သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်အမှု ပြင်ဆင်ချက်အယူခံ တရားလွှတ်တော်ချုပ်တင်


ဖမ်းဆီးခံထားရတဲ့ မြန်မာရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နယူးရောက် မြို့လည်ကောင် Times Square မှာ ဓါတ်ပုံနဲ့ ဂုဏ်ပြုနေကြတဲ့ ရိုက်တာသတင်းဌာနဝန်ထမ်းများ
ဖမ်းဆီးခံထားရတဲ့ မြန်မာရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နယူးရောက် မြို့လည်ကောင် Times Square မှာ ဓါတ်ပုံနဲ့ ဂုဏ်ပြုနေကြတဲ့ ရိုက်တာသတင်းဌာနဝန်ထမ်းများ

Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျို့ဝှက်ချက် အက် ဥပဒေ ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၇ နှစ် စီရင်ချက် ချထားတဲ့အပေါ် တရားလွှတ်တော် ချုပ်မှာ ဒီကနေ့ပဲ အယူခံတင်သွင်းလိုက်ပါ တယ်။ စီရင်ချက်အပေါ် အယူခံကို ရန်ကုန် တိုင်း တရားလွှတ်တော်က ဒီလဆန်းမှာပဲ ပယ်ချလိုက်တဲ့အတွက် အခုနောက်ဆုံး နေပြည်တော်က ပြည်ထောင်စု တရားရုံးချုပ်မှာ အကျိုးဆောင် ရှေ့နေတွေက အယူခံထပ်မံ တင်သွင်းခဲ့တာပါ။

အောက်တရားရုံးရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်နိုင်ဖို့ တရားလွှတ်တော်ချုပ်ကို တင်ပြထားပြီး တရား မျှတမှု ရှိရှိနဲ့ သတင်းထောက်တွေ ပြန်လည် လွတ်မြောက်လာဖို့ မျှော်လင့်ကြောင်းလည်း Reuters သတင်းဌာန က ဒီနေ့ပဲ ကြေညာချက် ထုတ်ပြန်ပြောဆို ထားပါတယ်။ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ မတည်မငြိမ် အခြေ အနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ စုံစမ်း သတင်းယေူ နေစဉ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလထဲမှာ ဖမ်းဆီးခံခဲ့ရပြီး ရခိုင်ပြည်နယ်က လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ အပါအဝင် အစိုးရရဲ့ လျို့ဝှက်သတင်း အချက်အလက်တွေကို ဥပဒေနဲ့ဆန့်ကျင်ပြီး ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း သတင်းထောက်တွေဟာ သတင်းစုံစမ်းတဲ့အလုပ် လုပ်နေချိန်မှာ အမှုဆင် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ကြောင်း တရားခွင်မှာ အမှုသည်တွေဘက်က ချေပထားတာပါ။ သတင်းထောက်တွေကို အမှုဆင်ဖမ်းဆီးမှု စွပ်စွဲချက်နဲ့ ပတ်သက်လို့ တရားခွင်မှာ ထွက်ဆိုခဲ့တဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ကတော့ ရဲစည်းကမ်း ဖောက်ဖျက် မှုနဲ့ ထောင်ဒဏ် ၁ နှစ် ကျခံနေရာက ဒီနေ့ပဲ ပြန်လွတ်လာပါတယ်။ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာတဲ့ ရဲအရာရှိဟောင်းကတော့ သူ့အနေနဲ့ ရဲစည်းကမ်း ဖောက်ဖျက်တဲ့ လုပ်ရပ်မျိုး ကျုးလွန်ခဲ့တာ မရှိဘူးလို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

သတင်းထောက် ၂ ဦး ဖမ်းဆီးအရေးယူခံခဲ့ရတဲ့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ဝေဖန်မှုတွေလည်း အကြီးအကျယ် ထွက်ပေါ်ခဲ့သလို သတင်းထောက်တွေ လွတ်မြောက်ရေး မြန်မာအစိုးရ ထိပ်တန်းတာဝန်ရှိသူတွေ ကြားဝင်ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG