သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံခ်ဥ္းကပ္မႈ စစ္ေကာင္စီ ႏိုင္ငံျခားေရးကန႔္ကြက္


Indonesia ASEAN

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံအေရး အာဆီယံ ဘုံေသေဘာတူညီခ်က္ေတြဟာ လုပ္ငန္းစဥ္တရပ္ သာျဖစ္ၿပီး အခ်ိန္ကန႔္သတ္ခ်က္နဲ႔ ဖိအားေပးအက်ပ္ကိုင္တဲ့ ခ်ဥ္းကပ္မႈေတြဟာ အက်ိဳးမရွိတဲ့အျပင္ ဆိုးက်ိဳးဆီ ဦးတည္ေစႏိုင္ေၾကာင္း ျမန္မာစစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက မေန႔ကရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာၿမိဳ႕မွာ ျမန႔္မာ့အေရး အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးေတြ မေန႔က အေရးေပၚအစည္းအေဝးက်င္းပခဲ့ၿပီးတဲ့ေနာက္ ျမန္မာစစ္ေကာင္စီဘက္ က တုံ႔ျပန္ေၾကညာခ်က္ထုတ္ျပန္တာပါ။

အစည္းအေဝးမွာ ျမန္မာႏိုင္ငံဘက္က ႏိုင္ငံေရးအရ ကိုယ္စားမျပဳတဲ့သူကိုပဲ တက္ေရာက္ဖို႔ အာဆီယံဘက္က ဖိတ္ၾကားခဲ့ပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ ဒီလို ဖိတ္ၾကားတာဟာ အဖြဲ႔ဝင္ႏိုင္ငံတခုအေပၚ ခြဲျခားဆက္ဆံတာျဖစ္ၿပီး အာဆီယံပဋိညာဥ္စာတမ္းကို ခ်ိဳးေဖာက္တာလို႔ ကန႔္ကြက္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံမပါဝင္ဘဲ ခ်မွတ္တဲ့ဆုံးျဖတ္ခ်က္ေတြဟာ အဖြဲ႔ဝင္ႏိုင္ငံအားလုံးရဲ႕ တူညီဆႏၵအရ ခ်မွတ္တာမဟုတ္တဲ့အတြက္ လိုက္နာမွာမဟုတ္ဘူးဆိုၿပီးေတာ့လည္း စစ္ေကာင္စီ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေျပာဆိုပါတယ္။

အာဆီယံ ေဒသတြင္းႏိုင္ငံေတြကေတာ့ ျမန္မာႏိုင္ငံရဲ႕ႏိုင္ငံအေရး အက်ပ္အတည္းကို အေျဖရွာေရးမွာ အာဆီယံအဖြဲ႕ၾကားခ်မွတ္ထားတဲ့ ဘုံသေဘာတူညီခ်က္ ၅ ရပ္က အေရးႀကီးတယ္ဆိုတဲ့အခ်က္ကို မေန႔က ထပ္ေလာင္း အတည္ျပဳေျပာဆိုပါတယ္။

ဒီဘုံသေဘာတူညီခ်က္ ၅ ရပ္ အေကာင္အထည္ေဖာ္ဖို႔ ျမန္မာဘက္က လိုက္ပါေဆာင္႐ြက္မႈမရွိသလို တိုးတက္မႈမရွိတဲ့အေပၚ အာဆီယံအဖြဲ႔ဝင္ႏိုင္ငံေတြအေနနဲ႔ စိတ္ပ်က္မိေၾကာင္း အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ႀကီး Retna Marsudi က ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

မြန်မာ့အရေး အာဆီယံချဉ်းကပ်မှု စစ်ကောင်စီ နိုင်ငံခြားရေးကန့်ကွက်

မြန်မာနိုင်ငံအရေး အာဆီယံ ဘုံသေဘောတူညီချက်တွေဟာ လုပ်ငန်းစဉ်တရပ် သာဖြစ်ပြီး အချိန်ကန့်သတ်ချက်နဲ့ ဖိအားပေးအကျပ်ကိုင်တဲ့ ချဉ်းကပ်မှုတွေဟာ အကျိုးမရှိတဲ့အပြင် ဆိုးကျိုးဆီ ဦးတည်စေနိုင်ကြောင်း မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ကရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ မြန့်မာ့အရေး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ မနေ့က အရေးပေါ်အစည်းအ‌ဝေးကျင်းပခဲ့ပြီးတဲ့နောက် မြန်မာစစ်ကောင်စီဘက် က တုံ့ပြန်ကြေညာချက်ထုတ်ပြန်တာပါ။

အစည်းအဝေးမှာ မြန်မာနိုင်ငံဘက်က နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ တက်ရောက်ဖို့ အာဆီယံဘက်က ဖိတ်ကြားခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီလို ဖိတ်ကြားတာဟာ အဖွဲ့ဝင်နိုင်ငံတခုအပေါ် ခွဲခြားဆက်ဆံတာဖြစ်ပြီး အာဆီယံပဋိညာဉ်စာတမ်းကို ချိုးဖောက်တာလို့ ကန့်ကွက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမပါဝင်ဘဲ ချမှတ်တဲ့ဆုံးဖြတ်ချက်တွေဟာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ တူညီဆန္ဒအရ ချမှတ်တာမဟုတ်တဲ့အတွက် လိုက်နာမှာမဟုတ်ဘူးဆိုပြီးတော့လည်း စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။

အာဆီယံ ဒေသတွင်းနိုင်ငံတွေကတော့ မြန်မာနိုင်ငံရဲ့နိုင်ငံအရေး အကျပ်အတည်းကို အဖြေရှာရေးမှာ အာဆီယံအဖွဲ့ကြားချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်က အရေးကြီးတယ်ဆိုတဲ့အချက်ကို မနေ့က ထပ်လောင်း အတည်ပြုပြောဆိုပါတယ်။

ဒီဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဖို့ မြန်မာဘက်က လိုက်ပါဆောင်ရွက်မှုမရှိသလို တိုးတက်မှုမရှိတဲ့အပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စိတ်ပျက်မိကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retna Marsudi က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG