သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rio အိုလံပစ် ဂျာမနီနဲ့ ဆွီဒင် အမျိုးသမီးဘောလုံးအသင်းတွေ ဖိုင်နယ်လ်တက်


Rio Olympics Soccer Women: Brazil's Marta, left, leaps over Sweden goalkeeper Hedvig Lindahl as she attempts a shot on goal during a group E match of the women's Olympic football tournament between Sweden and Brazil at the Rio Olympic Stadium in Rio De Ja
Rio Olympics Soccer Women: Brazil's Marta, left, leaps over Sweden goalkeeper Hedvig Lindahl as she attempts a shot on goal during a group E match of the women's Olympic football tournament between Sweden and Brazil at the Rio Olympic Stadium in Rio De Ja

Brazil နိုင်ငံမှာ အင်္ဂါနေ့တုန်းက ၁၁ ရက်မြောက်ကျင်းပနေတဲ့ Rio အိုလံပစ်မှာ ရွှေတံဆိပ်ဆု ၂၇ ဆုအတွက် ပြိုင်ဆိုင်နေကြပါတယ်။ အင်္ဂါနေ့ နေ့လည်ပိုင်းက အမျိုးသမီး ဘောလုံးဆီမီးဖိုင်နယ်ပွဲမှာ Sweden အသင်းက အိမ်ရှင် Brazil အသင်းကို ပယ်နယ်တီ မှာ တဂိုးအသာကန်ပြီး ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားတဲ့အတွက် ဖိုင်နယ်ကို တက်သွားပါပြီ။ Maracanã အားကစားကွင်းမှာ ကန်ကြတဲ့ပွဲမှာ အချိန်ပိုကစားပြီးချိန်အထိ ၂ ဖက်ဂိုး မရတဲ့အတွက် ပယ်နယ်တီ ကန်ပြီး အနိုင်အရှုံး ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်။

ကနေဒါနဲ့ ဂျာမနီအသင်းတို့ Mineirão (Mee Nay Rao) အားကစားကွင်းမှာ ကစားကြတဲ့ အမျိုးသမီး နောက်ဆီးမီးဖိုင်နယ်ပွဲမှာတော့ ဂျာမနီအသင်းက ၂ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ဖိုင်နယ်တက်သွားပါတယ်။ ဒါကြောင့် သောကြာနေ့ကျရင် Sweden နဲ့ ဂျာမနီတို့ အိုလံပစ်အမျိုးသမီးဘောလုံး ချန်ပီယံ လုကြရမှာဖြစ်ပါတယ်။

အမျိုးသားဘောလုံး ဆီမီးဖိုင်နယ်ကိုတော့ Brazil နဲ့ Hondurus၊ Nigeria နဲ့ ဂျာမနီတို့ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ကန်ကြမှာဖြစ်ပါတယ်။ ဒီကနေ့ ပြေးခုန်ပြိုင်ပွဲတွေထဲ အမျိုးသား မီတာ ၅၀၀၀ ပြေးပွဲမှာ မြန်မာအသင်းက ကိုဆန်းနိုင်နဲ့ အမျိုးသမီး မီတာ ၈၀၀ ပြေးပွဲမှာ မဆွေလီမြင့်တို့ ဝင်ရောက်ပြိုင်ကြမှာဖြစ်ပါတယ်။

သူတို့ ၂ ယောက်လုံး Heat အစမ်းပြိုင်ပွဲတွေကို အရင်ပြိုင်ပြီး အနိုင်ရတဲ့အပေါ်မူတည်ပြီး နောက်အဆင့်တွေတက်သွားမှာ ဖြစ်တယ်လို့ Rio မှာရောက်နေတဲ့ မြန်မာအိုလံပစ်အသင်းတာဝန်ရှိသူ ဦးသက်လွင်က VOA မြန်မာပိုင်းကိုပြောပါတယ်။ အမြဲမပြတ် လေ့ကျင့်နေတဲ့အတွက် သူတို့ဖက်ကတော့ အဆင်သင့်ဖြစ်နေပြီလို့လဲ ပြောပါတယ်။ ဆုတံဆိပ်ဇယားကို ကြည့်မယ်ဆိုရင်တော့ လောလောဆယ်မှာ အမေရိကန်က ရွှေတံဆိပ် ၂၈ ဆုအပါအဝင် ဆုအများဆုံးဖြစ်နေပါတယ်။

အမေရိကန် ဂျွမ်းဘားမယ် Simone Biles ကလည်း ၂၀၁၆ Rio အိုလံပစ်မှာ ၄ ခုမြောက် ရွှေတံဆိပ်ကို အင်္ဂါနေ့က ရရှိခဲ့တာပါ။ ဒုတိယ ရွှေတံဆိပ်အများဆုံးကဗြိတိန်နိုင်ငံဖြစ်ပြီး ရွှေတံဆိပ် ၁၉ ဆုရထားပါတယ်။ တရုတ်နိုင်ငံကလည်း ရွှေတံဆိပ် ၁၆ ခုနဲ့ တတိယနေရာမှာ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG