သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိန်းသိမ်းခံသတင်းထောက် ၂ ဦး သတင်းရဲရင့်မှုဆု ရရှိ


ဖမ်းဆီးခံရပြီး တရားရင်ဆိုင်နေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို စာနယ်ဇင်းပိုင်း ရဲစွမ်းသတ္တိအတွက် ၂၀၁၇ ခုနှစ် James Foley Medill ဆု ချီးမြှင့်လိုက်တဲ့အကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ “ပြီးခဲ့တဲ့နှစ်စက်တင်ဘာလက ရခိုင်ပြည်နယ်မှာ ကမ်းခြေတခုမှာ ပုန်းနေကြတဲ့ ရိုဟင်ဂျာ အမျိုးသား ၁၀ ဦးကို အစိုးရစစ်တပ်နဲ့ ဗုဒ္ဓဘာသာဝင် ရွာသားတွေက သတ်ပစ်ခဲ့တဲ့ဖြစ်ရပ်ကို သေချာ ကျန ပြည့်စုံစွာ ရေးသား တင်ပြတာ” အပါအဝင် မြန်မာနိုင်ငံက အကြမ်းဖက်မှုအကြောင်း ရေးသားတင်ပြတဲ့အတွက် ဒီဆုကို ချီးမြှင့်လိုက်တာလို့ ဒီဆုကို ချီးမြှင့်တဲ့ အမေရိကန်အခြေစိုက် Medill အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Medill အဖွဲ့အပါအဝင် နိုင်ငံတကာအစိုးရတွေ၊ ကုလသမဂ္ဂနဲ့ တခြား နိုင်ငံတကာအဖွဲ့တွေက ရခိုင်ပြည်နယ်က မွတ်ဆလင်တွေ ကို ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲပြီး ကာယကံရှင်တွေကိုယ်တိုင်ကလည်း သူတို့ကိုယ်သူတို့ အဲဒီလိုဖော်ပြပြောဆိုပေမဲ့ မြန်မာအစိုးရ ကတော့ ရိုဟင်ဂျာလို့ မခေါ်ဆိုဘဲ ရခိုင်ပြည်နယ်က မွတ်ဆလင်အသိုင်းအဝိုင်းလို့ပဲ သုံးနှုန်းပြောဆိုပါတယ်။

သိပ်မကြာခင်တုန်းကလည်း Pen American သတင်းလွတ်လပ်ခွင့်ဆိုင်ရာအဖွဲ့က ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို Barbey Freedom To Write လွတ်လပ်စွာ သတင်းရေးသားခွင့်ဆိုင်ရာဆု ချီးမြှင့်ပါသေးတယ်။

ထိန်းသိမ်းခံသတင်းထောက် ၂ ဦး သတင်းရဲရင့်မှုဆု ရရှိ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG