သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာ သတင်းထောက် ၂ ဦးကို ရုံးတင် စစ်ဆေးတော့မည်


နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ ထိန်းသိမ်းခံထားရသူ ရိုက်တာသတင်းထောက်များဖြစ်ကြတဲ့ ကိုဝလုံး နဲ့ ကိုကျော်စိုးဦး
နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ ထိန်းသိမ်းခံထားရသူ ရိုက်တာသတင်းထောက်များဖြစ်ကြတဲ့ ကိုဝလုံး နဲ့ ကိုကျော်စိုးဦး

ထိန်းသိမ်းခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို ရဲဘက်ကစစ်ဆေးနေတာ ပြည့်စုံလုနီးဖြစ်နေပြီး မကြာခင် သူ့တို့အမှုကို ရုံးတင်စစ်ဆေးနိုင် တော့မှာ ဖြစ်ကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

ကိုဝလုံး နဲ့ ကိုကျော်စိုးဦးတို့အတွက် ရှေ့နေငှားခွင့်ရမှာဖြစ်သလို မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်ပေးတော့မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြောခွင့်ရသူက ဗုဒ္ဓဟူးနေ့က ပြောကြားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ သတင်းထောက်တွေရဲ့လူ့အခွင့်အရေး အပေါ်မှာ ရဲတပ်ဖွဲ့ ဝင်တွေက လေးစားလိုက်နာမှုရှိမရှိကို မေးမြန်းတဲ့အခါမှာတော့ ပြောခွင့်ရသူက - ရဲအရာရှိတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကိုဖမ်းဆီးထားတာ သီတင်းတပတ်ရှိလာပြီဖြစ်ပါတယ်။ သူတို့ကို ရဲအရာရှိတွေက ရန်ကုန်မြို့ပြင်က စားသောက်ဆိုင်တခုမှာ ညစာစားဖို့ ချိန်းဆိုတဲ့အတွက် သွားခဲ့ကြပြီးတဲ့နောက် ပြန်ရောက်မလာတော့တာ ဖြစ်ပါတယ်။

အဲဒီအချိန်က စပြီး အခုထိ သူတို့ကို ဘယ်မှာ ချုပ်နှောင်ထားတယ်ဆိုတာကို မသိရသေးပါဘူး။ အာဏာပိုင်တွေကတော့ သူတို့ဟာ နိုင်ငံတော်ရဲ့ အစိုးရ လျှို့ဝှက်ချက် ဥပဒေ ပုဒ်မ (၃) ကို ကျူးလွန်ဖောက်ဖျက်ခြင်း ရှိမရှိဆိုတာကို စစ်ဆေး နေတာဖြစ်ပါတယ်။ ဒီဥပဒေဟာ မြန်မာနိုင်ငံ ကိုလိုနီခေတ် ကတည်းက ကျင့်သုံးလာတဲ့ ဥပဒေဖြစ်တဲ့အတွက် ပြင်ဆင်သင့်ကြောင်း ဥပဒေပညာရှင်တွေက သတိပေးနေတာပါ။

ဒီ သတင်းထောက် နှစ်ယောက်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်ဆလင် ၆ သိန်းခွဲကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သတင်းရယူဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

ကိုဝလုံး နဲ့ ကိုကျော်စိုးဦး
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG