သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေခါင္းေဆာင္နဲ႔ အျပန္အလွန္ ယံုၾကည္မႈရရွိခဲ႔လို႔ Danny Fenster လြတ္ေျမာက္ (Bill Richardson)


Danny Fenster, center, hugs his mother Rose Fenster as former U.S. diplomat Bill Richardson, right, looks on at John F. Kennedy Airport in New York, Nov. 16, 2021.

အေမရိကန္ သတင္းသမား Danny Fenster ကို စစ္ေကာင္စီက လႊတ္ေပးလိုက္တဲ့ အေၾကာင္းအရင္းမွာ သူနဲ႔ ျမန္မာစစ္ေခါင္းေဆာင္ ႏွစ္ဦးၾကား အျပန္အလွန္ယံုၾကည္တဲ့ ဆက္ဆံေရးေၾကာင့္ျဖစ္တယ္လို႔ Fenster ကို လႊတ္ေပးဖို႔ ေစ့စပ္ညႇိႏႈိင္းရာမွာ ကူညီခဲ့တဲ့ အေမရိကန္ သံတမန္ေဟာင္း Bill Richardson က အဂၤါေန႔က ေျပာၾကားလိုက္ပါတယ္။

မေန႔က နယူးေရာက္ေလဆိပ္ကို Bill Richardson နဲ႔ အတူေရာက္လာတဲ့ Danny Fenster ကေတာ့ ျမန္မာႏိုင္ငံအတြက္ အလုပ္ေတြဆက္လုပ္ဖို႔ရွိေပမယ့္ ျပည္တြင္းကိုေတာ့ ျပန္သြားမွာမဟုတ္ဘူးလို႔ သတင္းေထာက္ေတြကို ေျပာဆိုခဲ့ပါတယ္။

မအင္ၾကင္းႏိုင္က အျပည့္အစံုကို တင္ျပမွာပါ။

ျမန္မာႏိုင္ငံကေန မေန႔က အေမရိကန္ျပည္ေထာင္စု နယူးေရာက္ကို ျပန္လည္ ေရာက္ရွိလာတဲ့ အေမရိကန္သံတမန္ေဟာင္းလည္းျဖစ္ နယူးမကၠဆီကို ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေဟာင္းလည္းျဖစ္တဲ့ Bill Richardson က ျမန္မာစစ္ေခါင္းေဆာင္နဲ႔ ဆက္ဆံေရးေအာင္ျမင္မႈေၾကာင့္ သူ႔ခရီးစဥ္ ရလာဒ္ေတြရွိခဲ့တာနဲ႔ ပတ္သက္လို႔ အခုလို ေျပာသြားပါတယ္။

“က်ေနာ္နဲ႔ စစ္ဦးစီးခ်ဳပ္ၾကား ယံုၾကည္မႈအတိုင္းအတာ တခုေတာ့ရွိခဲ့တယ္လို႔ က်ေနာ္ထင္ပါတယ္။ သူ႔ကို က်ေတာ္ ေလးေလးစားစား ဆက္ဆံတယ္။ သူကလည္း က်ေနာ္ကို ေလးေလးစားစားဆက္ဆံပါတယ္။ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြ မရေသးတဲ့၊ စားနပ္ရိကၡာေတြ လိုအပ္ေနတဲ့၊ COVAX ကေပးမယ့္ ကိုဗစ္ကာကြယ္ေဆးေတြ မရေသးတဲ့ (၅၅) သန္းေသာ ျမန္မာျပည္သူေတြကို ကူညီဖို႔ ခင္ဗ်ားတို႔ အစိုးရအေနနဲ႔ ကုလသမဂၢေအဂ်င္စီေတြနဲ႔ အတူလက္တဲြ အလုပ္လုပ္ႏိုင္တဲ့ နည္းလမ္းေတြကို ရွာၾကရေအာင္လို႔ က်ေနာ္ေျပာခဲ့ပါတယ္။ အဲဒီလိုေျပာၿပီး ႏွစ္ပတ္အတြင္း အခြင့္အလမ္းေတြပြင့္လာခဲ့ၿပီး တိုးတက္မႈ တခ်ဳိ႕ရခဲ့ပါတယ္။”

ဒါေပမဲ့လည္း သူ႔ရဲ႕ခရီးစဥ္ အဓိက အေၾကာင္းအရင္းျဖစ္တဲ့ ျမန္မာျပည္သူေတြအတြက္ ကိုဗစ္-၁၉ ကာကြယ္ေဆး အကူအညီေပးဖို႔နဲ႔ လူသားခ်င္းစာနာမႈအကူအညီေတြကိစၥမွာ ရည္မွန္းတဲ့အတိုင္းျဖစ္မလာေပမဲ့ Danny Fenster နဲ႔ Richardson Foundation က ျမန္မာႏုိင္ငံေျခစိုက္ ဝန္ထမ္းတဦးျဖစ္သူ မေအးမိုးတို႔ ကို စစ္ေကာင္စီကလႊတ္ေပးလိုက္တာကိုေတာ့ ေအာင္ျမင္မႈရလဒ္အျဖစ္ Bill Richardson က အခုလိုေျပာသြားပါတယ္။

“ျမန္မာႏိုင္ငံအတြင္း အကူအညီေပးေရးကိစၥမွာ တိုးတက္မႈ အနည္းငယ္ေလာက္ပဲ လုပ္ခဲ့ေပမယ့္ Danny Fenster နဲ႔ ျမန္မာတဦးျဖစ္တဲ့ မေအးမိုးတို႔ လြတ္ေျမာက္ေအာင္ က်ေနာ္တို႔ လုပ္ခဲ့ပါတယ္။ ဒါဟာ အေမရိကန္ႏိုင္ငံသားတဦးကိစၥ သက္သက္မဟုတ္ပါဘူး။ အျခားလူအားလံုးနဲ႔လည္း သက္ဆိုင္ပါတယ္။”

တကယ္တမ္းမွာေတာ့ Bill Richardson ရဲ႕ တိုေတာင္းတဲ့ျမန္မာခရီးစဥ္ ႏွစ္ႀကိမ္လံုး အေမရိကန္ႏိုင္ငံျခားေရးဌာနတေလ်ာက္လံုးအဆက္အသြယ္ရွိခဲ့ေပမယ့္ Danny Fenster လြတ္ေျမာက္ေရးကိစၥ မေျပာဖို႔ အေမရိကန္ႏိုင္ငံျခားေရးဌာနက သူ႔ကို တားျမစ္ခဲ့တာျဖစ္ပါတယ္။ ဒါနဲ႔ ပတ္သက္လို႔လည္း Richardson က အခုလိုေျပာပါတယ္။

“ပထမတႀကိမ္ခရီးစဥ္မွာ သူတို႔ေျပာတာက- လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာကိစၥနဲ႔ ပတ္သက္တဲ့ ခရီးစဥ္ျဖစ္တဲ့အတြက္ သူတို႔ ေထာက္ခံပါတယ္။ ဒါေပမယ့္ Danny ကိစၥကိုေတာ့ မေျပာပါနဲ႔။ ဒီကိစၥကို မေဆြးေႏြးပါနဲ႔ လို႔ ေျပာပါတယ္။ ဒါကိုလည္း က်ေနာ္ အေလးထားပါတယ္။ ဒါေပမဲ့ က်ေနာ္တို႔ၾကားေဆြးေႏြးရာမွာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာကိစၥရပ္ေတြနဲ႔ ပတ္သက္လို႔ တိုးတက္မႈေတြရွိလာတာကို က်ေနာ္ျမင္ခဲ့တဲ့အတြက္ Danny နဲ႔ မေအးမိုးတို႔ လြတ္ေျမာက္ဖို႔ က်ေနာ္ရေအာင္ေဆြးေႏြးခဲ့တာပါ။”

အေမရိကန္ႏိုင္ငံျခားေရးဌာနအေနနဲ႔ Danny Fenster လြတ္ေျမာက္ေရးအတြက္ အျခားနည္းလမ္းေတြနဲ႔ ႀကိဳးစားႏိုင္မယ္လို႔ ျမင္ေပမယ့္ သူ႔ကေတာ့ အခြင့္ရတုန္း ျမန္မာစစ္ေခါင္းေဆာင္ကို ရေအာင္ေျပာဆိုခဲ့တာျဖစ္တယ္လို႔ Bill Richardson က ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္နဲ႔ သူ ဘာေတြေဆြးေႏြးခဲ့သလဲဆိုတဲ့အပိုင္းမွာေတာ့ ႏွစ္ဦးၾကား သီးသန္႔ေျပာဆိုခဲ့တာေတြျဖစ္တဲ့အတြက္ ေျပာျပလို႔ မရႏိုင္ဘူးလို႔ Bill Richardson က ဆိုပါတယ္။

အင္းစိန္အက်ဥ္းေထာင္မွာ ေျခာက္လနီးပါး အက်ဥ္းက်ခံရၿပီးေနာက္ လြတ္ေျမာက္လာခဲ့တဲ့ Danny Fenster ကေတာ့ နယူးေရာက္ၿမိဳ႕ JFK အျပည္ျပည္ဆိုင္ရာေလဆိပ္ကို အဂၤါေန႔မနက္ပိုင္းက Bill Richardson နဲ႔ အတူ ေရာက္လာခ်ိန္မွာ ျမန္မာႏိုင္ငံအတြက္ အလုပ္ေတြ ဆက္ၿပီးလုပ္ေဆာင္ဖို႔ရွိေၾကာင္း သတင္းေထာက္ေတြကို အခုလိုေျပာသြားပါတယ္။

"အလုပ္က မၿပီးေသးဘူး။ သတင္းစာရွင္းလင္းပဲြမွာ ေျပာခဲ့သလိုပဲ ဒီမွာရွိတဲ့ သူငယ္ခ်င္းေတြနဲ႔ ဆက္သြယ္ဖို႔ လိုပါတယ္။ အဲဒီလူေတြအားလုံးနဲ႔ က်ေနာ္ ျပန္ဆက္သြယ္ခ်င္ပါတယ္။ နယ္စပ္ဖက္ကို ေရာက္သြားတဲ့ သူငယ္ခ်င္းေတြအမ်ားႀကီးရွိပါေသးတယ္။ ေနာက္ဘာဆက္ျဖစ္မလဲဆိုတာ အေျဖရွာဖို႔ ႀကိဳးစားေနပါတယ္။”

ၿပီးခဲ့တဲ့ ေသာၾကာေန႔က ေထာင္ဒဏ္ ၁၁ ႏွစ္ခ်မွတ္ခံရၿပီးေနာက္ လြတ္ေျမာက္လာခဲ့တဲ့ အေမရိကန္စာနယ္ဇင္းသမား Danny Fenster ကေတာ့ သူလြတ္လာတဲ့အေပၚမွာ မယံုၾကည္ႏိုင္ေအာင္ေလာက္ ျဖစ္ခဲ့ၿပီး ဝိုင္း၀န္္းကူညီသူေတြကိုလည္း ေက်းဇူးတင္ရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။

----------------------

မြန်မာစစ်ခေါင်းဆောင်နဲ့ အပြန်အလှန် ယုံကြည်မှုရရှိခဲ့လို့Danny Fenster လွတ်မြောက် (Bill Richardson)

အမေရိကန် သတင်းသမား Danny Fenster ကို စစ်ကောင်စီက လွှတ်ပေးလိုက်တဲ့ အကြောင်းအရင်းမှာ သူနဲ့ မြန်မာစစ်ခေါင်းဆောင် နှစ်ဦးကြား အပြန်အလှန်ယုံကြည်တဲ့ ဆက်ဆံရေးကြောင့်ဖြစ်တယ်လို့ Fenster ကို လွှတ်ပေးဖို့ စေ့စပ်ညှိနှိုင်းရာမှာ ကူညီခဲ့တဲ့ အမေရိကန် သံတမန်ဟောင်း Bill Richardson က အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။

မနေ့က နယူးရောက်လေဆိပ်ကို Bill Richardson နဲ့ အတူရောက်လာတဲ့ Danny Fenster ကတော့ မြန်မာနိုင်ငံအတွက် အလုပ်တွေဆက်လုပ်ဖို့ရှိပေမယ့် ပြည်တွင်းကိုတော့ ပြန်သွားမှာမဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

မြန်မာနိုင်ငံကနေ မနေ့က အမေရိကန်ပြည်ထောင်စု နယူးရောက်ကို ပြန်လည် ရောက်ရှိလာတဲ့ အမေရိကန်သံတမန်ဟောင်းလည်းဖြစ် နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့ Bill Richardson က မြန်မာစစ်ခေါင်းဆောင်နဲ့ ဆက်ဆံရေးအောင်မြင်မှုကြောင့် သူ့ခရီးစဉ် ရလာဒ်တွေရှိခဲ့တာနဲ့ ပတ်သက်လို့ အခုလို ပြောသွားပါတယ်။

“ကျနော်နဲ့ စစ်ဦးစီးချုပ်ကြား ယုံကြည်မှုအတိုင်းအတာ တခုတော့ရှိခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ သူ့ကို ကျတော် လေးလေးစားစား ဆက်ဆံတယ်။ သူကလည်း ကျနော်ကို လေးလေးစားစားဆက်ဆံပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မရသေးတဲ့၊ စားနပ်ရိက္ခာတွေ လိုအပ်နေတဲ့၊ COVAX ကပေးမယ့် ကိုဗစ်ကာကွယ်ဆေးတွေ မရသေးတဲ့ (၅၅) သန်းသော မြန်မာပြည်သူတွေကို ကူညီဖို့ ခင်ဗျားတို့ အစိုးရအနေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ အတူလက်တွဲ အလုပ်လုပ်နိုင်တဲ့ နည်းလမ်းတွေကို ရှာကြရအောင်လို့ ကျနော်ပြောခဲ့ပါတယ်။ အဲဒီလိုပြောပြီး နှစ်ပတ်အတွင်း အခွင့်အလမ်းတွေပွင့်လာခဲ့ပြီး တိုးတက်မှု တချို့ရခဲ့ပါတယ်။”

ဒါပေမဲ့လည်း သူ့ရဲ့ခရီးစဉ် အဓိက အကြောင်းအရင်းဖြစ်တဲ့ မြန်မာပြည်သူတွေအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး အကူအညီပေးဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေကိစ္စမှာ ရည်မှန်းတဲ့အတိုင်းဖြစ်မလာပေမဲ့ Danny Fenster နဲ့ Richardson Foundation က မြန်မာနိုင်ငံခြေစိုက် ဝန်ထမ်းတဦးဖြစ်သူ မအေးမိုးတို့ ကို စစ်ကောင်စီကလွှတ်ပေးလိုက်တာကိုတော့ အောင်မြင်မှုရလဒ်အဖြစ် Bill Richardson က အခုလိုပြောသွားပါတယ်။

“မြန်မာနိုင်ငံအတွင်း အကူအညီပေးရေးကိစ္စမှာ တိုးတက်မှု အနည်းငယ်လောက်ပဲ လုပ်ခဲ့ပေမယ့် Danny Fenster နဲ့ မြန်မာတဦးဖြစ်တဲ့ မအေးမိုးတို့ လွတ်မြောက်အောင် ကျနော်တို့ လုပ်ခဲ့ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံသားတဦးကိစ္စ သက်သက်မဟုတ်ပါဘူး။ အခြားလူအားလုံးနဲ့လည်း သက်ဆိုင်ပါတယ်။”

တကယ်တမ်းမှာတော့ Bill Richardson ရဲ့ တိုတောင်းတဲ့မြန်မာခရီးစဉ် နှစ်ကြိမ်လုံး အမေရိကန်နိုင်ငံခြားရေးဌာနတလျောက်လုံးအဆက်အသွယ်ရှိခဲ့ပေမယ့် Danny Fenster လွတ်မြောက်ရေးကိစ္စ မပြောဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက သူ့ကို တားမြစ်ခဲ့တာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း Richardson က အခုလိုပြောပါတယ်။

“ပထမတကြိမ်ခရီးစဉ်မှာ သူတို့ပြောတာက- လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စနဲ့ ပတ်သက်တဲ့ ခရီးစဉ်ဖြစ်တဲ့အတွက် သူတို့ ထောက်ခံပါတယ်။ ဒါပေမယ့် Danny ကိစ္စကိုတော့ မပြောပါနဲ့။ ဒီကိစ္စကို မဆွေးနွေးပါနဲ့ လို့ ပြောပါတယ်။ ဒါကိုလည်း ကျနော် အလေးထားပါတယ်။ ဒါပေမဲ့ ကျနော်တို့ကြားဆွေးနွေးရာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်လို့ တိုးတက်မှုတွေရှိလာတာကို ကျနော်မြင်ခဲ့တဲ့အတွက် Danny နဲ့ မအေးမိုးတို့ လွတ်မြောက်ဖို့ ကျနော်ရအောင်ဆွေးနွေးခဲ့တာပါ။”

အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ Danny Fenster လွတ်မြောက်ရေးအတွက် အခြားနည်းလမ်းတွေနဲ့ ကြိုးစားနိုင်မယ်လို့ မြင်ပေမယ့် သူ့ကတော့ အခွင့်ရတုန်း မြန်မာစစ်ခေါင်းဆောင်ကို ရအောင်ပြောဆိုခဲ့တာဖြစ်တယ်လို့ Bill Richardson က ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူ ဘာတွေဆွေးနွေးခဲ့သလဲဆိုတဲ့အပိုင်းမှာတော့ နှစ်ဦးကြား သီးသန့်ပြောဆိုခဲ့တာတွေဖြစ်တဲ့အတွက် ပြောပြလို့ မရနိုင်ဘူးလို့ Bill Richardson က ဆိုပါတယ်။

အင်းစိန်အကျဉ်းထောင်မှာ ခြောက်လနီးပါး အကျဉ်းကျခံရပြီးနောက် လွတ်မြောက်လာခဲ့တဲ့ Danny Fenster ကတော့ နယူးရောက်မြို့ JFK အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အင်္ဂါနေ့မနက်ပိုင်းက Bill Richardson နဲ့ အတူ ရောက်လာချိန်မှာ မြန်မာနိုင်ငံအတွက် အလုပ်တွေ ဆက်ပြီးလုပ်ဆောင်ဖို့ရှိကြောင်း သတင်းထောက်တွေကို အခုလိုပြောသွားပါတယ်။

"အလုပ်က မပြီးသေးဘူး။ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့သလိုပဲ ဒီမှာရှိတဲ့ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ လိုပါတယ်။ အဲဒီလူတွေအားလုံးနဲ့ ကျနော် ပြန်ဆက်သွယ်ချင်ပါတယ်။ နယ်စပ်ဖက်ကို ရောက်သွားတဲ့ သူငယ်ချင်းတွေအများကြီးရှိပါသေးတယ်။ နောက်ဘာဆက်ဖြစ်မလဲဆိုတာ အဖြေရှာဖို့ ကြိုးစားနေပါတယ်။”

ပြီးခဲ့တဲ့ သောကြာနေ့က ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရပြီးနောက် လွတ်မြောက်လာခဲ့တဲ့ အမေရိကန်စာနယ်ဇင်းသမား Danny Fenster ကတော့ သူလွတ်လာတဲ့အပေါ်မှာ မယုံကြည်နိုင်အောင်လောက် ဖြစ်ခဲ့ပြီး ဝိုင်းဝန်းကူညီသူတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG