သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လွှတ်တော် စီးနင်းစဉ် Nancy Pelosi စားပွဲ ခြေထောက်တင်ခဲ့သူ ပြစ်မှုထင်ရှားစီရင်ခံရ


သမ္မတဟောင်းဒေါ်နယ်ထရမ့်ကိုထောက်ခံသူ၊  Richard Barnett က ၂၀၂၁ ခုနှစ်a ဇန်နဝါရီလ ၆ ရက်နေ့ လွှတ်တော်ကိုဝင်စီးတဲ့ဖြစ်စဉ်အတွင်း အောက်လွှတ်တော်ဥက္ကဋ္ဌရဲ့စားပွဲပေါ်ကို ခြေထောက်တင်ပြီး ဓါတ်ပုံရိုက်ခဲ့ပုံ။
သမ္မတဟောင်းဒေါ်နယ်ထရမ့်ကိုထောက်ခံသူ၊  Richard Barnett က ၂၀၂၁ ခုနှစ်a ဇန်နဝါရီလ ၆ ရက်နေ့ လွှတ်တော်ကိုဝင်စီးတဲ့ဖြစ်စဉ်အတွင်း အောက်လွှတ်တော်ဥက္ကဋ္ဌရဲ့စားပွဲပေါ်ကို ခြေထောက်တင်ပြီး ဓါတ်ပုံရိုက်ခဲ့ပုံ။

[[Zawgyi/Unicode]]

ပြီးခဲ့တဲ့ ၂ဝ၂၁ ဇန်နဝါရီ ၆ နေ့က အမေရိကန်ကွန်ဂရက်လွှတ်တော်ကို ဝင်ရောက်စီးနင်းခဲ့ကြတဲ့အဓိကရုန်းမှာ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ရုံးခန်းထဲဝင်၊ ထိုင်ခုံပေါ်ထိုင်ပြီး စားပွဲပေါ်ခြေထောက်တင် ဓါတ်ပုံရိုက်ခံခဲ့သူအမျိုးသားကို စွဲချက် ၈ ခုနဲ့ အပြစ်ရှိကြောင်း တရားရုံးကဆုံးဖြတ်လိုက်ပါတယ်။

Richard Barnett ဆိုသူကို ဆူပူလှုံ့ဆော်မှု၊ ရဲဘက်ဆိုင်ရာတာဝန်အပေါ် ဝင်ရောက်စွက်ဖက်မှုနဲ့ အစိုးရ တာဝန်တွေကိုနှောင့်ယှက်မှု စတဲ့ပြစ်မှုတွေအပါအဝင် အပြစ်ရှိကြောင်း ဝါရှင်တန်ဒီစီတရားရုံး Jury အဖွဲ့က တနင်္လာနေ့က ဆုံးဖြတ်လိုက်ပါတယ်။ ၂ဝ၂ဝ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ အဲဒီအချိန် သမ္မတလောင်း Joe Biden အနိုင်ရကြောင်း ကွန်ဂရက်က တရားဝင်ကြေညာမယ့်ပွဲကို ဝင်ရောက်ဖျက်ဆီးကြတဲ့ဓါတ်ပုံတွေထဲမှာ အခုအပြစ်ရှိကြောင်းဆုံးဖြတ်ခံရတဲ့ Arkansas ပြည်နယ်က Barnett ရဲ့ ပုံကလည်း ထင်ထင်ရှားရှားပါဝင်ပါတယ်။

သူဟာ လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi မိန့်ခွန်းပြောတဲ့စာရွက်တွေထည့်ထားတဲ့ စာအိတ်ပေါ်မှာ မဖွယ်မရာ စာသားတွေ ရေးထားခဲ့ပါတယ်။ ဒါ့အပြင် စားပွဲပေါ်က စာအိတ်တွေကိုခိုးယူသွားတဲ့အပြင် လမ်းလျှောက်တုတ်ကောက်ပုံစံ သေနတ်ကိုလည်း သယ်ဆောင်လာခဲ့ပါတယ်။ အဲဒီလို လုပ်ခဲ့တဲ့အတွက် သူ့ကို အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ သူ့ကို ဝါရှင်တန်ဒီစီတရားရုံးမှာ ခုခံချေပခွင့် ၂ ပတ်ကြာပေးခဲ့ပြီးမှ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

Barnett ကတော့ သူ့အပေါ်အပြစ်ရှိကြောင်းဆုံးဖြတ်တာဟာ တရားမျှတမှုမရှိတဲ့အတွက် အယူခံဝင်မှာဖြစ်ကြောင်း တရားရုံးအပြင်ဘက်မှာ သတင်းသမားတွေကို ပြောပါတယ်။ အစိုးရရှေ့နေတွေကတော့ သူဟာ တရားရုံးမှာ မျက်မြင်သက်သေတွေကို အကြိမ်ကြိမ်လိမ်လည်ခဲ့ကြောင်းနဲ့ နိုင်ငံရေးနဲ့ဆိုင်တဲ့ဆန္ဒပြပွဲတွေမှာ သေနတ်ကိုင်ဆောင်လေ့ရှိတဲ့ မှတ်တမ်းရှိတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]






XS
SM
MD
LG