိန်အခြေစိုက် Primark နဲ့ ကနေဒါ အခြေစိုက် Loblaw ကုမ္ပဏီတွေက သူတို့ ကုမ္ပဏီတွေအတွက် အလုပ်လုပ်ပေးနေတဲ့ အလုပ်သမားတွေအတွက် အရေးပေါ် ချက်ချင်း အကူအညီတွေကိုရော၊ ရေရှည်အတွက် အကူအညီတွေကိုပါ ပေးအပ်ဖို့ ရှိတယ်လို့ ပြောပါတယ်။

ဒီပြိုကျခဲ့တဲ့ အဆောက်အဦးထဲမှာ အထည်ချုပ်စက်ရုံ အများအပြား တည်ထားတာပါ။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာစီနာ (Sheikh Hasina) ဟာ လူပေါင်း ၃၈၀ ကျော် သေဆုံးခဲ့ရတဲ့ ဒီအဆောက်အဦးဆီကို တနင်္လာနေ့က ပထမဆုံးအကြိမ် လာရောက်ခဲ့ပါတယ်။

Savar အရပ်က ဒီအဆောက်အဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka မြို့ပြင်မှာရှိပြီး ဗုဒ္ဓဟူးနေ့က ပြိုကျခဲ့တာပါ။ အခု အပြိုအပျက်တွေကို စက်အကြီးစားတွေနဲ့ ရှင်းလင်း ဖယ်ရှားနေပါတယ်။

တနင်္ဂနွေနေ့ကတော့ ထွက်ပြေးနေတဲ့ တာဝန်ရှိသူ အဆောက်အဦးပိုင်ရှင် Mohamad Sohel Rana ကို နယ်စပ်တနေရာမှာ ရဲက ဖမ်းဆီးရမိခဲ့ပါတယ်။
XS
SM
MD
LG