သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ၁၀ ဦးသတ်ဖြတ်မှု ရိုက်တာသတင်းဌာန ဖေါ်ထုတ်


Reuters Investigates: Massacre in Myanmar မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာ ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီလ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်။
Reuters Investigates: Massacre in Myanmar မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာ ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီလ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်။

မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာတခုကို ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီလ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အစီရင်ခံစာမျက်နှာဖုံးမှာ တန်းစီပြီး လက်ပြန်ကြိုးတုတ်ထားတဲ့ ရိုဟင်ဂျာအမျိုးသား ၁၀ ဦး ဒူးထောက်ထိုင်နေတဲ့ပုံနဲ့ သူတို့ရဲ့ ညာဘက်နောက်မှာ သေနတ်ကိုင်ထားသူတဦး၊ နောက်တည့်တည့်မှာ သေနတ်လွယ်ထားသူတဦးတို့ရဲ့ပုံတွေ ပြထားပါတယ်။

ပုံစာမှာတော့ ဒီဓာတ်ပုံဟာ ရိုဟင်ဂျာအမျိုးသား ၁၀ ဦး အသတ်ခံထားရတဲ့နေ့က ရိုက်ကူးထားခြင်းဖြစ်တဲ့အကြောင်း၊ လက်နက် ကိုင်ရဲအရာရှိ ဦးအောင်မင်းက အဲဒီလူတွေနောက်မှာ မတ်တပ်ရပ်ပြီး စောင့်ကြပ်နေကြောင်း၊ ဒီဓာတ်ပုံကို ဗုဒ္ဓဘာသာဝင် ကျေးရွာ လူကြီးတဦးဆီက ရတာဖြစ်ပြီး မျက်မြင်သက်သေတွေက မှန်ကန်တယ်လို့ ထောက်ခံပေးခဲ့ကြောင်း ရေးထားပါတယ်။

ဒီအစီရင်ခံစာကို ရေးသူတွေအဖြစ် အစိုးရလျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်မှုနဲ့ လက်ရှိ ဖမ်းဆီး တရားစွဲဆိုခံနေရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နာမည်တွေကို နိုင်ငံခြားသား သတင်းထောက်တွေဖြစ်တဲ့ Simon Lewis နဲ့ Antoni Slodkowski တို့ရဲ့အမည် တွေနဲ့အတူ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာအမျိုးသား ၁၀ ဦး သတ်ဖြတ်ခံရတဲ့ကိစ္စကို ရိုက်တာက စုံစမ်းထောက်လှမ်းပြီးတော့ ပြုစုရေးသားထားတဲ့ အစီရင်ခံစာပါ။

အဲဒီကျေးရွာမှာ မြေမြှုပ်ထားတဲ့ လူသေအလောင်းတွေကို တွေ့ရှိတဲ့အတွက် တူးဖော်ပြီး စစ်ဘက်က သီးခြား စုံစမ်းစစ်ဆေးမှု လုပ်ခဲ့ပြီးတော့ ဒီဖြစ်ရပ်မှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အရပ်သားတွေ ပါဝင် ကျူးလွန်တဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကတော့ အဲဒီအဖြစ်အပျက်နဲ့ဆက်စပ်ပြီး သတင်းရယူဖို့ ကြိုးစားရင်းနဲ့ ဖမ်းဆီး တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ ၁၀ ဦးသတ်ဖြတ်မှု ရိုက်တာသတင်းဌာန ဖေါ်ထုတ်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG