သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ် အားကစားပွဲတော် ဆန္ဒပြပွဲတွေနဲ့ ကြုံ


ရဲ အစောင့်အကျပ်များနှင့် အိုလံပစ်မီးရှုး သယ်ဆောင်လာစဉ်။ (သြဂုတ် ၃၊ ၂၀၁၆)
ရဲ အစောင့်အကျပ်များနှင့် အိုလံပစ်မီးရှုး သယ်ဆောင်လာစဉ်။ (သြဂုတ် ၃၊ ၂၀၁၆)

အိုလံပစ်အားကစားပြိုင်ပွဲတွေ ကျင်းပမယ့် ဘရာဇီးနိုင်ငံ Rio de Janeiro မြို့ကို ဗုဒ္ဓဟူးနေ့က အိုလံပစ်မီးရှူးတိုင် သယ်ဆောင်လာချိန်မှာ ဒေါသတကြီး ဆန္ဒပြကြသူတွေ အများအပြားနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘရာဇီးအစိုးရအနေနဲ့ အိုလံပစ်အားကစားပွဲတော်ကို ဒေါ်လာ သန်းထောင်ချီ အကုန်အကျခံ ကျင်းပဖို့ပြင်ဆင်နေပြီး စီးပွားရေးအကျပ်အတည်းဆိုက်နေတဲ့ တိုင်းပြည်မှာ လူမှုရေးနဲ့ စီးပွားရေး အခြေအနေ တိုးတက်ကောင်းမွန်လာအောင် မဆောင်ရွက်တဲ့အပေါ် လူထုတွေက မကျေမနပ် ဖြစ်နေကြတာပါ။

အိုလံပစ်မီးရှူးတိုင်ကိုတော့ ဘရာဇီး လှေလှော်ရွက်တိုက် အားကစားသမား ၇ ဦးက နီတယ်ရွိုင် Niteroi မြို့ကနေ သမိုင်းဝင် Rio ရေတပ်စခန်းရှိရာကို ရွက်လွှင့် သယ်ဆောင် လာခဲ့ပြီးတဲ့နောက် လှေလှော်ရွက်တိုက် အားကစားသမားတွေ ဖြစ်ကြတဲ့ Torben နဲ့ Lars Grael တို့က Rio မြို့တော်ဝန် Eduardo Paes ထံ လက်ဆင့်ကမ်း ပေးအပ်ခဲ့ပါတယ်။

ဒီမီးရှူးတိုင် သယ်ဆောင်ရာ လမ်းတလျှောက် အိုလံပစ်ပွဲတော်ကို ကန့်ကွက်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ သုံးပြီး ဖယ်ရှားခဲ့ပါတယ်။ ဘရာဇီးနိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ ဒေါ်လာ သန်းပေါင်း ၁၂,၀၀၀ အကုန်အကျခံ ကျင်းပမယ့် အိုလံပစ်အားကစားပွဲတွေကို ဆန္ဒပြသူတွေက မကျေမနပ် ကန့်ကွက်နေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG