သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Racin အဆိပ်ပါစာတွေ သမ္မတ Trump နဲ့ ပင်တာဂွန်ဆီ ရောက်လာ


ပင်တာဂွန်သို့ရောက်လာသော စာများကို စစ်ဆေးနေစဉ် ( အောက်တိုဘာလ ၂ ရက်နေ့ ).
ပင်တာဂွန်သို့ရောက်လာသော စာများကို စစ်ဆေးနေစဉ် ( အောက်တိုဘာလ ၂ ရက်နေ့ ).

ပြင်းထန်တဲ့ အဆိပ်တမျိုးဖြစ်တဲ့ Ricin အမှုန့်တွေပါတဲ့ စာအိတ်တခုကို သမ္မတ Donald Trump ထံ လိပ်မူပြီး ပေးပို့ခဲ့ပါတယ်။ ဒါဟာ အစောပိုင်းက ပင်တဂွန် အမေရိကန်စစ်ဌာနချုပ်ကို ပေးပို့စဉ် ကြားဖြတ် ဖော်ထုတ်နိုင်ခဲ့တဲ့ စာ ၂ စောင်နဲ့ ဆက်နွယ်မှုရှိမယ်လို့ ယူဆနေကြပါတယ်။

သမ္မတထံလိပ်မူပြီး အောက်တိုဘာ ၁ ရက်နေ့ ရက်စွဲနဲ့ ပေးပို့လိုက်တဲ့ မသင်္ကာဖွယ်ရာအမှုန့်တွေ ပါဝင်တဲ့ စာအိတ်ကို သမ္မတရဲ့ အထူးလုံခြုံရေးတပ်ဖွဲ့က လက်ခံရရှိခဲ့တယ်ဆိုတာကို အတည်ပြု ပြောကြားနိုင်ကြောင်း အထူးလုံခြုံရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အဲဒီ စာအိတ်ကို အိမ်ဖြူတော်မှာ လက်ခံရရှိခဲ့တာ မဟုတ်သလို၊ အိမ်ဖြူတော်ဝင်းအတွင်းကိုလည်း အဲဒီ စာအိတ် ရောက်မလာခဲ့ဘူးလို့ ဆိုပါတယ်။

ပင်တာဂွန် စစ်ဌာနချုပ်ကို ပေးပို့ခဲ့တဲ့ စာတွေကို ကာကွယ်ရေးဝန်ကြီး Jim Mattis နဲ့ ရေကြောင်းစစ်ဆင်ရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး John Richardson တို့ဆီလိပ်မူထားတာ ဖြစ်ပြီး အဲဒီစာ တွေမှာ ricin အဆိပ်ပါနေတာကိုတွေ့ရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေက VOA ကို အတည်ပြုပြောဆိုပါတယ်။

အဲဒီစာအိပ်တွေကို FBI က ယူသွားပြီး နောက်ထပ် စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဖို့ ရှိကြောင်းလည်း ပင်တာဂွန်ပြောခွင့်ရ ဗိုလ်မှုးကြီး Rob Manning ကပြောပါတယ်။

Racin အဆိပ်ပါစာတွေ သမ္မတ Trump နဲ့ ပင်တာဂွန်ဆီ ရောက်လာ
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG