သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Venezuela ဒီမိုကရေစီ ဖေါ်ဆောင်ရေး Tillerson တိုက်တွန်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ ခြောက်ရက်ကြာ လက်တင်အမေရိကား ခရီးကို ဒီကနေ့ ကြာသာပတေးနေ့စတင်ပြီး ပြဿနာတွေ ထူပြောနေတဲ့ ဗင်နီဇွဲလားနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဖိအားပေးဖို့ ဒေသတွင်းနိုင်ငံတွေနဲ့ ညှိုနှိုင်းသွားမယ်လို့ ယူဆရပါတယ်။ ဒီခရီးစဉ်မှာ မက္ကဆီကို၊ အာဂျင်တီနား၊ ပီရူး၊ ကိုလံဘီယာ နဲ့ နောက်ဆုံး ဂျမေကာ တို့ကို သွားရောက်မှာဖြစ်ပါတယ်။

ဗင်နီဇွဲလား အခြေအနေပြုပြင်ရေးအတါက် အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံရေးသံတမန်ရေး၊ စီးပွားရေး၊ လက်နက်အားလုံးကို အသုံးပြုသွားမယ်လို့ နိုင်ငံခြားရေး အကြီးတန်းအရာရှိတဦးက ပြောကြားထားပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေ ယိုယွင်းဆုတ်ယုတ်လာတာ အခုဆို ငါးနှစ်ထဲ ရောက်လာခဲ့ပါပြီ။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ ဇန်နဝါရီလတွင်းမှာပဲ ဗင်နီဇွဲလား စစ်ဗိုလ်ချုပ် လေးဦးကို ခြစားပျက်စီးမှု၊ နှိပ်ကွက်ချုပ်ချယ်မှုတို့အတွက်ဆိုပြီး ဒဏ်ခတ်ပိတ်ဆို့မယ့် စာရင်း ထပ်မံထည့်သွင်းလိုက်ပါတယ်။ အလားတူပဲ ဥရောပသမဂ္ဂကလဲ ဒဏ်ခတ်ပိတ်ဆို့ထားတာပါ။ ဗင်နီဇွဲလား သမ္မတ Nicolas Madura ကတော့- အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့ ဆိုရှယ်လစ်အစိုးရကို ဖြုတ်ချဖို့ ဦးဆောင်ကြိုးပမ်းနေတယ်လို့ စွပ်စွဲထားပြီး၊ လာမယ့် နောက်ထပ် ခြောက်နှစ်သက်တမ်း သမ္မတဆက်လုပ်ဖို့ ဧပြီလ ၃၀ ရက်မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကျေညာထားပါတယ်။

Venezuela ဒီမိုကရေစီ ဖေါ်ဆောင်ရေး Tillerson တိုက်တွန်း
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG