သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေ စစ်ဆေးခံနေရ


ဆန်စပါး အထွက်လျော့ချိန် ပြည်ပတင်ပို့တာတွေ များရင် ပြည်တွင်းဖူလုံမှုကို ထိခိုက်မှာ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
ဆန်စပါး အထွက်လျော့ချိန် ပြည်ပတင်ပို့တာတွေ များရင် ပြည်တွင်းဖူလုံမှုကို ထိခိုက်မှာ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ဆန်စပါးဈေးတွေ အဆမတန် မြင့်တက်နေတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတွေကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေပါတယ်။

ဆန်စပါးဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာနဲ့ ပတ်သက်လို့ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေကို ခေါ်ယူပြီး မေးမြန်းဆွေးနွေးနေတယ်လို့ စစ်ကောင်စီက ဒီနေ့ ဇွန်လ ၂၂ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဘယ်သူတွေကို ခေါ်ယူစစ်ဆေးနေသလဲဆိုတာ ထုတ်ပြန်ချက်မှာ ပြောထားခြင်း မရှိပါဘူး။

ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ ဒုဥက္ကဋ္ဌ ဦးလူမော်မြင့်မောင်၊ ဦးနေလင်းဇင် အပါအဝင် ဘုရင့်နောင်ကုန်စည်ဒိုင်က ဆန်ကုန်သည်တွေ၊ နယ်က ဆန်ကုန်သည်တွေ၊ ဆန်အကျိုးဆောင် ပွဲစားတွေကိုလည်း ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ဆန်စပါးကုန်သည်များအသင်း၊ ဆန်ကုန်စည်ဒိုင် တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းတွေ ပါဝင်တဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ၂၄ ပြည် ဆန်တအိတ်ကို အနိမ့်ဆုံး ၇ သောင်းကနေ အမြင့်ဆုံး ၁ သိန်း ၄ သောင်းခွဲအထိ ဈေးသတ်မှတ်ခဲ့ပါတယ်။

ဆန်ဈေးတွေဟာ တောက်လျောက်မြင့်တက်နေပြီး၊ လက်ရှိဈေးကွက်မှာ ၂၄ ပြည်ဝင် ဆန်ကြမ်းတအိတ်ကို ကျပ်ငွေ ၉ သောင်းဝန်းကျင်နဲ့ ဆန်ချောတအိတ်ကို ၂ သိန်းနီးပါးနဲ့ ရောင်းဝယ်နေကြပါတယ်။

မြန်မာနိုင်ငံမှာ ဆန်ဈေးသာမက စားသောက်ကုန် ဈေးနှုန်းတွေလည်း အင်မတန်မြင့်တက်နေတယ်လို့ အိမ်ရှင်မတွေက ပြောပြကြပါတယ်။

Forum

XS
SM
MD
LG